Hull City vs Middlesbrough တို့ရဲ့ playoff Final ပွဲစဉ်မှာတော့ Hull City က ၁-၀ ဖြင့် အနိုင်ရပြီး EPL တန်းတက်ခွင့်ကို ရရှိသွားခဲ့ပါပြီ။ Hull City အတွက် ၁ လုံးထဲသော အနိုင်ဂိုးကို ၉၀+၅ မိနစ်မှာ McBurnie က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ တုန်းက playoff အဆင့်မှာ ဗိုလ်စွဲပြီး တန်းတက်ခဲ့သလို ၁၀ နှစ်ကြာပြီးနောက် ၂၀၂၆ မှာ ထပ်မံ၍ တန်းပြန်တက်နိုင်ခဲ့ပါပြီ။ EPL ကို EFL ကနေ ၃ သင်း တန်းတက်လို့လာပါပြီ။ တိုက်ရိုက် နေရာကနေ Coventry, Ipswich တို့၊ playoff ကနေ Hull City ဖြစ်ပါတယ်။
တန်းတက် ၃ သင်း သိရပေမဲ့ EPL ကနေ တန်းဆင်းရမယ့် ၃ သင်းကတော့ မသိရသေးပါဘူး။ ၂ သင်းသာ စောစောစီးစီး အဖြေပေါ်ပြီး ကျန် ၁ သင်းက ဒီနေ့ EPL Round 38 ပွဲစဉ်ပြီးမှ သိရမှာပါ။ Tottenham လား၊ West Ham လားပေါ့။ ကြားရက် ပွဲစဉ်မှာ Arsenal က Burnley ကို ၁-၀ ဖြင့် နိုင်ပြီး City က Bournemouth နဲ့ ၁-၁ သရေကျသွားခဲ့တာမို့ Arsenal တို့ ချန်ပီယံ ဖြစ်သွားခဲ့ပါပြီ။ ချန်ပီယံ အဖြေပေါ်ပေမဲ့ တန်းဆင်းရမယ့်အသင်း အဖြေမပေါ်သေးတာပါ။
Tottenham က Everton နဲ့ အိမ်ကွင်း၊ West Ham က Leeds နဲ့ အိမ်ကွင်း အသီးသီး ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ Tottenham အနေဖြင့် သရေကျရင်ကို EPL မှာ တင်ကျန်မှာ ဖြစ်ပေမဲ့ West Ham အနေနဲ့က အနိုင်ရမှကို ဖြစ်မှာပါ။ ဒါပေမဲ့ ကိုယ်က အနိုင်ရရင်တောင် Tottenham ရဲ့ ပွဲရလဒ်ကို စောင့်ကြည့်ရဦးမှာမို့ ကိုယ့် ကံကြမ္မာက သူများ လက်ထဲမှာ ဖြစ်နေပါတယ်။ Tottenham သာ ကြားရက်က Chelsea နဲ့ပွဲကို သရေ ကျအောင် ကစားနိုင်ခဲ့ရင် နောက်ဆုံးပွဲစဉ် မကစားရခင်မှာ အဖြေက ပေါ်နေမှာ ဖြစ်ပါတယ်။ ခုတော့ Round 38 ထိ ဆက်သွားကြည့်ရမှာပေါ့လေ။
ကျန် EPL ပွဲစဉ်တွေကတော့ ထူးထွေပြီး ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းနေမှာ မဟုတ်ပါဘူး။ ရာသီသိမ်း ပွဲစဉ်တွေ ဖြစ်နေတယ် ဆိုပေမဲ့ ဇယားထိပ်ပိုင်း အသင်းတွေက အပြောင်းအလဲ ဖြစ်ဖို့ မရှိသလောက် နည်းသွားခဲ့ပြီကိုး။ ဒီနှစ် အမှတ်ဘယ်လောက်ရပြီး အဆက့် ဘယ်လောက်နဲ့ ရာသီသိမ်းနိုင်ခဲ့တယ် ဆိုတဲ့ မှတ်တမ်းအတွက် ကစားကြရမှာ ဖြစ်ပါတယ်။
Women's UCL Final ပွဲစဉ်မှာတော့ Barcelona women အသင်းက OL Lyonnes အသင်းကို ၄-၀ ဖြင့် ဂိုးပြတ် အနိုင်ရပြီး ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။ ဂိုးပြတ်လို့ ခြေပြတ်နေတယ် ပြောလို့ မရပါဘူး။ ဒီ ၂ သင်းက ကစားအား ကစားပုံ အတော်လေး ကောင်းကြပါတယ်။ အပြန်အလှန် ထိုးဖောက် တိုက်စစ်ဆင်မှုတွေကိုလည်း မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ ယခုပွဲစဉ်မှာတော့ UCL ရဲ့ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ OL Lyonnes ထက် Barcelona women အသင်းက ကစားတာ ပိုကောင်းနေခဲ့ပါတယ်။ ဒုတိယပိုင်း ၅၅ မိနစ် နောက်ပိုင်းမှာမှ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ Congratulations Barcelona women Team.
(photos from EFL & women's UCL pages)