မနေ့က ဝယ်ရ၊ မဝယ်ရ ဝယ်သင့်၊ မဝယ်သင့် ချီတုံချတုံ ဖြစ်နေမှုကို ဒီနေ့မှာ အဆုံးသတ်လိုက်၏။ ကျနော် Fun tokens ထပ်ဝယ်လိုက်၏။ ပြင်ပကနေ ထပ်ထည့်ပြီး မဟုတ်ဘဲ တနာရီ တခါ claim ရင်း ရထားသည့် btc တွေနဲ့သာ ဝယ်လိုက်၏။ 0.0011 btc လောက်တော့ ရှိ၏။ Fun tokens 1635 အတွက် 0.00063 btc လောက် ပေးလိုက်ရ၏။ ယခင် ကျနော် ဝယ်ခဲ့တုန်းကတော့ 1 Fun ကို 0.002$ လောက်သာ ရှိခဲ့၏။ ခုတော့ 0.007$ လောက် ဖြစ်သွားခဲ့ပြီ။
အနာဂတ်မှာ ဒီထက်လည်း ထပ်တော့ တက်လာနိုင်သေး၏။ ယခင် ဝယ်ထားတာက 3000 ကျော် ဆိုတော့ ခု ထပ်ဝယ်ထားတာနဲ့ ပေါင်းက 5000 Fun တော့ ရှိပြီ ဖြစ်၏။ တခါတည်း lock (stake) လုပ်ထားလိုက်၏။ အတိုးရအောင်ပေါ့။ အတိုးက 25% APY ဖြစ်၏။
5000 Fun hold လုပ်ထားသည့် အတွက် magisk wheel တနေ့ ၆ ကြိမ် လှည့်ခွင့် ရပြီ ဖြစ်၏။ 5000 အောက်ဆိုလျှင်တော့ ၄ ကြိမ်သာ ရမည် ဖြစ်၏။ 12500 နဲ့ အထက်ဆို magisk wheel ၈ ကြိမ် ဖြစ်သွား၏။ ထို့ပြင် အတိုးနှုန်းလည်း ထပ်ပေါင်း ပေး၏။ bonus အဖြစ်နဲ့ပေါ့။ Daily interest နှုန်းကို 10% ထပ်ပေါင်း ပေးမည် ဖြစ်၏။ ထုံးစံအတိုင်း 10% က ချက်ချင်း ရသွားခြင်းမျိုး မဟုတ်ပေ။ အချိန်တခုစီမှာ တိုးပေးလာရင်းကနေ တနှစ်ပြည့်ပါက 10% ဖြစ်သွား မည် ဖြစ်၏။
Hold ထားသည့် amount တိုးလာပါက percent လည်း တိုးလာပေလိမ့်မည်။ အကြမ်းအားဖြင့် 12500 ဆို 10% နဲ့ Magisk wheel 8 ကြိမ်၊ 50000 ဆိုလည်း percent က 10% ဒါပေမယ့် Magisk wheel က 10 ကြိမ်။ ပြီး 125000 ဆို 15% နဲ့ 12 times နောက် 250000 ဆို 20% နဲ့ 14 times ကြိမ် ဖြစ်၏။ နောက်ဆုံး 500000 ဆို 25% နဲ့ 16 times ဖြစ်၏။ သူကတော့ အများဆုံး ဖြစ်၏။ ထို ပမာဏ ရောက်ဖို့ကတော့ မလွယ်ပေ။
Fun ငါးသိန်းဆို လက်ရှိ စျေးနဲ့ တွက်က 3500$ နဲ့ 3700$ ကြားလောက် သွားကြပေလိမ့်မည်။ 12500 Fun လေး ပြည့်ဖို့ကိုတောင် အတော်ကြိုးစားရဦးမှာ ကိုယ့်အဖို့က။
Fun က ဂိမ်းတွေ လာဖို့ ရှိတယ် ဆိုပြီး ပြော ထား၏။ ထိုဂိမ်းတွေဆော့ပြီး xfun tokens ရယူနိုင်သည် ဆို၏။ ထို xfun ကို fun ပြောင်းယူလို့ရသည်ဟုလည်း ပြောထားသဖြင့် တချက်တော့ စောင့်ကြည့်ရပေဦးမည်။ လောလောဆယ် ဂိမ်းဆော့ဖို့ Freebit account နဲ့ Fun tokens ကိုင်ထားလျှင်ကို ရပြီ ဆို၏။ ဘာတွေ ညာတွေ ထပ်ပေးဖို့ လိုမလိုတော့ မသိသေးပေ။ ဂိမ်းတွေကတော့ mini games အမျိုးအစား လေးတွေသာ ဖြစ်မည်။ ထွက်လာမှပဲ သိရပေလိမ့်မည်။ Fun tokens ကိုင်ထားပြီး ပျော်ရွှင် ရပါလို၏။