ဒီနေ့ နောက်ထပ် module တခု ထပ် စမ်းဖြစ်၏။ ထုံးစံ အတိုင်း ဂိမ်း module ပဲပေါ့။ ဂိမ်းပေါင်း ၅၀၀ မဟုတ်တဲ့ ဂိမ်းပေါင်း ၃၀ ကို tweak လုပ်ပေးမယ့် module လေးပဲ ဖြစ်ပါတယ်။ ဒီ module က ဂိမ်းကို ပိုပြီး ဆော့ကစားရ ကောင်းစေတယ်လို့တော့ ညွှန်းထားတာပါပဲ။
Magisk version အနိမ့်တွေမှာတုန်းက module တွေကို Magisk app ထဲမှာတင် download လုပ်ပြီး install လုပ်လို့ ရနိုင်၏။ နောက်ပိုင်း version အမြင့်တွေမှာတော့ Magisk ထဲမှာ module တွေ build in မပါလာတော့ပေ။ ပြင်ပမှာပဲ ရှာ၊ download လုပ်ယူ ပြီးမှ Magisk မှ တဖန် ပြန်လာ သွင်းပေါ့။ 3 Rd party app တွေကနေလည်း module တွေ download လုပ်နိုင်၏။ Module အကုန်၊ အစုံ မဟုတ်ပေမယ့် တော်တော်များများတော့ ထည့်ပေးထား၏။ တချို့ module တွေကကြ developer တွေ၏ ဆိုင်ရာ website တွေမှာ သွားရောက် download လုပ်၊ ရယူနိုင်၏။
ယခင်ထက် စာရင်တော့ အလုပ် ပိုသွားသည်ဟုတော့ ပြောလို့ရနိုင်၏။ အရင်က တနေရာထဲမှာတင် ရနိုင်သည်ကိုး။ Magisk version ကို 20 လောက် ကတည်းက သုံးလာခဲ့တာ ခုဆို 26.3 ထိပင် ရောက်လို့ လာခဲ့ပြီ ဖြစ်၏။ Magisk အကြောင်းကို မသိခင်တုန်းကတော့ တခြား root app တွေ software တွေနဲ့ phone ကို root လုပ်ခဲ့၏။ Magisk အကြောင်း သိပြီးနောက်မှာတော့ Magisk နဲ့သာ တောက်လျှောက် root လုပ် ဖြစ်ခဲ့၏။
ပြန်စဉ်းစားကြည့်တော့ Android phone စကိုင်ပါပြီ ဆိုကတည်းက root လုပ်ပြီးတော့ပဲ ကိုင်ဖြစ်ခဲ့၏။ Custom rom နဲ့ root လုပ်ခြင်းက ကျနော် လုပ်နေကြ အရာတခုပင်။ မတော်တဆ iphone ဝယ်နိုင်လာလို့ပဲ ဖြစ်ဖြစ်၊ လက်ဆောင်ရလို့ပဲ ဖြစ်ဖြစ် သုံးဆို သုံးမှ သုံးတတ်၊ သုံးဖြစ်ပါ့မလား တွေးနေမိ၏။ iOS ထက် စာရင် Android က ပိုပြီး လွတ်လပ်သည် မဟုတ်လား။ iOS မှာလည်း Android မှာ root လုပ်သလို jailbreak လုပ်သုံးလို့ ရ၏။ တချိန်တော့ ပန်းသီးလေး ကိုင်ဖူးတယ် ရှိအောင် ကိုင်ကြည့်ချင်ပါသေး၏။
လောလောဆယ် အိပ်မက်ကတော့ Xiaomi pad 7 (လက်ရှိမှာ pad 6 ထွက်ထား) နဲ့ Redmi note 13 turbo တို့ ကိုင်နိုင်ဖို့ ဖြစ်၏။ 7 နဲ့ 13 ကိုက ဂဏန်း အားဖြင့်ကို ကြိုက်သည်ကိုး။ ထို့ကြောင့် ထို နံပတ် အရောက်မှာတော့ ဝယ်ယူလိုပါ၏။ Hive ဈေးလေးများ တက်လာပါက ပိုတောင် ကောင်းသေး။ hive ရောင်းပြီး ဝယ်ထားတာဟု ဂုဏ်ဆာလို့ ရ၏။ ခုတော့ လက်ရှိ phone လေးကိုပဲ custom rom တင်ပြီး module တွေထည့်ပြီး သုံးဖြစ်နေခဲ့၏။
ထားပါ လမ်းတွေ ချော်ကုန်ပြီ။ ခု module က revWhiteShadow ဆိုသည့် developer က ရေးထားပေးခြင်း ဖြစ်၏။ ပြီးခဲ့သည့် ရက်က ကျနော် ပြောပြခဲ့သည့် GODSPEED BIONIC NEXT GEN - GSMxBNG MAGISK module ကိုလည်း သူပဲ ရေးခြင်း ဖြစ်၏။ ခု Game Domain module နဲ့ ပတ်သက်လို့လည်း ဖော်ပြပါ စာရင်းထဲမှာ မိမိ ကစားသည့် ဂိမ်း မပါလျှင် comment ပေးပြီး request လုပ်နိုင်ကြောင်း ပြောထား၏။
မိတ်ဆွေ phone မှာ Magisk လည်း ရှိမယ်၊ ဂိမ်းလည်း ဆော့လေ့ ဆော့ထ ရှိတယ်ဆိုရင် ယခု module ကို စမ်းပြီး သုံးကြည့်ပါလို့။ Module ရနိုင်တဲ့ link ကို Comment မှာ ချထား ပေးပါမယ်ဗျ။
Road to Appeal (13)