
အလှည့် အပြောင်းတွေတော့
ဖြစ်လာ ရှိလာနေပြီ
ဖြဲခြောက်သူတွေ
ကြောက်နေရပြီ
မှန်ကန်ခြင်းနဲ့ ရဲရင့်ခြင်းက
ဒွန်တွဲနေတာလေ
မမှန်တာတွေ လုပ်မှတော့
ရဲရင့်ခြင်းက ဘယ်ရှိတော့မလဲ
ဆယ်တန်း မြန်မာစာ သင်ရိုးထဲက
သူကြီး ဦးအောင်ဒွန်းလိုပေါ့
အထက်အမိန့် အထက်အမိန့်နဲ့
ဖြစ်လာသမျှ
ကြုံလာသမျှ
ခါးစီးခံ ထောက်ပင့်ပေးနေရတဲ့
အောက်ခြေကလူတွေ
ခုထိ အသိဝင် နားမလည်ကြသေးဘူးလား
ခင်ဗျားတို့ ဘဘကြီးတွေက
အလုံးစုံ ပျက်သုဉ်းရေးကို
ဦးတည်နေတာ
နိုင်ငံ အတွက် တစိမှ
ကြည့်တဲ့ဟာတွေ မဟုတ်ဘူး
ငရူး (၂) ကောင်
သက်တမ်းထတိုး လိုက်တာပဲ ကြည့်
သူတို့ အတွက် သူတို့ တိုးတဲ့
သက်တမ်း
စိကောင်စီ စိကောင်စီ ဆိုပြီး
ထိပ်ပိုင်းက ကောင်တွေသာ
အရာရာ လုပ်ဆောင် ခြယ်လှယ် နေကြတာလေ
တခုခုဆို
ခင်ဗျားတို့ အောက်ခြေကလူတွေပဲ
စတေးခံ နေရတာလေ
နိုင်ငံတော် အတွက် ဆိုတဲ့
စကားလုံး လှလှလေးနဲ့
ခိုင်းစားနေတာ
အဘတပ်လား
ပြည်သူ့ (နိုင်ငံ) တပ်လား
ကိုယ့်ကိုလည်း စဥ်းစား ကြဦး
ရှူး... ရှူး... သွား
အာဏာရူး... ထွက်သွား
#CivilDisobedienceMovement
#JusticeForMyanmar
#RejectMilitaryCoup
#FightForDemocracy
#SaveMyammar
#HearTheVoiceOfMyanmar