Phone အားကို ဘယ် percent ထိ သုံးလေ့ ရှိလဲ။ ပြီး အားသွင်းရင် ဘယ် percent ထိ အားပြန် သွင်းလေ့ ရှိလဲ။ အများစုက phone ကို အား လုံးဝ ကုန်အောင် သုံးလေ့ ရှိကြ၏။ အားသွင်းပြန်တော့လည်း percent 100 အပြည့်ထိကို သွင်း တတ်ကြပြန်၏။ ထိုအချက်က မကောင်းဘူး tech blogger တွေက ပြောကြ၏။ phone အားကို 20% အောက် ရောက်အောင် မသုံးဖို့၊ အားကို 100% ထိ အပြည့် မသွင်းဖို့ကို မှာ၏။
ကျနော့် သူငယ်ချင်းထဲမှာတင်ကို phone အား 8% ထိ ရောက်အောင် သုံးသူကို ရှိ၏။ တခါတလေ အားလုံးဝ ကုန်ပြီး power ပိတ်သွားသည် အထိပင်။ အားကုန်အောင်တင် သုံးတာလား ဆိုတော့ မဟုတ်၊ အားသွင်း ပြန်ရင်လည်း အားကို 100% အပြည့်ထိကို သွင်းလေ့ ရှိ၏။ ကျနော့် phone ထက် နောက်ကျမှ ထွက်သည့် model ဖြစ်ပေမယ့် သူ့ phone က ကျနော့် phone လောက်တောင် အား အသုံး မခံတော့ပေ။
Battery တွေမှာက သူတို့ရဲ့ သက်တမ်း ရှိ၏။ tech ကျွမ်းကျင်သူတွေရဲ့ အဆို အရ၊ အားကို အပြည့်သွင်းခြင်းက battery ၏ changing life ကို ခပ်မြန်မြန် ကုန်ဆုံးစေသည် ဆို၏။ ဆိုလိုသည့် သဘောက အကြိမ် ၁၀၀၀၀ တိတိ အားအပြည့် သွင်းခွင့် ရှိသည်ဆိုပါစို့ မိမိက အားသွင်းတိုင်း 100% အပြည့်ချည်း သွင်းနေသည် ဆိုပါက သက်မှတ်ထားသည့် အကြိမ်ရေတွက် မြန်မြန် ပြည့်သွားပြီး battery ၏ စွမ်းရည် လျော့ကျလာနိုင်၏။ နှစ်ကြာကြာ ခံရမည့် အစား နှစ် အနည်းငယ်သာ ခံနိုင်တော့၏။ တချို့များဆို ညဖက် phone သုံးပြီး phone ကို တညကုန် အားသွင်းထားလေ့ ရှိ၏။ မနက်မှ phone ကို အားသွင်းရာမှ ဖြုတ်၏။
အလုပ်က ပြန်လာ phone သုံး၊ ညဖက် အိပ်ချိန် အားသွင်းထား၊ မနက် အိပ်ရာထ အလုပ်သွား ကွက်တိပဲ ဆိုပြီး ပြောသူတွေလည်း ရှိကောင်း ရှိပေလိမ့်မည်။ ထို့ အလေ့အကျင့်က တကယ့် အမှားကြီး ဖြစ်၏။ မိမိ phone က နောက်ပိုင်း ထွက် phone ဖြစ်ပြီး smart charging စနစ်ပါသည်ဆိုရင်တော့ ထားပါလေ။ smart charging စနစ် ဆိုသည်မှာ phone အား ဘယ်လောက်ဆိုရင် အားသွင်းပြီး ဘယ်လောက် percent ရောက်က အားသွင်းတာကို ရပ်မယ် ဆိုပြီး လုပ်ပေးသည့် စနစ် ဖြစ်၏။ ယခင် model အနိမ့်တွေမှာ ထို စနစ် မပါပေမယ့် နောက်ပိုင်း model အမြင့်တွေမှာတော့ အဆိုပါ စနစ် ပါလာပြီ ဖြစ်၏။ Percent ဘယ်လောက်ထိသာ သွင်းမယ်ဆိုပြီး သတ်မှတ် ထားပေးလိုက်ရုံသာ။ သူ့သူ ကျန်တာ ဆက်လုပ် သွားပေလိမ့်မည်။
တညလုံး အားသွင်းထားတတ်သူများ အတွက်လည်း ယခု စနစ်က အဆင်ပြေစေ၏။ ကိုယ်က ဘယ်လောက် percent အထိပဲ သွင်းမယ်တော့ သတ်မှတ်ထားပေးပေါ့။ ပညာရှင်တွေကတော့ phone အားကို 20% အောက်ထိ ရောက်အောင် မသုံးဖို့နဲ့ 100% အထိ မသွင်းဘဲ 80% ထိသာ အားသွင်းဖို့ အကြံပြုထား၏။
ကျနော်တို့လို model အနိမ့် phone ကိုင်သူတွေ အတွက်ကတော့ စောင့်ကြည့် သတိထားရုံပေါ့။ နို့ပေမယ့် ဒါကလည်း phone ကို စကတည်းက ရိုးရိုးပဲ သုံးသူတွေအတွက်သာ မှန်၏။ မိမိ phone ကို Root လုပ်ထားပါက Magisk module သွင်းပြီး ထို စနစ်ကို အသုံးပြုလို့ ရ၏။ module နာမည်က Advance Charging Controller ဖြစ်၏။ Smart charging စနစ်တွေ မထည့်ပေးခင် ကတည်းက ကျနော်တို့က အဆိုပါ module ကို သုံးပြီး battery အားသွင်းခြင်း ကိစ္စကို ဖြေရှင်းထား နိုင်ခဲ့ပြီ ဖြစ်၏။
Magisk module အပြင် ACCA app လေး တခုတော့ ထပ်လို၏။ app ထဲမှာ setting ချိန်ထားပြီး အားသွင်းခြင်းကိစ္စကို စိတ်ပူ စရာ မလိုဘဲ ပစ်ထား နိုင်၏။ ဘယ် percent ထိ အားသွင်းမယ် တင်မကဘဲ မတော်တဆ မိမိ phone က temperature တက်၊ ပူလာရင်လည်း အားသွင်းခြင်းကို ရပ်မယ်ဟု ရွေးချယ် သတ်မှတ်ထားလို့ ရသေး၏။
မိမိ phone ၏ battery သက်တမ်း ကြာကြာ ခံနိုင်ဖို့ အားကုန် သုံးခြင်း၊ အားအပြည့် သွင်းခြင်းများကို မလုပ်ကြဖို့ အကြုံပြုလိုပါ၏။ ထို့ပြင် phone ကို အားသွင်းနေရင်းဖြင့်လည်း မသုံးသင့်ကြောင်း ထပ်ဆောင်းပြောကြားလိုပါ၏။
Screenshot by my phone
Road to Appeal (18)