Freebit က Magic Wheel Daily 4 ကြိမ်ကနေ 5 ကြိမ် ပြောင်းပြီး ရနေပြီ ဖြစ်၏။ btc စျေးက တက်လိုက် ကျလိုက်နဲ့ ဆိုတော့ လောလောဆယ် တနာရီ တခါ claim တာကနေ 7 satoshi လောက်သာ ရတော့၏။ ယခင်က 10 satoshi လောက်ရ၏။ ကနဦး စ claim တုန်းက btc စျေးတွေ မများခင်တုန်းက တနာရီတခါ claim တိုင်း satoshi ရာဂဏန်းလောက် ရ၏။ ခုလိုသာ စျေးများလာမယ်မှန်းသိရင် အဲ့တုန်း ကတည်းက မှန်မှန်လေး စုခဲ့သင့်သားဟု တခါတလေတော့လည်း တွေးမိသား။ ကြားထဲ မစု ဖြစ်ဘဲ ပစ်ထားခဲ့မိသည့် အချိန်တွေကိုလည်း နှမြောမိသေး၏။
Magic wheel ကတော့ ယခု နောက်ပိုင်းမှ ပါလာခြင်း ဖြစ်၏။ Freebit က ဖန်တီးထားသည့် fun tokens နဲ့ Magic wheel လှည့်ခွင့် အကြိမ် အရေအတွက်က ဆက်စပ်မှု ရှိ၏။ premium member ဖြစ်မှ Magic wheel လှည့်ခွင့် ရမည် ဖြစ်၏။ premium member ဖြစ်ဖို့က သတ်မှတ်ထားသည့် fun tokens ပမာဏကို ဝယ်ယူပြီး hold (stake) လုပ်ထားဖို့ လို၏။ မိမိ hold ထားသည့် fun tokens ပမာဏပေါ် မူတည်ပြီး Daily 3 ကြိမ်၊ 4 ကြိမ်၊ 6 ကြိမ် အစရှိသဖြင့် များများ လာ၏။
သူက ချက်ချင်းကြီး အကြိမ် အရေအတွက် အများကြီး ပေးခြင်း မဟုတ်ပေ။ lock ချသည့် ရက် (ကြာချိန်) မူတည်ပြီး wheels လှည့်ခွင့် အကြိမ် အရေအတွက် တိုးလာခြင်း ဖြစ်၏။ ဥပမာ fun tokens 5000 lock ချထားတယ် ဆိုပါစို့။ ရက်ပေါင်း ၁၈၀ ပြည့်မှ wheel 4 ကြိမ် ကနေ 5 ကြိမ် သို့ တိုးပြီး ရက်ပေါင်း ၃၆၀ ပြည့်မှ နောက်ဆုံး target 6 ကြိမ် ရမည် ဖြစ်၏။ 12500 fun tokens lock ထားပါက wheel လှည့်ခွင့် 8 ကြိမ် (lock after 360) ရမည် ဖြစ်၏။ ပြီးတော့ အတိုးလည်း ရမည် ဖြစ်၏။
အတိုးက နေ့စဥ်တိုး ဖြစ်၏။ 12500 မှာမှ ပါခြင်း ဖြစ်၏။ ထို ပမာဏ အောက် lock လုပ်ထားပါက နေ့စဥ် အတိုး မရပေ။ လောလောဆယ် ကျနော့် target က 12500 ဖြစ်၏။ ထိုပမာဏ ပြည့်မှီဖို့ 7500 funs လောက် လိုနေသေး၏။ တနာရီ တခါ claim ပြီး ရတဲ့ btc တွေနဲ့ပဲ ယခု fun tokens ကို ဝယ်ထားခြင်း ဖြစ်၏။ 7500 funs ကို မကြာမီတော့ ဝယ်နိုင်မည် ထင်ပါ၏။
လက်ရှိ fun tokens စျေးက 0.006$ လောက်ပေါက်နေ၏။ ဖြည်းဖြည်းချင်း စျေးတက်လာနေသည်ဟုလို့တော့ ပြောလို့ရမည်။ ကျနော် စဝယ်တုန်းက 0.002$ လောက်သာ ပေးရ၏။ လက်ရှိမှာတော့ သူက ကျနော့် loa tokens ထက်တောင် စျေးများ နေသေး၏။ loa က လက်ရှိမှာ 0.002$ လောက်ပဲ စျေးကျန်တော့၏။ loa ကြောင့် စိတ်ညစ်နေရမှုကို fun လေးစုပြီး ပျော်ရွှင် ရဖို့ မျှော်လင့် မိ၏။