တနေ့က ChatGPT ကို စမ်းကြည့်ပြီး နောက် ဒီနေ့ တခြား တခု စမ်းကြည့်၏။ ပုံဆွဲ ပေးသည့် AI ဖြစ်၏။ ChatGPT က text တွေလောက်သာ လုပ်ပေးနိုင်သေး၏။ သို့နှင့် ဒီ တခုကို စမ်းကြည့်ခြင်း ဖြစ်၏။ လွယ်လည်း လွယ်၏၊ လွယ်မှာပေါ့ ကိုယ်မှ မဆွဲရဘဲကိုး၊ AI နာမည်က Midjourney ဖြစ်၏။ Disord မှာ အဆိုပါ AI bot ကို အလွယ်တကူ တွေ့နိုင်၏။
မိမိ ကိုယ်ပိုင် Channel create လုပ်ပြီး အဆိုပါ bot ကို channel ထဲ add ပြီး comment ရိုက်ကာ logo တွေ ဆွဲခိုင်းလို့ ရပြီ ဖြစ်၏။ မိမိ လိုချင်သည့် ပုံစံကိုတော့ တိတိကျကျလေး ပြောဖို့ လိုမည် ဖြစ်၏။ အချိန် ခဏလေး အတွင်းမှာပဲ ဆွဲပေး၏။ တပုံထဲ မဟုတ်၊ လေးပုံ တိတိ ဆွဲပေး၏။ ကိုယ်ကြိုက်ရာ ရွေးပေါ့။
တခါတည်း စင်းလုံးချော logo တခု အဖြစ် ထွက်လာခြင်းတော့ မဟုတ်ပေ။ စာသား ဘာညာတွေတော့ မိမိ ကိုယ်ကို မိမိ ပြန် ပြင်ဖို့ လို၏။ ထပ်မံ ပြင်ဆင် မွန်းမံလိုက်ပြီးပါက တော်တော်လေး ကောင်းပြီး တော်တော် ပြီးပြည့်စုံသည့် logo တခု၊ ပုံ တခု ရလာမည် ဖြစ်၏။ အပျော်ပဲ ဖြစ်ဖြစ်၊ လုပ်ငန်း တခုခု အတွက်ပဲ ဖြစ်ဖြစ် စမ်းကြည့် နိုင်၏။
ဒါကတော့ ကျနော် စမ်းကြည့် ထားတာလေးတွေပါ။
Midjourney အကြောင်း YouTube video တွေကိုလည်း ရှာကြည့်နိုင်ပါတယ်။ လေ့လာချင်သူတွေ အတွက် နမူနာ YouTube video တွေလည်း တင်ပေးလိုက်ပါတယ်။