Rising Star Game ကို ကစားလာသည်မှာ ကြာပြီဖြစ်သည်
ယခုကနေစပြီး card ဝယ်ခြင်းကို ခဏရပ်ထားမည်
မြန်မာ community ထဲမှ လူအတော်များများ ကျွန်တော်ထက်
Unique cards, total cards, total fans နှင့် total skill နှစ်ဆနီးပါး
ရရှိလာပြီဆိုမှ card ဝယ်ခြင်းကို ပြန်လည် ဇောက်ချလုပ်မည်ဟု
ဆုံးဖြတ်လိုက်သည် အဘယ့်ကြောင့်ဆိုသော် လုံခြုံစိတ်ချရသော
Crypto တစ်ခုခုကို ဝယ်စုချင်သောကြောင့် ဖြစ်သည်
ဝယ်စုမည်ဟု စိတ်ကူးသော crypto များတွင် Bitcoin, Litecoin
Monero, Cardano, Zcash, Dash, Bitcoin Cash, Bitcoin SV စသည်တို့ကို
နည်းနည်းချင်း ဝယ်စုမည် Defi coin များကတော့ ကျွန်တော့် အနေဖြင့်
စိတ်ချရသည်ဟု သိပ်မထင်ပါ သို့သော် သူတို့က Liquidity Pool များတွင်
ထားရှိပါက ငွေတိုးပွားလာနိုင်သည် သို့သော် ရေရည်ထားလို့ စိတ်ချရသည်ဟု
မထင်ပါ Rising Star Game မှ card များသည်လည်း ဝယ်သူရှိမှ
ရောင်းလို့ရသည် စျေးတင်ရောင်းလျှင် ရောင်းမထွက်ပေ Starbit သည်
စျေးတက်လာနိုင်သော်လည်း စောနက ပြောထားသော coin များလောက်
မကြိုက်ပါ Rising Star Game မှ ရသော Starbit ကို ရောင်းပြီး ထို coin များကို
ဝယ်မည်ဆိုပါက တစ်ပတ်လျှင် 5 USD မှ 10 USD ကြား တန်ဖိုးကို
ဝယ်ယူနိုင်မည် ဖြစ်သည် မိမိ အတွေးလေးကို ရေးပြခြင်းဖြစ်ပါသည်
မိမိ၏ Fans, Skill, Unique and Total cards အဆင့်မှာ
အောက်ပါအတိုင်း ဖြစ်သည်