ဒီနေ့ မနက် ၁ နာရီမှာ Bundesliga တန်းတက်ခွင့် ပွဲစဉ် ကစားခဲ့ပါတယ်။ လိဂ် ပြိုင်ပွဲတွေမှာ နိုင်ငံအလိုက် မတူညီတဲ့ တန်းတက် တန်းဆင်း ပုံစံတွေ ရှိပါတယ်။ တခြားလိဂ်တွေထက် စာရင် Bundesliga က ထူးခြားပါတယ်။ ဥပမာ EPL မှာဆိုရင် ဇယား အောက်ဆုံးက အဆင့် ၁၈၊ ၁၉၊ ၂၀ ၃ သင်း တန်းဆင်းရပါတယ်။ EFL မှာ အဆင့် ၁၊ ၂ ရတဲ့အသင်းက EPL ကို တိုက်ရိုက်တန်းတက်ခွင့်ရပါတယ်။ အဆင့် ၃၊ ၄၊ ၅၊ ၆ အသင်းတွေကတော့ playoff ထပ်ကစားရပြီး အနိုင်ရတဲ့ အသင်းက တန်းတက်ခွင့် ရမှာ ဖြစ်ပါတယ်။
EPL တန်းတက်ခွင့် playoff ပြိုင်ပွဲက ပြီးသွားခဲ့ပါပြီ။ Hull City အနိုင်ရ ဗိုလ်စွဲကာ တန်းတက်ခွင့် တနေရာ ရသွားခဲ့ပါပြီ။ Coventry နဲ့ Ipswich တို့ကတော့ တိုက်ရိုက် တန်းတက်ခွင့်ရထားပါတယ်။ EPL ကနေ EFL ဆင်းရမယ့် အသင်းတွေကတော့ West Ham, Burnley & Wolves တို့ ဖြစ်ပါတယ်။
Bundesliga မှာက EPL မှာလို အသင်း ၂၀ နဲ့ မဟုတ်ပါဘူး။ ၁၈ သင်းပဲ ရှိပါတယ်။ Bundesliga 2 မှာလည်း ၁၈ သင်းပါပဲ။ ၃ သင်း တန်းဆင်း၊ ၃ သင်း တန်းတက်ပါပဲ။ Bundesliga 2 မှာ အဆင့် ၁၊ ၂ ရတဲ့အသင်းက Bundesliga ကို တိုက်ရိုက် တန်းတက်ခွင့်ရပါ ဖြစ်ပါတယ်။ ကျန် တနေရာ အတွက်ကိုတော့ အဆင့် ၃ အသင်းက playoff တနည်းအားဖြင့် Qualification ကစားရမှာ ဖြစ်ပ်တယ်။
Bundesliga 2 မှ အဆင့် ၃ အသင်းက Bundesliga မှ အဆင့် ၁၆ အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ အဆန်းပါ။ ထို့ကြောင့် Bundesliga မှာ အဆင့် ၁၆ ရတဲ့ Wolfsburg အသင်းဟာ Bundesliga 2 မှာ အဆင့် ၃ ရတဲ့ Paderborn အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ တကျော့ထဲ မဟုတ်ဘဲ နှစ်ကျော့ အိမ်ကွင်း၊ အဝေးကွင်း ကစားရမှာ ဖြစ်ပါတယ်။
ပထမကျော့ Wolfsburg ကွင်းမှာ ဂိုးမရှိ သရေကျခဲ့ပြီး ဒုတိယကျော့ Paderborn ကွင်းမှာ Paderborn က ၂-၁ ဖြင့် အနိုင်ရကာ နှစ်ကျော့ပေါင်း ၂-၀ ဖြင့် တန်းတက်ခွင့် ရသွားခဲ့ပါတယ်။ Wolfsburg ကတော့ တန်းဆင်းသွားရပါပြီ။ ပထမပိုင်း ၃ မိနစ်မှာ ကတည်းက ဦးဆောင်ဂိုး ရခဲ့ပေမဲ့ ၁၄ မိနစ်မှာ ကစားသမား တယောက် အထုတ်ခံခဲ့ရတဲ့ Wolfsburg တို့ အနေဖြင့် လက်ကျန် ပွဲချိန်တွေကို တယောက်လျော့နဲ့ ကစားသွားခဲ့ရတာပါ။ ၂၀၀၈/၀၉ ရဲ့ Bundesliga ချန်ပီယံ Wolfsburg အနေဖြင့် Bundesliga 2 ကို တန်းဆင်းသွားခဲ့ရပြီပဲ ဖြစ်ပါတယ်။
(photos from Bundesliga page)