Blockchain နည်းပညာကား တဖြည်းဖြည်းနဲ့ ကို ကြီးမား ကျယ်ပြန့် လာခဲ့ပြီ ဖြစ်။ Blockchain social media တွေကနေတဆင့် Blockchain games တွေ အထိ အဆင့်ဆင့် ထွန်းကား ကျယ်ပြန့်လာခဲ့၏။ 2022 ကတော့ Blockchain ခေတ် တခေတ် ဖြစ်လာမည် ထင်မိ၏။ တလောက YouTube ကနေ video တခု တွေ့မိ၏။ Blockchain game တခု ဖြစ်၏။ စိတ်လည်း ဝင်စားမိသွား၏။ လက်ရှိ အချိန်အထိ ကျနော် တွေ့ဖူး မြင်ဖူးထားတာတွေက 2D blockchain games တွေသာ များတာကိုး။ ကျနော့် လေ့လာမှု အားနည်းလို့ရယ်လားတော့ မသိ ခုထိတော့ 3D game တွေ မတွေ့မိသေးပေ။
ယခုဂိမ်းက ထူးခြားနေ၏။ 3D ဖြစ်၏။ 3D ကိုမှ Moba game ဖြစ်၏။ Mobile Legend နှင့် LOL ဆော့ကစားသူတို့ အကြိုက် တွေ့နိုင်သည့် ဂိမ်းမျိုး ဖြစ်၏။ ယခုဂိမ်းက Dota နှင့် LOL ကို ပုံစံ ယူထားသည့် Moba game အမျိုး အစား ဖြစ်၏။ မတူတာက သူက NFT (non-fungible token) ပါနေသည့် ဂိမ်း ဖြစ်၏။ Blockchain game မလား။ ဂိမ်းနာမည်က League of Ancients (LOA) ဖြစ်၏။ အဆိုပါ ဂိမ်းက LOA token ထုတ်ထား၏။ လက်ရှိ ချိန်မှာတော့ ဂိမ်းကို ဆော့လို့ရဦးမည် မဟုတ် သေးပေ။ 2022 မှာမှ ဆော့ကစားလို့ ရမည်ဖြစ်၏။ ခုချိန်မှာတော့ development state မှာသာ ရှိသေး၏။ သူတို့၏ road map အတိုင်း တဆင့်ချင်းစီ သွားနေပြီ ဖြစ်၏။
ဂိမ်းက 2022 မှာမှကို ဘာလို့ အခု ပြောနေတာလည်း ဆိုတော့ ကြိုတင် သိရှိ ပြင်ဆင် ထားစေချင်လို့ ဖြစ်၏။ လက်ရှိမှာ ဂိမ်းက LOA token ကို private sale အနေနှင့် စတင်တော့မည် ဖြစ်၏။ ထို့ပြင် သတ်မှတ် ထားသည့် အချိန် အတိုင်းအတာ တခုအထိ refer system လည်း ထည့်ပေးထား၏။ ဟော လာပြီ refer ဟုလို့တော့ မိတ်ဆွေတို့ ပြောကြမည် ထင်။ ဒါကလည်း သူတို့ ဂိမ်းကို လူသိများအောင် marketing ဆင်းသည့် သဘောမျိုးပဲ မဟုတ်လား။ ကိုယ်က ထပ်ဆင့် sharing လုပ်ပေး ခြင်းဖြင့် LOA token ရလည်း မခါးလှပေ။
အရှေ့တောင် အာရှမှာတော့ ML ဂိမ်းကို အတော်လေး ဆော့ကြ၏။ pro playler, streamer, caster တွေ အဖို့ အဆိုပါဂိမ်းကနေ အကျိုးအမြတ် ရကြ၏။ သာမန် ကစားသမား အဖို့တော့ ပျော်ရွှင်ခြင်း စိတ်အပန်းဖြေစရာ ဖြစ်ခြင်းတို့ ဖြစ်စေ၏။ ထိုထက်ပို၍ အကျိုးအမြတ် တစုံတရာ မရပေ။
ခု LOA ကတော့ ထိုသို့ မဟုတ်ပေ။ ဂိမ်း ကစားရင်း reward ရနိုင်ပြီ ဖြစ်၏။ သာမန် ကစားသမား ဖြစ်နေလည်း ကိုယ် ကစားရင် ကစားသလို ထိုက်သင့်သည့် reward ပြန်ရမည် ဖြစ်၏။ ဆိုလိုတာက ဂိမ်းနိုင်လျှင် LOA token ရမည် ဆိုသည့် သဘောပင်။
ရိုးရိုး hero နှင့် နိုင်ပြီး ရသည့် reward နှင့် skin ဝတ် hero နှင့် နိုင်ပြီး ရသည့် reward က မတူပေ။ skin သမားက ပိုရမည် ဖြစ်၏။ ဘာပဲဖြစ်ဖြစ် ဂိမ်းကစားရင်းကနေ reward တခုခု ရမည်ဆိုလျှင်တော့ မဆိုးလှပေ။
ရင်းနှီးရသည့် အကိုတယောက် (ကိုဟင်) ပြောသလိုပေါ့။ ယခင်က ဂိမ်းမဆော့ နဲ့ဟု တားနေရာကနေ ခုတော့ ဂိမ်းဆော့ပြီး အပိုဝင်ငွေလည်း ဘာလေး ရှာပါလားဟု ပြောယူရမည် ထင်။
LOA ၏ official website link ကို တပါတည်း ဖော်ပြပေးလိုက်ပါတယ်။ စိတ်ဝင်စားရင် refer ရှာ၍သော် လည်းကောင်း၊ private sale မှာ register လုပ်ပြီး LOA ရသလောက် စုထားခြင်းဖြင့် လည်းကောင်း 2022 ဂိမ်း စတင်မည့် အချိန်ကို စောင့်ကြည့်နိုင်၏။
LOA token free ရယူနိုင်ဖို့ ကိုယ့်မှာ wallet တခုခု တော့ ရှိထားဖို့ လို၏။ Atomic wallet, Trust wallet, Metamask အစရှိသည့် wallet တခုခု ကို သုံးနိုင်၏။ LOA refer system မှာ ပါဝင်နိုင်ဖို့က LOA ၏ telegram group မှာ join ပြီး tweeter မှာ follow လုပ်ပေးလျှင် ရပြီ ဖြစ်၏။ မိတ်ဆွေ တယောက် invite လုပ်နိုင်ရင် LOA token 10 ခု ရမည် ဖြစ်၏။ လက်ရှိမှာတော့ 1 LOA token ကို 0.05$ သတ်မှတ် ထား၏။ နောက်ပိုင်း တော့ မသိပေ။
refer စမ်းကြည့်လိုက link ထည့်ပေးလိုက်ပါ၏။ သတ်မှတ် ချိန် ကျော်လွန်သွားလျှင်တော့ မရနိုင်တော့ပေ။ မကျော်သေးလျှင်တော့ ရသလောက် စုထားပေါ့။ ကံပေါ့။
ဒါက LOA ၏ official website link ဖြစ်၏။
https://www.leagueofancients.com/
အကျယ်တဝန့် သိလိုက သွားရောက် ဖတ်ရှုကြပါကုန်။
LOA tokens free စုဖို့ refer link ကိုတော့ comment မှာ ချထားပေးပါ့မယ်။ အားလုံး အဆင်ပြေကြပါစေ။