တရက်သား Mi9 lite Telegram group မှာ Developer တဦးက ဝမ်းသာ စရာ ဆိုပြီး တခု ထပြော၏။ Mi9 lite (Mi cc9) အတွက် linage OS ကို official အသိအမှတ်ပြု ရပြီး ဖြစ်ကြောင်းပေါ့။ ယခင်က linage OS က Mi9 lite အတွက် official မရှိပေ။ unofficial သာ ရှိ၏။ အမယ် custom rom ကိုများ official, unofficial တွေ လုပ်နေသေးတယ်ဟု ထင်ကောင်းထင်ပေလိမ့်မည်။ custom rom တွေမှာလည်း သူတို့ အရှိန်အဝါနဲ့ သူတို့ပင်။
မိမိ phone ကို company က update ထပ်မချပေးတော့ပေမယ့် custom rom တွေကတော့ ပေးနေသေး၏။ ကျနော့် mi9 lite ဆို miui 12.5 (Android 11) က နောက်ဆုံးပဲ ဖြစ်၏။ ဒါပေမယ့် custom rom တင်မည်ဆိုပါက Android 12 အထိ ရ၏။ ခုဆို မကြာမီမှာ Android 13 တောင် တင်လို့ရတော့မည် ဖြစ်၏။
custom rom ကိုမှာ official နဲ့ unofficial ဘာကွာသည်ကို ယခင်ကတော့ ပြောခဲ့ဖူး၏။ တကယ်တော့ ဘာမှ သိပ်မကွာပေ၊ official က firmware website မှာ မိမိတို့ phone အမျိုးအစား အတွက် firmware download ချပြီး ရယူနိုင်သည့် section လေး တပါတည်း ပါ၏။ unofficial ကတော့ အဆင်ပြေရာ အဆင်ပြေသလို နေရာကနေပေါ့။ ဥပမာ Telegram ကနေပေါ့။ ပြီး official တွေကကြ ota update ရ၏။ recovery တွေ ဘာတွေ ခေါ်နေစရာ မလိုဘဲ update တင်လို့ရ၏။
lineage os ကတော့ မသုံးဖူးသေးပေ။ သူလည်း တော်တော်လေး မိုက်သည် ဆို၏။ custom rom ချင်း အတူတူကိုမှ သူက ပိုပေါ့ ပိုသွက်သည်ဟု ပြောလို့ရ၏။ ပြီး ခုက official ဆိုတော့ ဘာပြောကောင်းမလဲ မိုက်နေရော နေမှာ။ လက်ရှိ သုံးနေသည့် spark os ကနေ ပြောင်းသုံး ကြည့်ရမလားဟု တွေးနေမိ၏။ တခုရှိတာက lineage မှာက လက်ရှိ spark မှာလို customize လုပ်စရာ သိပ်မရှိ မများပေ။ spark မှာက customize လုပ်စရာလေး ပိုရှိ ပိုများ သေး၏။ spark ကတော့ official မဟုတ်ပေ။
ပြောင်းရ မပြောင်းရ ဝေခွဲမရသေးပေ။ firmware တင်ရတာက မခက်ပေ။ data တွေ ထည့်ရ ပြုရ ရွှေ့ရ ပြောင်းရတာက အလုပ်ရှုပ်ခြင်း ဖြစ်၏။ ပျင်းဖို့လည်း ကောင်း၏။ ဒါပေမယ့် firmware ကိုတော့ download ဆွဲထားလိုက်၏။ စိတ်ကူးပေါက်တဲ့အခါ ထတင်ဖို့ပေါ့။ ဒီကြားထဲမှာ တချက်တော့ စောင့်ကြည့်လိုက်ပါဦးမယ်။ spark က A 13 လာမလားပေါ့။ မလာလျှင်လည်း လက်ရှိ spark os (A12) လေးပဲ သုံးနေပြီး linage os (A13) ထွက်မှ ပြောင်းရင်လည်း ပြောင်းတော့မည်။ လက်ရှိ ဒီစာရေးနေတုန်းမှာတော့ Evolution X က A 13 ထွက်လာပြီ ဖြစ်၏။ ပေါလိုက်တဲ့ Custom rom တွေ။