Your premier league Champions is Arsenal. ဟုတ်ပါတယ် ပွဲစဉ် ၃၈ ထိ ကန်စရာ မလိုတော့ဘဲ Arsenal တို့ EPL ချန်ပီယံ ဖြစ်သွားခဲ့ပါပြီ။ ဒီနေ့ မနက် ၁ နာရီမှာ ကစားသွားတဲ့ Bournemouth vs Man City ပွဲစဉ်က တဖက် ၁ ဂိုးစီ သရေ ကျသွားခဲ့ပါတယ်။ ၃၇ ပွဲ ကစားပြီး Arsenal က ၈၂ မှတ်၊ Man City က ၇၈ မှတ်ဆိုတော့ နောက်ဆုံးပွဲစဉ်ကို Arsenal ရှုံးပြီး City က နိုင်ခဲ့ရင်တောင် Arsenal တို့ ၁ မှတ်သာနေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ နောက်ဆုံးပွဲစဉ် မတိုင်မှီမှာ Arsenal တို့ ချန်ပီယံ ဖြစ်သွားခဲ့ပါပြီ။
အသင်းကြီးတွေကို ဒုက္ခ ပေးနေကြ Bournemouth အနေဖြင့် City ကိုလည်း အခက်တွေ့အောင် ကစားပြီး EPL မှာ ၁၇ ပွဲဆက် ရှုံးပွဲ မရှိတဲ့ စံချိန်ကို ရယူသွားခဲ့ပါတယ်။ ၃၉ မိနစ် ကတည်းက အိမ်ရှင် Bournemouth တို့ ဦးဆောင်ဂိုး သွင်းယူထားခဲ့တာပါ။ ပွဲပြီးခါနီး နောက်ဆုံးမိနစ်တွေမှာလည်း Bournemouth ကပဲ ဂိုးသွင်းခွင့်တွေ ပိုရနေခဲ့တာပါ။ City တို့ အနေဖြင့် မယ်မယ်ရရ ပြန်လည် ဖိအားပေး ကစားနိုင်နေခြင်း မရှိပါဘူး။ ၉၀+၅ မိနစ် ရောက်မှသာ ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ နာကျင် အချိန်ပိုက ၆ မိနစ် ဆိုတော့ အနိုင်ဂိုး သွင်းနိုင်ဖို့ City တို့ အချိန် မလုံလောက်ခဲ့ပါဘူး။
City အတွက် စိတ်မကောင်းပေမဲ့ Arsenal အတွက် ဝမ်းသာရပါတယ်။ ၂၂ နှစ်ကြာမှ ပြန်လည် ရယူနိုင်တဲ့ ချန်ပီယံ ဖလား မလား။ တကယ်ကို ထိုက်ထိုက်တန်တန်နဲ့ ရသွားခဲ့တာပါ။ Arsenal ပရိတ်သတ်တွေအဖို့ ဝမ်းသာစရာပါ။ စည်သူလွင်ဆိုပြီး စနောက်ခံနေရခြင်းကနေ ကင်းလွတ်ခွင့်ရခဲ့ပါပြီ။ ချန်ပီယံ အသင်း ထွက်ပေါ်လာပေမဲ့ တန်းဆင်းရမယ့်အသင်းက အဖြေ မပေါ်သေးပါဘူး။
Chelsea vs Tottenham ပွဲစဉ်မှာ အိမ်ရှင် Chelsea က ၂-၁ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။ Sunday ပွဲစဉ်မှာ West Ham က New Castle ကို ၃-၁ ဖြင့် ရှုံးထားခဲ့သဖြင့် Tottenham တို့ အနေဖြင့် ယခုပွဲစဉ်ကို သရေကျ ရုံဖြင့် EPL မှာ တင်ကျန်မည် ဖြစ်၏။ ဒါကို ရှုံးဖြစ်အောင် ရှုံးသွားခဲ့သေး၏။ အိမ်ရှင် Chelsea က ဦးဆောင်ဂိုး ၂ ဂိုးလုံး အရင် သွင်းယူထားခဲ့ခြင်း ဖြစ်၏။ ၁၈ မိနစ်နှင့် ၆၇ မိနစ်တွေမှာ သွင်းယူခဲ့ပြီး Tottenham က ၇၄ မိနစ်မှာ ချေပဂိုး ၁ ဂိုး ပြန်လည် သွင်းယူနိုင်ခဲ့၏။
ပွဲစဉ် ၃၈ ထိ Tottenham နဲ့ West Ham တို့ရဲ့ တန်းဆင်းဇုန် တိုက်ပွဲက ဆက်လက် ပြင်းထန်နေမည် ဖြစ်၏။ Tottenham က Everton နဲ့ အိမ်ကွင်း၊ West Ham က Leeds နဲ့ အိမ်ကွင်းတို့မှာ အသီးသီး ယှဉ်ပြိုင် ကစားကြမည် ဖြစ်၏။
(photos from Premier League Page)