
Magisk ကနေ Modules တွေကို တိုက်ရိုက် download ချပြီး သုံးမရတော့ပေ။ ကြာတော့ ကြာပြီ ဖြစ်၏။ version update ကြောင့်ပဲလား၊ ဒါမှမဟုတ် version နဲ့ မဆိုင် အားလုံး မရတော့တာပဲလား ဒါကိုတော့ မသိပေ။ ခု Magisk version က 25.2 ဖြစ်၏။ ကျနော် သတိထား မိသလောက်ကတော့ 24 မှာ ကတည်းက build in download မပါတော့ဘူး ထင်၏။
Magisk ထဲမှာ တိုက်ရိုက် မရတော့ 3 rd party app သုံးပြီး Modules တွေကို download ချပြီး သုံးရ၏။ Modules အားလုံး ယခု app ထဲမှာ မပါပေမယ့် module တော်တော်များများတော့ ပါရှိ၏။ တချို့ မိမိ လိုချင် သုံးချင်သည့် modules တွေကိုကြတော့ တခြား website တွေမှာ ထပ်ရှာပေါ့။
ပြန်စဥ်းစား ကြည့်တော့ ကျနော်က ဘယ် phone ပဲ သုံးခဲ့သုံးခဲ့ root ဖောက်ပြီးမှ သုံးခဲ့၏။ အစောပိုင်း phone တွေတုန်းကတော့ အဆင်ပြေသည့် root tools, apps တွေ သုံးခဲ့၏။ ဒါပေမယ့် နောက်ပိုင်းမှာတော့ Magisk ပဲ သုံးတော့၏။ Magisk က systemless root ဆိုတော့ တကယ် အဆင်ပြေ၏။

ဘာနဲ့ပဲ root လုပ်လုပ် root လုပ်ဖို့ အတွက် bootloader unlock လုပ်ဖို့ လုပ်၏။ phone အားလုံးက bootloader lock နဲ့ပဲ လာ၏။ security နဲ့ privacy အတွက် ဖြစ်၏။ unlock လုပ်ပြီးရင်တော့ root လုပ်ဖို့က လွဲသွားပြီ ဖြစ်၏။ custom recovery သွင်းပြီး magisk လေး flash လုပ်လိုက်ရုံပင်။ Unlock က ချက်ချင်း ရတာလည်း ရှိသလို တပတ်၊ ၁၅ ရက်၊ ၁ လ အစရှိသဖြင့် စောင့်ရတာမျိုးလည်း ရှိ၏။
ယခင် phone တွေကတော့ root လုပ်ဖို့ သိပ် မရှုပ်ပေ။ V root ဆိုသည့် tool နဲ့ အတော် များများ အဆင်ပြေ လေ့ ရှိ၏။ သိကြသည့် အတိုင်း Unicode မသုံးခင် Zawgyi ခေတ်မှာ phone တွေ root ဖောက်တာ အတော် ခေတ်စားခဲ့၏။ နောက်ပိုင်းမှသာ font အတွက် Zawgyi font ကို build in ထည့်ပေးလာသဖြင့် root ဖောက် စရာ မလိုတော့ပေ။ ပြီးခုက အကုန်လုံး Unicode စနစ်သုံးနေပြီ ဆိုတော့ root လည်း မလိုတော့ပေ။
Sony phone ကိုင်တုန်းက font အတွက် ရည်ရွယ်ပြီး root ဖောက်ခဲ့ဖူး၏။ အဓိကက font အတွက် ဆိုပေမယ့် နောက်ပိုင်းမှာတော့ modified လုပ်ရတာတွေကို ပိုပြီး နှစ်သက် သဘောကျမိ၏။ ကိုယ့်ကို customize လုပ်ရတာကို အတော်လေး သဘောကျ၏။ font ဆို ကျနော် အကြိုက်ဆုံးက Ubuntu font ဖြစ်၏။ Sony phone မှာ ကတည်းက နေ ခု လက်ရှိ phone အထိ Ubuntu font ကိုပဲ တခုတ်တရ သုံး၏။
Android 14 ကို Developer state အနေဖြင့် မိတ်ဆက်ပေး ထားပြီ ကြား၏။ လောလောဆယ်တော့ Custom rom Spark os (Android 13) သုံးနေ၏။ Xiaomi က ကျနော့် phone အမျိုး အစား အတွက် official support အနေဖြင့် miui 12.5 (Android 11) အထိသာ ပေး၏။ ဒီ version က နောက်ဆုံးပင်။ ထို့ကြောင့် ကိုယ့်ကို custom တွေ သုံးနေခြင်း ဖြစ်၏။ Android 14 custom rom လေးကော ရမလားကိုတော့ စောင့်ကြည့်ရပေလိမ့်မည်။
