ကျွန်တော်သည် ရုပ်ရှင်ဇာတ်ကားများကိုကြည့်သည့်အခါ
ပျော်ရွှင်ဖွယ်ရာ၊ ကြည်နူးဖွယ်ရာ ဇာတ်ကား
များကို ရွေးကြည့်သည်။ စိတ်ဆင်းရဲစရာ ဇာတ်လမ်း
များကို ရံဖန်ရံခါမှသာ ကြည်သည်။ ယနေ့ YTV
မှာ လာနေသော အိန္ဒိယဇာတ်ကား မင်းသားကြီး
အမီတာဘဂျမ်း၏ Black ဟု အမည်ရ
ဇာတ်ကားဖြစ်သည်။ ဆွံ့အနားမကြား
ကလေးမလေးကို သင်ကြားပေးသည့် ဇာတ်ကား
ဖြစ်သည်။ ဇာတ်ကားကိုကြည့်ရင်း ရင်ထဲမှာ
ခံစားရသမို့ ဆက်မကြည့်တော့ပေ။ ထိုကားကို
ယခင်က ကြည့်ဖူးထားသဖြင့်လည်း မကြည့်တော့
ခြင်းဖြစ်သည်။
ကျွန်တော်က လွမ်းဆွေး၊ ခံစား၊ ကြောက်ရွံမှု
ဇာတ်ကားများကို မကြည့်ပေ။ အထူးသဖြင့်
သိပ္ပံ ဇာတ်ကားလို မျက်စိကို အလုပ်ပေးများသော
ဇာတ်ကားများကိုလည်း မကြည့်ပေ။ ကိုယ့်အတွက်
အားတက်ဖွယ်၊ ကြည်နူးဖွယ်ဖြစ်စေသော ဇာတ်ကား
များကိုသာ ကြည့်မိတော့သည်။ မျက်လုံးကို
ချွေတာသည်လည်း ပါသပေါ့။ လူဆိုသည်ကလည်း
ကောင်းတာလေးများကိုသာ ခံစားလို၊ လက်ခံလို၊
ကြားနားလိုကြသည်။ အဆိုးများ၊ မကောင်းသတင်း
များကို မကြားလိုကြပေ။
သို့ပေသိ တရားသဘောအရ အကောင်း၊ အဆိုးက
တလှည့်ဆီလာကြသည်။ အများအားဖြင့် အဆိုးက
ပိုမိုလာတတ်သည်။ အဆိုးများကြားမှာ ကောင်းတာ
လေးတွေ ရွေးပြီးသာယာနေတတ်ကြတာကလား။
ယနေ့ ကမ္ဘာကြီး၏ သတင်းကို စပ်စုမိသည်။
Credit lmage.
2026 ခုနှစ် အစ ဇန်နဝါရီလမှာ ကမ္ဘာကြီးမှာ ဖြစ်ပျက်ခဲ့သော
ယာဉ်မတော်တဆမှု၊ ရာသီဥတုကြောင့်ပျက်ဆီးမှု၊ လူတို့ကြောင့် အန္တရာယ်ဖြစ်မှုများကို ဖော်ပြပေးပါ။
လို့ ChatGPT မှာ မေးလိုက်တဲ့အခါ။
2026 ခုနှစ် ဇန်နဝါရီလ (January 2026) တစ်လအတွင်း
ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပျက်ခဲ့မှုများ ကို
အောက်ပါအတိုင်း အဓိက အချက်အလက်များအကြောင်း၊
အကျဉ်းချုပ်နဲ့အတူ တင်ပြထားပါတယ်။
❄️ အမေရိကန် – Winter Storm Fern
အမေရိကန်ပြည်ထောင်စု တွင် Winter Storm Fern ဟာ
ဇန်နဝါရီအတွင်း ရေပေါက်ခဲမိုး၊ ဆီလက်နှင့် နှင်းကြီးများဖြင့် အကျယ်တဝင့် ထိခိုက်ခဲ့သည်။ လူဦးရေ ၂၂၀ သန်းကျော် ထိခိုက်ခဲ့သည်။ တစ်ချို့နယ်မြေတွင် လေ့လာထောက်လှမ်းချက်များအရ
power outage, flight cancelations, dangerous roads စသည်ဖြင့် daily life ကို အလွန်ထိခိုက်ခဲ့သည်။
🌍 Storm Harry – ပြင်သစ်၊ စပိန်၊ တခြားနိုင်ငံများ
Storm Harry ဟာ ဇန်နဝါရီ 16–23, 2026 တွင်
အိုင်ဘာရိယနယ်မြေ နှင့် ပတ်ဝန်းကျင်နိုင်ငံများကို ထိခိုက်စေပြီး
လူပေါင်း 390+ ဦး ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ခဲ့သည်။
🌧️ အင်ဒိုနီးရှား – West Bandung Landslide
ဇန်နဝါရီ 24 ရက်နေ့ လေဒဏ်နှင့် မိုးရွာမှုကြောင့် landslide
ဖြစ်ပြီး အိမ်ပေါင်းများစွာကို ဖုံးလွှမ်းခဲ့ပြီး လူ အနည်းဆုံး 92 ဦး
သေဆုံးခဲ့သည်။
🚆 စပိန် – High-speed Train Crash
ဇန်နဝါရီ 20 တွင် Madrid-Barcelona
high-speed railway တွင် ရထားမတော်တဆမှု
ဖြစ်ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခြင်းများ
ဖြစ်ခဲ့သည်။
🌍 ဂျပန် Snowstorm ထိခိုက်မှု
ဇန်နဝါရီ 20 နောက်ပိုင်း ဂျပန်၏ Sea of Japan ဘက်တွင်
နှင်းကြီးစီးဆင်းမှုကြောင့် လူ သေဆုံး
35+ ဦး ထိ ဖြစ်ခဲ့သည်။
ဖော်ပြပါအတိုင်း ChatGPT ကတင်ပြထားသည်။
သူတင်ပြသည့်အတိုင်း အချို့ စာ အဆင်မပြေမှုများကို
ဖြတ်တောက်ထားသည်။ အခြားသော အကြောင်းအရာများလည်း
ရှိပါသေးသည်။ အဓိက အရာများသာ
ကူးယူဖော်ပြရသည်။ နို့မို့ မပြီးနိုင်အောင် ရှည်လျားစွာ
ဖော်ပြပေးအုံးမည်ဟု ပြောထားသေးသည်။
ထိုသို့သော အန္တရာယ် ဒုက္ခပေါင်းစုံတွေ့ကြုံတွေ့
ကြပါသော်လည်း လူသားဆိုသည်က ပြောခဲ့သလို
အဆိုးများထဲမှ ကောင်းတာလေးကို ရွေးပြီး
သာယာချင်ကြသည်။ သဘာဝ ဘေးအန္တရာယ်များထက်
လူသားတို့၏ လောဘ၊ ဒေါသများ၏ အန္တရာယ်များက
ပိုမိုကြောက်မက်ဖွယ် ကောင်းလာပေသည်။
ထို လောဘ၊ ဒေါသများကို အချိန်မှီ ဘရိတ်အုပ်
နိုင်ကြပါမလားလေ။