Rabona ကတော့ ပိတ်သိမ်းသွားခဲ့ပြီ ထင်မိ၏။ season 106 အပြီးမှာ ရပ်လိုက်တော့မယ် ပြောထားပြီး season 107 တွေ ဆက်သွားနေတော့ စိတ်ထဲ ထင်လိုက်တာက ဂိမ်းက အဆင်ပြေသွားပြီ။ ဆက် run တော့မယ် ထင်မိခဲ့၏။ သို့ပေမယ့် မနေ့ညက season 107 အပြီးမှာတော့ Rabona သို့ ဝင် မရတော့ပေ။ web က ဘာမှ တုန့်ပြန်မှု မရှိတော့ပေ။ အများကြီး မဟုတ် ပေမယ့် လက်ကျန် RBN လေးတွေကိုတောင် Hive သို့ ပြန် မပြောင်းလိုက်ရပေ။
အချိန်တွေ အကြာကြီး ရပ်တည် နိုင်ခဲ့ပေမယ့် ယခု အချိန်မှာတော့ ရပ်နား သွားခဲ့ပြီ ဖြစ်၏။ ကစားသမားတွေကို nft ပုံစံနဲ့ မလုပ်ထားသလို သူ၏ RBN token ကလည်း လူကြိုက်များသည့် အရာ တခုတော့ မဟုတ် ခဲ့ပေ။ ကစားသမားတွေက ပြင်ပမှာ ရှိသည့် သူတွေ၏ နာမည်တွေ မဟုတ်ပေ။ ဒါကလည်း မူပိုင်ခွင့်တို့ လိုင်စင်တို့နဲ့ ငြိမှာ စိုးသောကြောင့် ဖြစ်မည်။ ထို အချက်လေးက လွဲရင် Rabona ဂိမ်းက တကယ်ကို ဆော့ကစားလို့ ကောင်းခဲ့ပါ၏။
NFT မဟုတ်သည့် အခြား နာမည်ကြီး မန်နေဂျာ ဂိမ်းတွေလိုသာ လုပ်နိုင်ခဲ့မည် ဆိုပါက Rabona ဂိမ်း ယခုထက် ပိုပြီး ပေါက်နိုင်မည်ဟု ထင်မိ၏။ ခုတော့... ။ ဘာပဲပြောပြော Rabona ကြောင့် ပျော်ခဲ့ရတာကတော့ အမှန်ပင်။ မပိတ်သိမ်းခင်လေး ကစားသမားထဲမှာ မြန်မာနိုင်ငံသား မမြင်လိုက်ရတာကတော့ စိတ်မကောင်း စရာပင်။
လွန်လေခဲ့ပြီးသော လတွေတုန်းက ကျနော်တို့ Hive Myanmar မှ ညီအကိုတွေ nation request မှာ မြန်မာကို ထည့်ပေးဖို့ တောင်းဆို ခဲ့ကြဖူး၏။ ဒါပေမယ့် မဖြစ်လာနိုင်တော့ပေ။ ခုဆို ဂိမ်းပါ မရှိတော့ပေ။
Rabona လို ဘောလုံး ဂိမ်းမျိုး Hive blockchain ကနေ ထပ်မံ ထွက်ပေါ်လာဖို့ မျှော်လင့် မိ၏။ Rabona ရပ်သွားခြင်း နှင့်အတူ Daily 3 posts ကနေ Daily 2 posts သာ တင်နိုင်တော့မည်။ ဒါတောင် Actifit ပိုစ့် သာ သေချာ မည် ဖြစ်ပြီး Hive Myanmar မှာ တင်ဖို့ ပိုစ့်က တင် တရက်၊ မတင် တရက် ဖြစ်နေဦးမည် ထင်၏။ ခုတလော ကျနော် အတော်လေး အပျင်းထူ၊ အပျင်းကြီး နေသောကြောင့် ဖြစ်၏။