ဒီတပတ်မှာတော့ EPL ပွဲစဉ်များ မရှိပေ။ EPL ပွဲစဉ်များ အစား FA Cup Round 4 ပွဲစဉ်များ ကစားမည် ဖြစ်၏။ ထုံးစံအတိုင်း EPL အသင်းချင်းတွေ့ဆုံသည့် ပွဲစဉ်များလည်း ပါဝင်လို့ နေ၏။ Aston Villa vs New Castle နှင့် Liverpool vs Brighton ပွဲစဉ် အစရှိသည့် ပွဲစဉ်များ ဖြစ်၏။ Aston Villa နှင့် New Castle အသင်းတို့ဟာ အနီးဆုံးအနေဖြင့် EPL Round 23 မှာ တွေ့ဆုံထားခဲ့ပြီး Aston Villa က ၀-၂ နှင့် အနိုင်ရထားခဲ့၏။
ယခုတွေ့ဆုံမှုမှာ New Castle တို့ ရှုံးကြွေးဆပ်နိုင်မလားကတော့ စောင့်ကြည့်ရပေလိမ့်ဦးမည်။ အိမ်ကွင်းမှာ ၀-၂ ဖြင့် ရှုံးနိမ့်ခဲ့ပေမဲ့ ခု အဝေးကွင်းမှာ အနိုင်ရယူပြီး ကျော်ဖြတ် ပြနိုင်မလားကတော့ စိတ်ဝင်စားဖို့ ကောင်းနေ၏။ ခြေစွမ်း၊ ကစားသမား စုဖွဲ့မှုအရ သိပ်မကွာသည့် အသင်း ၂ သင်း တွေ့ဆုံမှုကြောင့် ပွဲကောင်း ၁ ပွဲ ဖြစ်လာပေလိမ့်မည်။ EPL Round 26 ပွဲစဉ်တွေမှာ ၂ သင်းလုံးက ကိုယ်စီ နိုင်ပွဲတွေ ရယူထားနိုင်ခဲ့ကြ၏။ နောက်ဆုံးကစားထားသည့် ပြိုင်ပွဲစုံ ၅ ပွဲမှာ Aston Villa က ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး ရလဒ် ထွက်ပေါ်ထားပြီး New Castle က ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၃ ပွဲရှုံး ရလဒ် ထွက်ပေါ်ထား၏။
Liverpool vs Brighton ပွဲစဉ်မှာတော့ Brighton အတွက် တကယ့်ကို ခက်ခဲသည့် ပွဲစဉ် ဖြစ်လာပေလိမ့်မည်။ FA Cup Round 3 မှာ United ကို ၁-၂ ဖြင့် အနိုင်ယူ ကျော်ဖြတ်ခဲ့ပြီးနောက် Round 4 မှာ Liverpool နှင့် ထပ်မံဆုံတွေ့နေရသည့် Brighton အဖို့ ကံတရားက မျက်နှာသာမပေးဘဲ စမ်းသပ်နေသည်ဟု ဆိုရမည်ထင်။ Liverpool ၏ အိမ်ကွင်းမို့ Brighton အတွက် အခွင့်အရေးနည်းသည်ဟု ထင်ရပေမဲ့ United ကိုလည်း အဝေးကွင်းမှာ အနိုင်ယူပြခဲ့သည် မဟုတ်လား။
နောက်ဆုံးကစားထားသည့် ပြိုင်ပွဲစုံ ၅ ပွဲမှာ Liverpool က ၃ ပွဲနိုင်၊ ၂ ပွဲရှုံး ရလဒ် ထွက်ပေါ်ထား၏။ Brighton အနေဖြင့် နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲသရေ၊ ၃ ပွဲရှုံး ရလဒ် ထွက်ပေါ်ထား၏။ Brighton အနေဖြင့် ရလဒ်ပိုင်းအားဖြင့် ဆိုးရွားနေသည်ဟု ပြောကမည် ဖြစ်၏။ EPL မှာ ရလဒ်တွေ ဆိုးရွားနေပေမဲ့ FA Cup မှာတော့ ရလဒ်ကောင်းတွေရအောင် စွမ်းဆောင်ပြလေမလားကတော့ စောင့်ကြည့်ရပေလိမ့်မည်။
ကျန် EPL အသင်းတွေ ဖြစ်သည့် Chelsea, Arsenal, Man City တို့ကတော့ EPL ပြင်ပက အသင်းတွေနဲ့သာ တွေ့ဆုံသဖြင့် အနည်းငယ် လွယ်ကူ သယောင် ရှိပေမဲ့ ပေါ့ဆလို့တော့ မရပေ။ ဒီနေ့ မနက် အစော ၂ နာရီ ၁၅ မိနစ်မှာ ကစားသွားသည့် Hull vs Chelsea ပွဲမှာတော့ Chelsea က ၀-၄ ဖြင့် အနိုင်ရသွားခဲ့လေ၏။ FA Cup Round 4 အဆင့်မှာ ယှဉ်ပြိုင်ခွင့် ရနေသေးသည့် အခြား EPL အသင်းတွေကတော့ Burnley, West Ham, Leeds, Wolves, Sunderland နှင့် Brentford အသင်းတို့ ဖြစ်လေ၏။
(photos from Emirates FA Cup page)