
EFL အမှတ်ပေး ဇယားကတော့ အပြောင်းအလဲ မရှိပေ။ Coventry အသင်းကပဲ အမှတ်ပေး ဇယားကို ဆက်လက်၍ ဦးဆောင်ထား၏။ Middlesbrough အသင်းကတော့ ဒီနေ့မှ ကစားရမည် ဖြစ်၏။ Ipswich အသင်း မနေ့က သရေကျသွားသဖြင့် အဆင့် ၃ နေရာကို Millwall အသင်းက ရယူသွားခဲ့၏။ Ipswich အသင်း အနေဖြင့် ၁ ပွဲလျော့နေသည့် အနေအထားဆိုတော့ ပွဲကျန် ၁ ပွဲကိုသာ အနိုင်ရခဲ့ရင် အဆင့် ၃ နေရာသို့ ပြန်လည်၍ တက်လှမ်း နိုင်မည် ဖြစ်၏။ Middlesbrough အနေဖြင့်လည်း အဆင့် ၂ နေရာကို ထိန်းထားပြီး အဆင့် ၁ က Coventry ကို ဖိအားပေးနိုင်ဖို့ ဒီနေ့ QPR နှင့် ပွဲစဉ်ကို အနိုင်ကစားဖို့ လိုမည် ဖြစ်၏။
EPL မရှိပေမဲ့ FA Cup Round 5 ပွဲစဉ်များ ကစား၏။ အသင်းကြီးတွေ ပါဝင်နေ၏။ မနေ့က အသင်းကြီးတွေ၏ ပွဲစဉ်တွေ အားလုံး ကန်ပြီးသွားခဲ့ပြီ ဖြစ်၏။ Liverpool က Wolves ကို ၁-၃ ဖြင့် အနိုင်ရသွားခဲ့၏။ Arsenal က League One မှ Mansfield ကို ၁-၂ ဖြင့် အနိုင်ရသွားခဲ့၏။ Chelsea အသင်းက EFL မှ Wrexham ကို ၂-၄ ဖြင့် အနိုင်ရသွားခဲ့၏။ နိုင်သည် ဆိုပေမဲ့ သာမန် ပွဲကစားချိန် အထိ ၂-၂ သရေကျနေသဖြင့် အချိန်ပို ဆက်ကစားခဲ့ရခြင်း ဖြစ်၏။ Wrexham က ဦးဆောင်ဂိုး သွင်းလိုက် Chelsea က ချေပလိုက်နဲ့ နောက်ကနေ လိုက်ကစား ခဲ့ရခြင်း ဖြစ်၏။

Man City ကတော့ New Castle ကို ၁-၃ ဖြင့် အနိုင်ရသွားခဲ့၏။ Round 5 ပွဲစဉ်များ ယှဉ်ပြိုင် ကစားပြီးနောက်မှာ Quarter Final ပွဲစဉ်များ ကစားရမည် ဖြစ်၏။ ဆိုတော့ကာ အသင်းကြီး ၄ သင်း အနေဖြင့် Quarter Final အဆင့်သို့ တက်လှမ်း သွားခဲ့ပြီဟု ဆိုရမည် ဖြစ်၏။ EPL မှ Wolves, New Castle တို့ကတော့ Round 5 ကနေပဲ နှုတ်ဆက်ခဲ့ရပြီ ဖြစ်၏။ United ထက်စာရင် တော်သေးသည် မဟုတ်လား။ ကိုယ်တွေအသင်းက Round 3 ကတည်းက ထွက်ခဲ့ရတာ။
ကျန် ၄ ပွဲမှာလည်း EPL အသင်းတွေ ရှိနေသေး၏။ Quarter Final အဆင့်ကို EPL အသင်းတွေချည်း တက်လှမ်းလာနိုင်မလားကတော့ စိတ်ဝင်စားဖို့ ကောင်း၏။ EPL အသင်းချင်း ဆုံသည့် West Ham vs Brentford ပွဲစဉ်မှာတော့ EPL အသင်း ၁ သင်း နှုတ်ဆက် ထွက်ခွာ သွားရဖို့ ရှိနေ၏။ အခြား ပွဲစဉ် ၃ ပွဲမှာတော့ မှာ EFL က နှစ်သင်း ဖြစ်သည့် Southampton က Fulham နဲ့ အဝေးကွင်း၊ Norwich က လည်း Leeds နဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။
League One က ၁ သင်းထဲသော ကျန်ရှိသည့် Port Vale အသင်းကတော့ Sunderland အသင်းနဲ့ ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။ West Ham vs Brentford ပွဲစဉ်က မတ်လ ၁၀ ရက်နေ့မှ ကစားမည် ဖြစ်ပြီး ကျန်ပွဲစဉ် ၃ ပွဲကတော့ ဒီနေ့မှာ ကစားမည် ဖြစ်၏။
(photos from Emirates FA Cup page)