Actifit က Milestone reward တွေ click မရဘဲ ဖြစ်နေ၏။ ဒီ ၃၊ ၄ ရက်မှ ဖြစ်နေခြင်း ဖြစ်၏။ Free, 5K, 7K, 10K reward တွေ ယူဖို့က ၃၀ စက္ကန့်စာ ကြော်ငြာ လေးတွေ ကြည့်ပေးရ၏။ ကြော်ငြာ ကြည့်ပြီးမှပဲ reward က မိမိ wallet ထဲ ဝင်မည် ဖြစ်၏။ ခုက ကြော်ငြာ မတက်လာတော့ reward က click လို့ မရနေခြင်း ဖြစ်၏။ ပြီး ၄ ခုမှာ ၄ ခုလုံး မရတာမျိုး မဟုတ်ပေ။ ရချင်တဲ့ဟာ ရပြီး၊ မရတဲ့ဟာကြ မရ ဖြစ်နေခြင်း ဖြစ်၏။ အဆန်းကြီး။
Actifit app များ update လုပ်နေလို့လား ဆိုပြီး တရက်၊ နှစ်ရက်လောက် စောင့်ကြည့်သေး၏။ ဒါပေမယ့်လည်း မထူးလာပေ၊ ဖြစ်မြဲ ဖြစ်နေ၏။ သို့နှင့် Actifit group မှာ သွားမေးရတော့၏။ Admin က မင်း ဘယ် နိုင်ငံကလည်း Google Ad sense က တချို့ နိုင်ငံတွေမှာ မပေါ်တာမျိုး၊ မရတာမျိုးတွေ ရှိကြောင်းပေါ့။ အရင်က ရပြီး၊ ခုမှ မရခြင်း ဆိုတော့ သေချာပြီ ကြင်စိုးကြောင့် ဆိုတာ။
ကြင်စိုးကြောင့် ရင်းနှီး မြှုပ်နှံမှုတွေလည်း စွန့်ခွာ သွားကြသလို online earning လုပ်သူများအဖို့လည်း အရင်ကထက်ကို ပိုပြီး အဆင်မပြေမှုတွေ ပိုမို ကြုံတွေ့ ရတော့၏။ ခုပဲ ကြည့်လေ Ad မတက်လာတော့ ပေ။
သို့နှင့် vpn သုံးလို့ ရမလား ဆိုပြီး request လုပ်တော့ ရကြောင်း ပြောသဖြင့် vpn နဲ့ စမ်းကြည့်တော့ ရနေ၏။ ကြင်စိုးတို့က အတော်လေး ဒုက္ခ ပေးကြသူများ ဖြစ်၏။ ဒီနှစ်ထဲမှာ ဒင်းတို့ကို အပြီး ဖြုတ်ချ နိုင်မှပဲ ရပေလိမ့်မည်။ ထိုသို့မှ မဟုတ်ရင်တော့ ပြည်သူတွေ အတွက် ပိုမိုပြီး ဘေးကြပ်နံကြပ် ဖြစ်လာဖို့သာ ရှိ၏။ ဒါကြောင့်လည်း ပြည်သူတွေ ယခင်ထက် ပိုမို စည်းလုံးစွာဖြင့် ညီညာရုန်းကြဖို့ လို၏။
ယခင် playstore ကနေ app download လုပ်တိုင်း တချို့ app တွေမှာ this item isn't available in your country ဆိုသည့် စာမြင်တိုင်း စိတ်တို ရင်နာခဲ့ရ၏။ ပြည်သူ့ အစိုးရ လက်ထက်မှာ ထိုအခြေအနေတွေကို ပြောင်းလဲပစ်ဖို့ အခြေအနေတွေ ကောင်းခဲ့ပေမယ့် ကြင်စိုးတို့ အာဏာထရူးပြတာနဲ့ ရှေ့တိုးမယ့် ကိစ္စတွေ နောက်သို့ ပြန်ခဲ့ရပြန်၏။ ဒီတကြိမ် တော်လှန်ရေးက နောက်ကျခဲ့ရသမျှကို ဆတိုးနှင့် ပြန်အမှီလိုက်မယ့် လမ်းစပင် ဖြစ်ချေတော့၏။