သို့နှင့် chromium os ကို ပြန် run (install) လုပ်ရ၏။ ပြီးမှ ထပ်စမ်းချင်လည်း စမ်း၊ မစမ်းချင်လည်း chromium os ပဲ သုံးပေါ့။ ဒါပေမယ့် chromium os မှာက Playstore (Android app) support မပေးပေ။ ဘာပဲ ဖြစ်ဖြစ် chromium os ကို အရင် ပြန်သွင်းပြီးမှပဲ စဥ်းစား ကြည့်ရမည်။ သူ့ နည်လမ်းကပဲ မှားနေသလား။ မှားဖို့ကတော့ မဖြစ်နိုင် steps တွေ အကုန်လုံး မှန်၏ သွား၏။ chrome os update file download ဆွဲတာကော၊ rar file zip ဖြေတာတွေကော အကုန် ဟုတ်၏၊ မှန်၏။ os update လုပ်တုန်း စက်က ရပ်သွားတာ ဆိုတော့ အခြား (software) error ထက် စက် (hardware) error များလားတော့ မပြောတတ်ပေ။
သေချာ သိရအောင် နောက် တကြိမ် ထပ်စမ်း ကြည့်ရုံပေါ့။ windows တွေ၊ os တွေ download ဆွဲထားပြီးသား အရံသင့်လည်း ရှိနေပြီ မဟုတ်လား။ တခု မရလျှင် တခုနှင့် လုပ်ရုံပင်။ နည်းလမ်းတွေကလည်း အရံသင့်ပင်။ chromium os တက်လာ၏။ အကုန် အဆင်ပြေ၏။ Chrome os update run ကြည့်ဖို့သာ ကျန်၏။ command line ရိုက်လိုက်၏။ စောစောက အဆင့်တွေ အကုန်လုံး လုပ်ဆောင်သွား၏။ သူ့သူ လုပ်သွားခြင်း ဖြစ်၏၊ ကိုယ်က command တကြောင်းသာ ရိုက်ရ၏။ ပြီး ဘယ် chrome os version သွင်းချင်လည်း ရွေးပေးလိုက်ရုံသာ။ သူက သတ်မှတ်ချက်လေးတွေတော့ ရှိ၏။ cpu ဘယ် Generation ကို ဘယ် version ဆိုပြီးတော့ ရှိ၏။ သူနှင့် ကိုက်ညီတာကို သွင်းမှသာ ကောင်းကောင်းမွန်မွန် အလုပ် လုပ်မည် ဖြစ်၏။
Installation guide က မှာကြားထားသည့်အတိုင်း လုပ်၏၊ စောင့်၏။ အချိန်အတိုင်း အတာ တခုထိ စောင့်ကြည့်ပေးပြီးနောက် စက်ကို restart ပေးလိုက်၏။ တက်လာ၏။ boot logo က chromium logo မဟုတ်တော့ chrome logo ဖြစ်သွား၏။ အထစ်အငေါ့မရှိ အားလုံး ချောမွေ့၏။ wifi လည်း အလုပ် လုပ်၏။ Setting ထဲက os version ကို သွားကြည့် စစ်ကြည့်တော့ chrome version ဘယ်လောက်ဆိုပြီး ပြ၏။ ဒီလောက်ဆို အဆင်ပြေ အိုကေသည်ဟု ပြောလို့ရပြီ ဖြစ်၏။ တခုသာ ကျန်၏။ Playstore ဟုတ်၏ Playstore app တော့ ပါ၏။ သို့ပေမယ့် ဖွင့်လို့ ဝင်လို့ မရနေပေ။ ဘာများ ဖြစ်သနည်း။ solution လိုက်ရှာ၏။ တွေ့သည့်နည်းတွေနှင့် စမ်းကြည့်၏။ အဆင်မပြေသေးပေ။
လူလည်း နည်းနည်း ပင်ပန်းနေပြီ ဖြစ်သဖြင့် နောက်မှ လုပ်တော့ မည် တွေးလိုက်၏။ (၄) (၅) ရက် ဆက်တိုက် ဒီ Chrome os နှင့်ပဲ အချိန်ကုန် အလုပ်ရှုပ်နေခဲ့၏။ ထို့ပြင် ထိုရက်တွေအတွင်း hive မှာ ပိုစ့် မတင်နိုင်သည့် ရက်တွေလည်း ရှိခဲ့၏။ နောက်တချက်က laptop နှင့် စာရိုက်နေကြ ကျနော်၊ ခု phone နှင့် ရိုက်နေရ၏။ pc ရှိပေမယ့် pc မှာက unicode လက်ကွက် ဖြစ်၏။ ကျနော်က ခုချိန်ထိ unicode မရသေးပေ၊ zawgyi လက်ကွက်နှင့်သာ ရိုက်နေသေး၏။ pc ကို unicode ကနေ zawgyi ပြောင်းလျှင်ရပေမယ့် မပြောင်းချင်ပေ။ ဒါနှင့်ပဲ အပင်ပန်းခံပြီး phone နှင့် ရိုက်နေရတော့၏။