
EPL Round 37 ပွဲစဉ်တွေ ဒီတပတ်မှာ ကစားမည် ဖြစ်၏။ စနေ တနင်္ဂနွေမှာ ၇ ပွဲ ကြားရက်တွေမှာ ၃ ပွဲ ကစားမည် ဖြစါ၏။ Arsenal, Man City & Chelsea တို့၏ ပွဲစဉ်တွေကတော့ ကြားရက်တွေမှာ ယှဉ်ပြိုင်မည် ဖြစ်၏။ ဒီနေ့ မနက် အစောမှာတော့ အဆင့် ၄ နဲ့ အဆင့် ၅ နှစ်သင်း ယှဉ်ပြိုင်ကစားကြပြီး နေရာ လဲလှယ်မှုတွေ ဖြစ်ပေါ်ခဲ့၏။ Aston Villa vs Liverpool တို့၏ ပွဲစဉ်ဖြစ်၏။ အိမ်ရှင် Aston Villa က ၄-၂ ဖြင့် အနိုင်ရသွားခဲ့၏။ အနိုင် ၃ မှတ် နှင့်အတူ အဆင့် ၄ နေရာကို ပြန်လည် ရယူသွားနိုင်ခဲ့၏။ Liverpool အနေဖြင့် EPL နောက်ဆုံး ၃ ပွဲမှာ နိုင်ပွဲ မရရှိထားနိုင်ခဲ့ဘဲ အဆင့် ၅ နေရာသို့ ဆင်းပေးလိုက်ရ၏။
ဒီနေ့ ည ၆ နာရီခွဲမှာတော့ WSL ပွဲစဉ် ရာသီပိတ် ပွဲစဉ်တွေ ကစားသွားဖို့ ရှိနေ၏။ WSL မှာတော့ Man City women အသင်းက ချန်ပီယံဘွဲ့ကို ခပ်စောစောပဲ သိမ်းယူထားခဲ့၏။ Chelsea women အသင်းကချည်း ချန်ပီယံဆုကို သိမ်းယူထားသည့် အကြိမ်ရေတွေက များခဲ့၏။ ဒီနှစ်မှာတော့ Man City women အသင်း ချန်ပီယံ ဖြစ်ခဲ့ပြီ ဖြစ်၏။ နောက်ပိုင်းနှစ်တွေမှာ Man City women အသင်း အတော်လေး ကောင်းလာခဲ့၏။ Chelsea women အသင်း အနေဖြင့် ဒီရာသီမှာ စွမ်းဆောင်ရည် အနည်းငယ် လျော့နေခဲ့သည်ဟု ဆိုရမည် ဖြစ်၏။
Man United women အသင်း အနေဖြင့် ဒီရာသီမှာ အဆင့် ၄ နေရာနဲ့သာ ကျေနပ်ခဲ့ရ၏။ လာမယ့်ရာသီ UCL ဝင်ခွင့်နဲ့လည်း လွဲချော်ခဲ့ရပြီ ဖြစ်၏။ ရာသီသိမ်း ပိတ်ပွဲကို Chelsea women အသင်းနဲ့ အဝေးကွင်းမှာ ကစားရမည် ဖြစ်၏။ အစဉ်အလာအရ Chelsea women အသင်းကို United women အသင်း မယှဉ်နိုင်ပေ။ အဓိက ကစားသမား Tonny ကာလရှည်ကြာ ဒဏ်ရာ ရနေခြင်းကလည်း United တို့ အဖို့ ကြီးမားသည့် ထိုးနှုက်ချက်ကြီး ဖြစ်ခဲ့သည်ဟု ဆိုရပေလိမ့်မည်။

ဒီနေ့ည ၈ နာရီခွဲမှာတော့ Chelsea vs Man City တို့၏ FA Cup Final ပွဲစဉ် ရှိ၏။ ဖလား လက်မဲ့ ရာသီ မဖြစ်ရလေအောင် FA ဖလား တလုံးတော့ Chelsea တို့ အရယူမလား၊ ဒါမှမဟုတ် EFL Cup ချန်ပီယံ City ကပဲ နောက်ထပ် ဖလား တလုံး ထပ်ယူသွားမလားက စိတ်ဝင်စားဖို့ ကောင်းနေခဲ့၏။ ၂၀၂၂/၂၃ ကစလို့ နှစ်တိုင်း ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တဲ့ City အနေဖြင့် ထို နှစ်မှသာ ချန်ပီယံ ဖြစ်ခဲ့ပြီး ကျန် နှစ်တွေမှာ ဒုတိယသာ ရခဲ့၏။ ဒီနှစ်မှာတော့ ဗိုလ်စွဲလေတော့ မလားပေါ့။
လက်ရှိ Chelsea အသင်း၏ အခြေအနေကလည်း အတော်ဆိုးဆိုးမလား။ ဒါပေမဲ့ ဖလားပြိုင်ပွဲတွေဆို သူတို့က ကောင်းချင်ရင်လည်း ကောင်းသွားပြန်တာပဲ။ ဖလားတို့၏ အရှင်သခင် မလား။ FA Cup ချန်ပီယံ ဘယ်သူဆိုတာ မကြာမီ သိရတော့မည် ဖြစ်၏။
(photos from FA Cup & Premier League Pages)