Cryptocurrency သည် မြန်မာပြည်မှာ
လှုပ်လှုပ်ရှားရှားဖြစ်လာသည်။
မသိသူများ သိအောင် ကြိုးစားလာသည်။
ယခင်က စိတ်မဝင်စားသူများ
စိတ်ဝင်စားလာသည်။ crypto, Binance
ကို လေ့လာရပြီ။ crypto ကတော့
ရေတေးတေး၊ Binance ကတော့
အကောင့်ဖွင့်ထား ပတ်စ်ပို့မရှိတော့
Verifiedမဖြစ်သေး။
အဲ့ Binance ဆိုတာကို လေ့လာရပါအုံးမည်။
သူက Facebook မှာ ယခုတလော
ကြော်ငြာအားကောင်းစွာဖြင့် လူတို့ကို
စိတ်ဝင်စားအောင် ဖော်ဆောင်နေသည်။
Binance ဆိုတာ exchange
တစ်ခုဖြစ်မည်ထင်သည်။ သူကနေ
ကိုယ်လိုချင် ရချင်သည့် တိုကင် ကွိုင်းများကို
အရောင်းအဝယ်ပြုပေးသည့်နေရာဟု
ထင်သည်။
ဟုတ်သလားတော့ မသိပါ။
အသေးစိတ် ပိုမို တိတိကျကျ သိချင်ရင်တော့
ဆရာ့ ဆရာ့များ၏ ပြောချက်
ရေးသားချက်များကို လေ့လာကြပါ။
ကျုပ်လည်း သိသလောက်
ရွှီးကြည့်တာ။ ကျုပ်လည်း ခုမှ
စလုံးရေးစ စပြီးလေ့လာသင်ယူရပါ
အုံးမည်။
ကျုပ်က Cryptocurrency အကြောင်း
သိသူလို့ ကျုပ်အသိုင်းအဝိုင်းက
ထင်ကြသည်။ သူရို့ ထင်ဆို ထင်စရာပ။
ကျုပ်က steemit ကနေ ယခု Hive
ထိ စာရေးပို့စ်တင်လာသည်။
အထိုက်အလျှောက် crypto ငွေကြေး
လေးများထုတ်ယူ ရရှိထားသူဖြစ်သည်။
ကျုပ်ကလည်း စာရေးပိုစ့်တင်
သည်ကလွှဲ ကျန်တာမသိ။
ခုမှ သူများတွေ crypto ဆိုလို
လေ့လာနေရသည်။ အင်း ခုမှ
လေ့လာသူကြီးကိုဖြစ်ပါရော။
မလေ့လာလိုလဲ မရဘူး။
သိအောင် တတ်အောင်လေ့လာရပါမည်။
ဒါမှ ကိုယ်တတ်နိုင်သည့်ဖက်က
တဖက်တလမ်း အကူအညီလေး
ပေးနိုင်မည်။ အင်း ပြောနေ
ကြာရော့ နွေဦးထီထိုးရအုံးမည်။
တစ်စောင် နှစ်ထောင်တဲ့။
Wavepay နှင့်ထိုးရသတဲ့။
Wavepay က ဗားရှင်းဝမ်းနဲ့မှ
ထိုးရသတဲ့။ ဗားရှင်းမြင့်ရင်
အန္တရာယ်ရှိသမို့ ဆိုလား။
ဟော့ဒီက နွေဦးထီလေး ထိုးကြပါအုံး
ကွယ်ရို့။
မှတ်ချက်။ မည်သို့ နွေဦးထီ ထိုးရမည်
မသိသေးပါ။