EPL ရာသီပိတ် ပွဲစဉ်တွေကို နက်ဖြန် Super Sunday တရက်ထဲ တချိန်ထဲ တပြိုက်နက်ထဲ ကစားသွားမှာ ဖြစ်ပါတယ်။ ဒီနေ့ ကြည့်စရာ ပွဲစဉ်အနေနဲ့ အတော်လေး နည်းပါလိမ့်မယ်။ ပွဲကောင်း ၂ ပွဲတော့ ရှိနေပါသေးတယ်။ Championship playoff Final & Women's Champion League Final ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။ ပွဲချိန်တွေကလည်း အဆင်ပြေပါတယ်။ ည ၉ နာရီနဲ့ ည ၁၀ နာရီခွဲတွေမှာ ကစားသွားမှာ ဖြစ်ပါတယ်။
EFL playoff Final ကတော့ အပြောင်းအလဲ အလှုပ်အခတ်တွေ ရှိနေပါတယ်။ Southampton အသင်း အနေဖြင့် ပြိုင်ပွဲ မတိုင်ခင် Middlesbrough အသင်း ရဲ့ လေ့ကျင့်နေမှုကို လာရောက် ခိုးကြည့် မှတ်တမ်းယူသွားတယ်ဆိုတဲ့ ကိစ္စရပ်နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲရောက် Southampton အသင်း ကိုယ်စား Middlesbrough အသင်းကို ဗိုလ်လုပွဲ ကစားခွင့် ပေးလိုက်ခြင်းဖြင့် Southampton အသင်းကို အရေးယူလိုက်၏။ နှမြောစရာပင်။
ဗိုလ်လုပွဲမှာ Hull City vs Middlesbrough တို့ ယှဉ်ပြိုင်ကစားမည် ဖြစ်၏။ Southampton အစား Middlesbrough ကို ကစားခွင့် ပေးလို့ Hull City က အသံထွက်သေးသည်ဟုလည်း အရပ်ဖက် သတင်းတွေ ကြားနေရသေး၏။ Southampton ၏ အနိုင်ရလဒ်ကို ပယ်ဖျက်ကာ ဗိုလ်လုပွဲ ကစားခွင့် မရှိတော့သည်မို့ သူတို့ ချန်ပီယံ ဖြစ်ပြီး EPL တန်းတက်ခွင့် ယူလိုက်တော့မယ်ပေါ့။ Middlesbrough နဲ့ ကန်နေစရာ မလိုတော့ဘူးလေ အစရှိသဖြင့် ပြောနေတယ် ဘာညာပေါ့။
Women's UCL ဗိုလ်လုပွဲကို Norway, Oslo, Ullevaal Stadion မှာ ကစားမည် ဖြစ်၏။ Barcelona women vs OL Lyonnes တို့ ယှဉ်ပြိုင် ကစားမည် ဖြစ်၏။ စပိန်ရဲ့ အအောင်မြင်ဆုံး အသင်းနှင့် ပြင်သစ်၏ အအောင်မြင်ဆုံး အသင်း ထိပ်တိုက်တွေ့ဆုံနေသည့် ဗိုလ်လုပွဲ ဖြစ်၏။ မနှစ်က ချန်ပီယံကတော့ Arsenal women အသင်း ဖြစ်၏။ ဆီမီးဖိုင်နယ်မှာ OL Lyonnes အသင်းကို ဖြတ်ကျော်ပြီး ဗိုလ်လုပွဲမှာ Barcelona women အသင်းကို အနိုင်ရသွားခြင်း ဖြစ်၏။
ဒီနှစ် ဆီမီးဖိုင်နယ်မှာတော့ OL Lyonnes အသင်းက ဆီမီးဖိုင်နယ်မှာ Arsenal women အသင်းကို အနိုင်ယူပြီး ဗိုလ်လုပွဲ တက်လာခဲ့ခြင်း ဖြစ်၏။ ၃ ကြိမ် ချန်ပီယံနဲ့ ၈ ကြိမ် ချန်ပီယံတို့၏ တွေ့ဆုံမှုက စိတ်ဝင်စားစရာပင်။ ဒီ ၂ သင်း UCL final မှာ ၃ ကြိမ် ဆုံဖူး၏။ Barcelona women အသင်းက ၁ ကြိမ်၊ OL Lyonnes အသင်းက ၂ ကြိမ် အနိုင်ရ ဗိုလ်စွဲထား၏။
(photos from EFL & women's UCL pages)