တဲလေးဆောက်ပြီးတော့ ပစ္စည်းလေးတွေ ဝယ်စရာရှိတာဝယ် တောင်းလို့ ရတန်တာတောင်း ဓါးပြတိုက်သလို မစရာရှိတာ မချလာပြီးတော့ စုံလောက်ပြီအထင်နဲ့ တဲမှာ စအိပ်ပါလေရော ။ ဇာတ်လမ်းက အဲ့ဒီမှာစပြီ ဘုရားပန်းလှူမယ်လုပ်တော့ ပန်းအိုးပါပြီး ပန်းပါမလာဘူး အယ်ဘုရားလဲ မပင့်လာရသေးဘူးဘဲ 😁😁😁 ။
ထူးပါဘူး ပန်းကန်လေးတွေ ဆေးမယ်ဆိုပြန်တော့ ဇလုံက မရှိ ။ တော်ပါသေးရဲ့ ဒန်အိုးတော့ရှိပါရဲ့ ။ ထမင်းလေး မချက်တတ်ချက်တတ် ခပ်တူးတူး မာမာလေးချက်ပြီးတော့ အနားက ဘုန်းကြီးကျောင်း တောကျောင်းလေး သွားပို့ ။ ပြီးမှ စားကြည့်တော့ ထမင်းက 😁😁😁 ။
![IMG_20211210_171844.jpg](
ဟင်းကတော့ ကိစ္စသိပ်မရှိ ကြက်ဥကို နှစ်မျိုးကြော်တတ်သည် ။ ရိုးရိုး ဖောက်ထည့်ပြီးကြော်တာရယ် မကြော်ခင် ပန်းကန်ထဲထည့် မြေွှပြီးကြော်တာရယ် ။ ဒီလိုနဲ့ အဆင်ပြေမယ်ထင်ထားပေမဲ့ ဒယ်အိုးမီးဖိုပေါ်က ချစရာ လက်နီးက မရှိ အရွှက်တွေပြေးကောက်ချရ ။ ဒီလိုနဲ့ အပူတွေလောင်ပြီးတော့ ဘယ်ဆိုင်ကမှနဲ့ မတူတဲ့ ထမင်းဆီဆမ်း အစစ် လေးစားလိုက်လေသည် ။ မစစ်မှာစိုးလို့ ဆားပင်မဖြူးလိုက် ဆားဝယ်ရဦးမှာဘဲ ။
ဒီလိုနဲ့ ကမောက်ကမများနဲ့ ပထမနေ့ တစ်ပိုင်းလေးပါ ကျန်တာတော့ အဆင်ပြေအောင် နေရမှာပါဘဲလေ ။