ဤစကားသည် အားပေးစကားလေးတခွန်းဖြစ်သည်။မိမိ
ကိုယ်မိမိလည်းmoltivationပေးသင့်သည့်စကားဖြစ်
သည်။မိမိသည်လည်း တခါတခါအပျင်းစိတ်ဝင်မိသည် ။
လုပ်စရာရှိသည့်အလုပ်များကို အချိန်ဆွဲ၍လုပ်မိသည်။
သို့သော်လည်းစိတ်ကဖြစ်ချင်သော်လည်း ရုပ်ကမလိုက်နိုင်
သည့်အခါများရှိသည်။စိတ်ထဲကအားသွန်ခွန်စိုက်လုပ်ချင်
သော်လည်း ကျန်းမာရေးအခြေအနေကြောင့်စိတ်ဓာတ်ကျ
ဆင်းနေသည့်အခါတွေလည်းရှိပေသည်။
ယခုလိုကာလ၌ပို၍ဆိုးသည်။ဖြစ်ချင်သည်များဖြစ်မလာ
သည့်အခါ အလိုလိုနေရင်းစိတ်အလိုမကျဖြစ်နေသည်။
ပုံမှန်ပူဇော်နေသည့် ပဌာန်းဒေသနာတော်အား အဓိဌာန်မ
ပျက်အောင်မနည်းပူဇော်နေရသည်။ကောင်းသည့်အလုပ်
လုပ်ရမည်ကိုလည်းစိတ်ကပျင်းနေသည်။
ဤကာလ၌ လုံးဝအလုပ်မရှိသည့်ဘဝမဟုတ်သော်လည်း
လုပ်သည့်အလုပ်များကလောက်လောက်လားလားဝင်ငွေ
မရပေ။မူးစုပဲစုလေးများဖြင့်ဘဝကိုရပ်တည်နေရသည်။
ကိုယ်လိုစိတ်ခံစားချက်ဖြစ်နေသည့်သူများလည်းရှိနေပေ
မည်။
မိမိနေသည့်နေရာကိုစွန့်ထွက်သွားလိုသည့်စိတ်မျိုးလည်း
မကြာခဏဖြစ်နေသည်။ထို့ကြောင့်စိတ်မလေလွင့်အောင်
စိတ်ဓာတ်မကျအောင်မိမိကိုယ်မိမိ moltivateပေးနေ
ရသည်။
onlineပေါ်၌လည်းairdropများဟိုစပ်စပ်ဒီစပ်စပ်လုပ်
ရင်းရသည်လည်းရှိသည်။မရသည်လည်းရှိသည်။onlineမှzoomဖြင့်Levelမတူကျောင်းသားလေးများ
အား ပေါင်းသင်၍မရပဲတယောက်တချိန်သင်နေရသည်။
အိမ်လာတက်သည့်ကျောင်းသားလေးတယောက်စ
လောက်ရှိသည်။မိမိသည် ၁၀၉ ၁၁၀အလုပ်လက်မဲ့
မဖြစ်သေးဟု ဖြေသိမ့်ရင်းစိတ်မလေလွင့်အောင်ကြိုးစား
နေပါသည်။
မည်သို့ပင်ဆိုစေကာမူ စိတ်မလေလွင့်ပါနှင့်။ကြိုးစားပါ။အလုပ်မရှိသေးလည်း online၌ငွေအရင်းအနှီးမပါဘဲ Freeရှာလို့ရသည့်အလုပ်လေးများရှိပါသည်။ရှာဖွေ၍လုပ်ပါဟု အကြံပေးရင်းဖြင့်နိဂုံးချုပ်လိုက်ပါတော့သည်။
Photo credited from google