Phone နှင့်က စာအရှည်တွေကို တခါလား နှစ်ခါလားပဲ ရိုက်ဖူး၏။ အဆင်မပြေလို့ မဟုတ် အဆင်တော့ ပြေပါ၏။ ဒါပေမယ့် laptop နဲ့ပဲ ရိုက်နေကြ ဖြစ်နေသဖြင့် phone နှင့်က အားမရနေပေ။ ပြောလို့သာ ပြောတာ laptop မှာ စာရိုက်နှုန်းက phone မှာ စာရိုက်သည့် နှုန်းလောက် မမြန်နေပေ။ phone နှင့်ရိုက်တာက ပိုမြန်နေ၏။ ဆန်းတော့ အဆန်းသားရယ်။
ခုက ကိုယ့် ဒုက္ခနှင့် ကိုယ်ကိုး။ ကလိကောင်းသည့် အကျိုးကျေးဇူးပေါ့။ ဘာပဲ ဖြစ်ဖြစ် တန်ပါတယ်လေ။ ဒီအတိုင်းဆို unicode လက်ကွက်ကို မဖြစ်မနေ လေ့ကျင့်ရတော့မည်။ ဒါဖြင့် phone မှာကြတော့ကော ဟု မေးစရာ ရှိ၏။ phone ကလည်း unicode နှင့်ပဲ ဖြစ်၏။ ဒါပေမယ့် သုံးသည့် keyboard က bagan keyboard ဆိုတော့ uni_zawgyi က ပြဿနာ မရှိပေ။ လက်ကွက်ကို bagan style (bagan view) ရွေးထားလိုက်ရင် ယခင် ဇော်ဂျီ လက်ကွက်တုန်းက မိမိ ရိုက်နေကြ ပုံစံအတိုင်း ရိုက်လို့ရ၏။ ထို အချက်ကြောင့်ပင် bagan keyboard ကို ကျနော် သဘောကျ နှစ်ခြိုက်စွာ အသုံးပြုနေခြင်း ဖြစ်၏။
Laptop ကို chrome os သွင်းလိုက်ပြီးနောက်မှာတော့ laptop ကို သိပ်မဖွင့်ဖြစ် ဖြစ်နေ၏။ ဆန်းတော့ အဆန်းသား။ ကလိချင်တာ ကလိလိုက်ရလို့များ အာသီသ ပြေသွားခဲ့သည်လားတော့ မသိပေ။ chrome os ကနေ windows os ကိုတော့ ပြန်ပြောင်းရပေဦးမယ်။ တခြားကြောင့် မဟုတ် ကျနော့် laptop က DVD drive ပါ၏။ ခု chrome os က DVD drive support ပေးသလား မပေးငလား မသိသေး၊ မစမ်းရသေးပေ။ support မပေးလျှင်တော့ chrome os ဆက်သုံးဖို့ကိို စမ်းစားရပေဦးမယ်။ drive ကြီး ပါနေပြီး မသုံးရလျှင် အလကား နှမြောဖို့ ကောင်း၏။
စမ်းကြည့်ပြီးမှပဲ ဆက် ဆုံးဖြတ်ရပေလိမ့်ဦးမည်။ ဘာပဲ ဖြစ်ဖြစ် OS တခုပြီး တခု ပြောင်းသုံးရတာကကို အမြတ်ပင်။ ခုဆို windows နှင့် အခြား os များကို ကောင်းကောင်းကြီး ပြောင်းလဲ အတင်အချ (အဖြုတ်) လုပ်တတ်နေပြီ ဖြစ်။ chrome မသုံးချင် windows ဒါမှမဟုတ် windows ကနေ chrome ကို ကြိုက်သလို ပြောင်းလဲ အသုံးပြုလို့ ရနေပြီကိုး။ နည်းပညာ အသစ်အဆန်း (နည်းလမ်း အသစ် အသစ်) တွေကို စမ်းသပ်ခွင့် ရခဲ့ပြီကိုး။ အခြားသူတွေ အတွက် အသစ်အဆန်း မဟုတ်ပေမယ့် ကျနော့် အတွက်ကတော့ အသစ်အဆန်းပင်။ အဆင်မပြေမှုတွေ အခက်အခဲတွေလည်း တော်တော်များများ ကြုံခဲ့ရ၏။ ဒါပေမယ့်လည်း ထိုအခက်အခဲတွေကို ဖြတ်ကျော်နိုင်ခဲ့၏။
တချိန်မှာတော့ chrome os ကနေ windows os ကို ပြန်ပြောင်းရပေလိမ့်ဦးမည်။ ဒီ laptop က ပြန်ရောင်း ဖြစ်ဖို့ များ၏။ ခု မရောင်းဖြစ်သေးခင် ကလိနေခြင်း ဖြစ်၏။ ဘာပဲ ဖြစ်ဖြစ် လောလောဆယ်တော့ chrome os ကို ဆက်သုံး ကြည့်လိုက်ပါဦးမည်။