Everest OS ကို ရက်ပိုင်းလောက် သုံးကြည့်ပြီးနောက် Evolution X သို့ ဒီနေ့ပဲ ပြောင်း တင်လိုက်၏။ Everest OS က ကောင်းပေမယ့် သိပ်မကြိုက်နေပေ။ အဓိကက phone ပြောရင် သူ့ အသံက တိုးနေသည်ဟု ခံစားရ၏။ Rising OS တုန်းကထက်ကို တိုးနေတာ။ ပြီး နောက်တခုက Battery, သာမန်အချိန်မှာ battery က အသုံးခံပေမယ့် တရက်သားက HOK လေး တပွဲ ကစားလိုက်တာ battery အတော်လေး စားသည်ကို တွေ့ရ၏။ ဂိမ်းကစားချိန်ပဲ ဖြစ်တာပါ၊ ကျန်သည့်အချိန်မှာတော့ အဆင်ပြေပါ၏။
ကြိုက်တဲ့ အချက်၊ အဆင်ပြေတဲ့ အချက်တွေလည်း ရှိသလို မကြိုက်တဲ့အချက်၊ အဆင်မပြေတာတွေကလည်း ရှိလို့လာခဲ့၏။ လောက်လောက်လားလား ပြစရာ ဆိုလို့ circle search လေး ရနေတာ တခုထဲသာ။ ကျန်တာက Rising OS ထက်ကို မသာပေ။ Customize လုပ်စရာတွေကတော့ ယခင် Rising OS ထက် ပိုများ၏။ ဒါပေမယ့် သုံးကြည့်ရင်း သုံးကြည့်လာနေရင်းကနေ တဖြည်းဖြည်း မကြိုက် လာနေတော့ပေ။ Rising OS လည်း ပြန် မသုံးချင်နေတာနဲ့ Evolution X ကို တင်ကြည့်ဖို့ ရွေးလိုက်ခြင်း ဖြစ်၏။
Evolution X က ယခင်လို AOSP base မယူတော့ဘဲ lineage OS ကို base ယူထားလိုက်သည်မို့ customization လုပ်နိုင်စွမ်းကတော့ ယခင် Evolution X version တွေ ထက် ပိုနည်းသွားနိုင်၏။ လက်ရှိ version က initial signed version ဆိုတော့ နောက် update version တွေမှာတော့ ပြောင်းလဲကောင်း ပြောင်းလဲ၊ ပိုပြီးတော့ တိုးတက်တာတွေလည်း ရှိလာနိုင်၏။ lineage OS ကို base ယူထားသည်မို့ stable ဖြစ်မှုက ပြောနေစရာကို လိုမည် မထင်ပေ။
Mi 9 lite အတွက် Official support ပေးသည့် Custom ROM ကလည်း lineage နှင့် Evolution X သာ ရှိ၏။ မကြာခဏ update တင်နေရမှာကို သိပ်မကြိုက်လှအေမယ့် Everest OS ကိုမှ မသုံးချင်တော့ရင် ရွေးစရာက သိပ်မရှိတော့ပေ။ Rising OS ပြန်သုံးကြည့်မယ့်အစား Evolution X လေးကို စမ်းကြည့်လိုက်ဦးမည်။ ယခင် Android 11 လောက်တုန်းကတော့ Evolution X ကို သုံးခဲ့ဖူး၏။ ထို့နောက်ပိုင်းမှာတော့ မသုံး ဖြစ်ပေ။ ယခုမှ ပြန်သုံးကြည့်မှာ ဖြစ်၏။
Download လည်း ဆွဲထားပြီးပြီမို့ သုံးကြည့် လိုက်ပါဦးမည်။ ဒီတကြိမ်မှာတော့ Data တွေကိုပါ format ချပစ်လိုက်၏။ Dirty flash ကိုမှ special dirty flash နဲ့ ကြမ်းပစ်လိုက်၏။ ဒီစာကိုတောင် Evolution X ကို တင်ပြီးမှ ရေးလိုက်ခြင်း ဖြစ်၏။ ROM ကို အသေးစိတ် မလေ့လာခင် စာကို အရင်ရေးထားရသေး၏။ တရက်မပျက် ပိုစ့်တင်နိုင်ဖို့ကလည်း လိုသေးသည် မဟုတ်လား။ ထုံးစံအတိုင်း နောက်ရက်တွေမှပဲ details ရေးပါဦးမည်။