Splinterlands ကိုဆော့ ပြီးတော့ dec စျေးတွေတက် card တွေ စျေးတွေ တက်တော့ မြို့နဲ့ အလှမ်းဝေးပေမဲ့ နေစရာလေး တစ်နေရာ ကောက်ရှာဝယ်လိုက်သည် ။ အဖေ နဲ့ အမေ ဆုံးသွားပြီးတော့ တစ်ယောက်ထဲ ဖြစ်နေတာလဲ ပါတာပေါ့ ။ တစ်ယောက်ထဲဖြစ်နေတော့ နှစ်ယောက်ဖြစ်လာရင် ခက်မယ်လေ 😁😁😁 ။ ဒါနဲ့ဘဲ ဆော့လာတဲ့ splinterlands အကောင့်ထဲက တစ်ကောင့်ရောင်းလိုက်တယ်ဆိုပါတော့ ။
ဒီလိုနဲ့ ဂရံပေါက်တွေ ဘာတွေ မဟုတ်ပေမဲ့ နေစရာ နေရာလေး တစ်ခု ရပြီဆိုတော့ တဲလေးဘဲ ဖြစ်ဖြစ် ဆောက်ရဦးမှပေါ့ ။ မဟုတ် မြေကြီးပေါ်အိပ်လို့မှ အဆင်မပြေတာ ။ ဒီလိုနဲ့ တဲလေးဆောက်ဖို့ သူငယ်ချင်းကို အကူညီတောင်းပြီး free ဆောက်ခိုင်းလိုက်တယ် ဆိုလျှင်ဘဲ ကျေးဇူးကြီးမား သူငယ်ချင်းများက ကူညီကြရှာပါတယ် ။ လက်သမား တတ်ထားပြီး ကူညီတတ်တဲ့ သူငယ်ချင်းလေးတွေ ရှိလို့ တော်သေးတာပေါ့ ။
တဲလေး ဆောက်မယ် ဆိုပြန်တော့ အမိုး အကာ အခင်းဖိုးတွေ လိုပြန်တော့ ဆော့နေကျ အကောင့်ထဲက sps တွေ ထုတ်ရောင်းရပြန်ရော ။ ဟော sps တွေ စျေးကျနေလေရဲ့ ဒါနဲ့ဘဲ အချေးအငှါး လေးတွေနဲ့ ဆက်ဆောက်ရင်း အကြွေးရှိရင် မနေတတ်တဲ့ ကျွန်တော် ကဒ်လေးတွေ ထုတ်ရောင်းရင်း ဆပ်လိုက်ပြန်တာပေါ့ ။
ဟိုက် ဘာလိုလို နဲ့ splinterlands အကောင့်တောင် တော်တော်သေးသွားပါလား ။ ကြားထဲ မအားမအား နဲ့ မဆော့ဖြစ်တာလေးတွေ နဲ့ဆိုတော့ ဆော့ဖြစ်အောင်တော့ တစ်ရက်ငါးပွဲ ပြန်ဆော့အုံးမှပါလေ ။