မင်္ဂလာပါ။
တစ်နေ့က စစ်ကိုင်းမြို့ မှာ ရှိတဲ့ မိတ်ဆွေတွေဆီ အလည်ရောက်ဖြစ်ခဲ့ပါတယ်။
ထိုမိတ်ဆွေတွေက ရသာရန တိုင်းရင်းဆေး ထုတ်လုပ်ရောင်းချသူတွေပါ။
ရသာရန တိုင်းရင်းဆေး မှာ အဓိက အားဖြင့် ဆင်တုန်းမနွယ် နှင့် ရှောက်သီး ပါဝင်ပါတယ်။
အခြားသော ပရဆေးဘက်ဝင်ပစ္စည်းများလည်း အနည်းငယ် ပါဝင်ပေမယ့် ကျွန်တော်က ဆေးဖော်စပ်သူ မဟုတ်လို့ ဆေးထဲမှာ ပါဝင်သည့် ဆေးဘက်ဝင်ပစ္စည်းများကို အတိအကျ မဖော်ပြတော့ပါဘူး။
ရသာရန ဆင်တုန်းမနွယ် တိုင်းရင်းဆေးကို သောက်သုံးပါလျှင် ထုံကျဉ်ကိုက်ခဲညောင်းညာ ပြေစေပြီး၊ စားကောင်း ဝမ်းမှန် အသက်ရှည်စေပါမယ်။
ကျွန်တော်ကတော့ ထို ဆင်တုန်းမနွယ် ရသာရန တိုင်းရင်းဆေး ထုတ်လုပ်နေပုံကို ကြည့်ရှုပြီး အမှတ်တရ ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။
ကျွန်တော့်မိတ်ဆွေတွေက ဒီတိုင်းရင်းဆေး ကို မိဘထံမှ အမွေ ဆက်ခံရယူခဲ့ပြီး အသေးစား စက်မှု၊ လက်မှု လုပ်ငန်း အဖြစ် တစ်ပိုင်တနိုင် လုပ်ကိုင်နေကြတာပါ။
ဆင်တုန်းမနွယ်ပင်စည်ကို သေးသေးလေးတွေ စိတ်ပိုင်းကာ အခြောက်လှန်းပြီး ပုံထဲမှာ မြင်ရသည့် စက် ဖြင့် အမှုန့်ကြိတ်ပါတယ်။
အောက်ပါ စက် ကတော့ ဆေးဘက်ဝင်ပစ္စည်းများကို ရောသမမွှေတဲ့ စက်ပါ။
ဆေးမှုန့်များကို ရေ ဖြင့် ရောသမမွှေပြီးနောက် အောက်မှာ မြင်ရသည့်အတိုင်း စက်ငယ် လေးဖြင့် နန်းဆွဲပါတယ်။
နန်းဆွဲလို့ရတဲ့ ဆေးချောင်းတွေကို ဆေးလုံးသည့် စတီးလှိမ့်တုန်းစက် ဖြင့် အလုံးလုံးပါတယ်။
ထိုနောက်တော့ ဆေးလုံးများကို နေရောင်ဖြင့် အခြောက်ခံပါတယ်။
ဆေးလုံးတွေ ခြောက်လျှင်တော့ ဗူးများဖြင့် ထည့်ကာ ရောင်းချပါတယ်။
ဒါကတော့ ကျွန်တော် တိုင်းရင်းဆေး ထုတ်လုပ်ရောင်းချသည့် မိတ်ဆွေ၏ အိမ် အလည်ရောက်တုန်း လေ့လာကြည့်ရှုခဲ့တဲ့ မှတ်တမ်းတစ်ခုပါပဲ။
Image source
ဒီဆေးက အသက် ၅၀ ကျော် လူကြီးတွေ အတွက်ကတော့ ဆောင်ထားပြီး စားသုံးသင့်တဲ့ သက်ရှည်ကျန်းမာဆေးတစ်မျိုးပါပဲ။
ကဲ ဝယ်ယူသောက်သုံးချင်ရင်တော့ Image source ထဲမှာ လိပ်စာ နှင့် အကျိုးအာနိသင်တွေ ပါတယ်နော်။