
ကဲ ကျနော် မနေ့က ပြောထားတဲ့ ကျနော့်ရဲ့ Hive နဲ့ အခြား online Earnings တွေနဲ့ ပတ်သက်လို့ ကျနော် ရချင်၊ ဖြစ်ချင်၊ လုပ်ချင်၊ ရောက်ချင်တဲ့ ပန်းတိုင်တွေ အကြောင်းလေး ပြောလိုက်ရအောင်။
Goal 1
..... ..... .....
မိမိ ပိုစ့်ကနေ အမြဲ 1$ အနည်းဆုံး ရ ရမည်။ ဒါက မိမိ ရေးသား အားထုတ်မှုနဲ့လည်း ဆိုင်သလို ကိုယ့်ကို vote ပေးမယ့် သူတွေနဲ့လည်း ဆိုင်ပေလိမ့်မည်။ ပြီး ကိုယ့်မှာ Hive power ဘယ်လောက် ရှိလဲကောပေါ့။ ကျနော် မကြာခဏ ပြောပြောနေလေ့ ရှိသည့် ကျနော်တို့ မြန်မာ အဖွဲ့ဝင်ထဲမှာ Hive power 10000 ကျော်သူတွေ အများကြီး ရှိရင်လည်း ဒီ ပန်းတိုင်က ဖြစ်လာနိုင်၏။ ခုလည်း ကိုယ်စီ power စုနေကြသည်မို့ တချိန်တော့ ဖြစ်လာ ပေလိမ့်မည်။ အနှေးနဲ့ အမြန်ပေါ့။ ပိုစ့်တခုကို 1$ ကနေ 5$ ထိုမှသည် 10$ ထိဆီသို့ ကျနော်တို့ လှမ်းလိုက်ကြရအောင်လား။
Goal 2
..... ..... .....
Saving မှာ 1000 HBD ထည့်နိုင်ရမည်။ လွန်ခဲ့သော နှစ်ကာလ တခုမှာတုန်းက saving ထဲ 100 HBD ထည့်ထား နိုင်ခဲ့ဖူး၏။ သို့ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် ထုတ်ယူပြီး အသုံးပြုလိုက်ရသဖြင့် ယခုအခါ saving ထဲမှာ 1 HBD သာ ကျန်တော့၏။ မိမိရဲ့ ပထမ target ဖြစ်သည့် 1000 HBD အစား 100 HBD ပြန်ရောက်ဖို့တောင် မလွယ်သည့် အနေအထား ဖြစ်သွားခဲ့ရပြန်၏။ LOA project ရှိနေတုန်းကတော့ စိတ်ကူးယဉ်ခဲ့ဖူးတာ ရှိ၏။ LOA tokens တွေကို HBD သို့ ချိန်းပြီး saving ထဲ ထည့်မယ်ပေါ့။ ခုတော့ LOA project ကလည်း ရပ်သွားခဲ့ပြီမို့ အဆိုပါ စိတ်ကူးကလည်း လေထဲ လွင့်ပြယ်လို့ သွားခဲ့ရပြီ။ အချိန်ပေးပြီး ပြန်လည် ကြိုးစားစုရပါဦးမည်။ 1 HBD ကနေ 100 HBD သို့၊ ထိုမှသည် 1000 HBD ကနေ သောင်း သိန်း HBD ထိတိုင်အောင်ပေါ့လေ။

Goal 3
..... ..... .....
ကျနော့်ရဲ့ 100% voting power နဲ့ vote ပေးရင် 1$ ဖြစ်ရမည်။ ဒါက Goal 1 နဲ့ အပြန်အလှန် ချိတ်ဆက်မှု ရှိ၏။ လက်ရှိ ကျနော့်မှာ ရှိသည့် Hive power ပြီး Hive ဈေး အခြေအနေပေါ် မူတည်ပြီး ကျနော် 100% voting power နဲ့ vote ပေးရင် 0.03$ ပတ်ခြာလည်တော့ တဖက်သူ ရ၏။ voting power လျော့သွားရင်တော့ ရသည့် ပမာဏလည်း လျော့သွား နိုင်၏။ Hive power များလာသည်နဲ့အမျှ ထိုအချက်ကလည်း ဖြစ်လာ နိုင်ပါ၏။ အချိန်တော့ ပေးရမပေါ့။
Goal 4
..... ..... .....
ဘယ်တော့မှ power down မည် မဟုတ်။ ဒါကတော့ Goal ထဲ ထည့်ရမည့် အရာတော့ မဟုတ်ပေ။ ဒီအတိုင်း သန္နိဌာန် ချထားသည်ဟု ဆိုရမည်ထင်။
Goal 5
..... ..... .....
Hive မှာ ပိုစ့်တင်ခြင်း အပြင် အခြား online Earnings တွေကနေ တရက် စုစုပေါင်း 10$ ရရမည်။ ဒါက လက်ရှိ အနေအထားနဲ့ ကြည့်ရင် နည်းနည်းတော့ ရယ်စရာ ကောင်းနေပေလိမ့်မည်။ လက်ရှိ တရက် 1$ လောက် ဝင်နေရင်ထားပါဦး။ ခုက 0.5$ လောက်တောင် မရ၊ မဝင်သေးတဲ့ဟာကို မင့်ဟာက များတာပေါ့ဟု ဆိုလို့တော့ ရမည်။ နို့ဆိုပေမယ့်လည်း လုံးဝ မဖြစ်လာနိုင်သည့် အရာမျိုးတော့ မဟုတ်ပေ။ အချိန်တော့ ပေးရမည်။ ကြားထဲမှာ ကိုယ်လုပ်နေသည့် project ကိုယ်ကိုင်ထားသည့် tokens တွေက အခြေအနေကောင်းလာ၊ ဈေးတက်လာတာမျိုး ရှိလာရင်တော့ အချိန်တိုတိုနဲ့ ဖြစ်လာနိုင်၏။
လောလောဆယ်တော့ ဒီ ပန်းတိုင်၊ မိုင်တိုင်လေးတွေသာ။ နောက်ထပ် ထပ်မံ ဖြည့်စွမ်းရမည့် ပန်းတိုင်လေးတွေလည်း ရှိနေပါသေး၏။ သို့ပေမယ့် လောလောဆယ်မှာတော့ လက်ရှိ မျှော်မှန်းထားသည့် အရာတွေထဲကမှ အဖြစ်နိုင်ဆုံး အရာကို အရင်ဆုံး ပြည့်အောင် လုပ်ရပေလိမ့်မည်။ အပျင်း မထူဘဲ ကံ ဉာဏ် ဝီရိယ သာ သေချာ စိုက်ထုတ်မယ်ဆို လမ်းကြောင်းလည်း မှန်မယ်ဆို အချိန်တိုတိုနဲ့ လိုရာ ခရီး ရောက်ပေလိမ့်မည်။
တချိန်မှာတော့ passive income လေးနဲ့ သာသာယာယာ အေးအေးလူလူ ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရနေမယ့် ဘဝလေးကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါ၏။