ကိုယ့်တွေ နေ့စဉ် ပိုစ့်တင်နေသည်ပင်
Hive နှင့် Cryptocurrency များကို
အဆက်ပျက်သွားသည်။ မနေ့က
Myanmar Hive Community မှာ
ကိုယ်တွေ မသိသေးတဲ့ အရာများကို
တွေ့ရှိရသည်။ အမှန်တကယ်ဆို
Cryptocurrency က ဆိုင်းဝိုင်းကြီးနဲ့
တူနေသလိုပ။ တိုကင်တွေ ကွိုင်းတွေက
ဆိုင်းဆရာတီးတဲ့ ပတ်လုံးလေးတွေအလား။
ကိုယ်မတီး၊ မထိရသေးတဲ့ ပတ်လုံး တိုကင်၊
ကွိုင်းတွေအများကြီးရှိနေသည်။ ကိုယ်တွေ
အဖွဲ့ရဲ့ I Love Hive Facebook Group
ကိုပင် မနေ့ကမှသိရ၍ အဖွဲ့သို့သွားကာ
ကမန်းကတန်းအပ်ရသည်။ ထိုအပြင်
ကိုယ်လို မသိသေးသူများအတွက်
တိုးတိုးတိတ်တိတ်လေးပြောပြရအုံးမယ်။
ဆရာသမား တွေကတော့ ပြောတော့
ပြောကြမှာပဲ သို့သော် ကျုပ်က
တတောင်ပြတာတောင် တမိုက်လောက်
မြင်ဖို့ ခဲယဉ်းတဲ့သူဆိုတော့ကာ။
နောက်ကောက်ကျ ကျန်နေခဲ့တာ မဆန်းပ။
ဒီကြားထဲ leodex က TIX ဘာတွေစိတ်ကူး
ထသလဲမသိ ဝုန်းကနဲ့ ဈေးတွေတက်လိုက်ထာ
ကိုယ်ဝေါလက် ကိုတောင် မျက်စိပွတ်ကြည့်
ပြူးကြည့်ရသေး။ leodex မှာ ယခင်က
Wallet တန်ဘိုးက $50 60 ကျော် ရှိနေရာက
အကျိုးနည်း $2000ကျော် ခုန်တက်သွားတော့
ရင်ဘတ်ကြီးဖိထားရသေး။ အတော်ဆိုးတဲ့
TIX ရောင်း ဝယ်လုပ်ကြည့်တော့လည်းမရ။
မြင်သာမြင် မကြင်ရတဲ့ TIX။ လာပြီး
ကျီစားနေသေး။
လုပ်ပြီ စကားလမ်းကြောင်း မလွှဲပါနဲ့။
အဲ အင်း ဟိုဟာ တိုးတိုးတိတ်တိတ်
ဆိုတာကို ပြောသလား။ ပြောပြမယ်။
ဂလို။ Coinmarketcap ကို သိကြသလား။
အဲ့ Coinmarketcap က ကျုပ်ကတော့
ဟိုက်ဈေးသိဖို့ အသုံးပြုတာ အခြားဘာတွေ
အသုံးပြုရသေးလဲမသိဘူး။ အဲ အခြား
ဘာတွေ အသုံးပြုရသေးလဲဆိုတော့
တခုသိတာရှိတယ်။
အဲ့ တခုက Coinmarketcap က ကျုပ်ကို
Diamonds တွေပေးသဗျ။ သူကပေး
သော်လည်း ကျုပ်ကယူဖို့ မေ့ မေ့နေသေးဗျို့။
လွတ် အသုံးမကျတဲ့ ငါနဲ့ ပေးတာတောင်
မယူတတ်ဘူး။ သူကနေ့စဉ်ပေးတာ
ပေးတာများ ပထမရက်၊ ဒုတိယရက်တွေ
10Diamonds စီပေးတာ။ ရက်ဆက်တိုက်နှိပ်ပြီး
မပျက်မကွက်ယူရင် တတိယနေ့ဆို ပိုပေးတယ်။
ထိုနည်းတူ စတုတ္ထ၊ ပဉ္စမနေ့တွေမှာလည်း
တိုးတိုးပေးသွားသဗျို့။
ကျုပ်များ ဒီလောက်ပေးတာကို လွတ်မေ့တာ
ကလား။ တစ်ရက်နှိပ်ပြီး နောက်ရက်နှိပ်ဖို့မေ့။
နှစ်ရက်နှိပ်ပြီး ဆက်နှိပ်ဖို့မေ့ အဲ့မေ့နေတာနဲ့
10Diamonds ကကို မတက်တော့ဘူး။
ဒီနေ့တော့ သုံးရက်မြောက်နေ့ပ မမေ့အောင်
သတိထားနှိပ်ရအုံးမယ်။ ကျုပ်မပြောပြီလား
Cryptocurrency က ဆိုင်းဝိုင်းကြီးနဲ့
တူပါတယ်ဆို အပတ်ကိုမလည်ပါဘူး
လိုက်နှိပ်နေရတာ။ လွတ်သွားတဲ့ ပတ်လုံး
လေးတွေက ရှိသေးသဗျာ။ စိန်ဗေဒါကြီးတို့
စံတော်ချိန် စိန်ဘမောင်တို့ ဆိုင်းဆရာတွေများ
တော်ချက်။ ပတ်လုံးလေးတွေ တလုံးမှ
မလွတ်စေရဘူး။ ကဲ ကျုပ်တို့အဖွဲ့သားတွေလည်း
Cryptocurrency ဆိုင်းဆရာတွေဟာမို့
တိုကင်၊ ကွိုင်း ပတ်လုံးလေးတွေကို
တိန် တိန် နဲ့ မြည်အောင် မလွတ်တမ်း
တီးလိုက်ကြပါစို့။