ကျွန်တော့်မျက်လုံးကအတွင်းတိမ်ရှိသည်။
ခွဲစိတ်ဖို့ ကိုယ့်မျက်လုံး၏ အမြင်အာရုံဖြင့်
ကောင်းခြင်း မကောင်းခြင်းကို မူတည်၍
ခွဲစိတ်နိုင်သည်။ ခွဲမည် မခွဲမည် စဉ်းစားရင်း
ယခုလို အခြေအနေများ ဖြစ်လာခဲ့သည်။
အချိန်နှစ်နှစ်သို့ပင် ကျော်လာခဲ့မည် ။
ဖုန်းအသုံးများ တီဗွီအကြည့်များပါက
မျက်လုံးက အဝေးသို့ ကြည့်ရာတွင်
ဝေ့ဝါးသည်။ အနီးကြည့်ပါလျှင်လည်း
မျက်မှန်နှင့်မှ အဆင်ပြေသည်။ ကိုယ့်က
ဖုန်းဖြင့် hive မှာ ပိုစ့်တင် စာရေးသည်။
ဒီတော့ ဖုန်းအကြည့်များသည်။
ဘာတွေများထူးခြားသေးလည်း
သိချင်စိတ်ကြောင့် Facebook ကြည့်တော့လည်း
ဖုန်းပွတ်ရသည်။
ဆိုတော့ ဖုန်းနှင့် တီဗွီအကြည့်များက
တလှည့်ဆီ အချိန်ပေးရသည်။ ညကြည့်ပါက
ဖုန်း၊ တီဗွီရောင်ပြန်အလင်းများက
ပိုအန္တရာယ်ရှိသည်တဲ့။ ဒီတော့ ည မှာ
အတတ်နိုင်ဆုံး ဖုန်းမကြည့်မိအောင်
သတိထားရသည်။ မကြည့်မိအောင်
သတိထားဆိုလည်း ကိုယ့်ရဲ့ hive
အဖွဲ့သားများကို သွားကြည့်၍ ကွန့်မန့်ပေးရ၊
စာပြန်ရနှင့် ခဏကြည့်လိုက်ပါမည်က
ကြာသွားတတ်သည်။
အင်း ဒီကြားထဲ hive အပြင် Dbuzz
မှာ ပုံတင်၍ တိုကင်များရသည်။
တိုကင်များရတော့ လောဘတက်ရသည်။
အခြား exchange တွေ ဝယ်ရောင်းမလုပ်တတ်၊
ဂိမ်းတွေ မကစားတတ်တော့ ကိုယ်သိတာလေး
ဖိရေး၊ ပုံတင်ရသည်။
Dbuzz က မဆိုးဘူးပြောရမည်။
ကိုယ်တွေ hive မှာ ခေါင်းစားအောင် စာရေး
ပိုစ့်တင်သည်ပင် Dbuzz ပုံတင်သည်လောက်
ဒေါ်လာမရပေ။ သို့သော် အနှီး hive
သည်က ကိုယ်တွေရဲ့ ပင်မစာမျက်နှာ
ဖြစ်ပေသည်။ တချိန်ချိန်မှာ ဈေးများ
တက်လာပါက hive နှင့် Dbuzz မှာ
စာရေး၊ ပုံတင် နှစ်မျိုး နှစ်ခု၏ အကျိုးကို
အားရ ပါးရ ခံစားကြရပေမည်။
ကိုယ်တွေက hive ဈေး 0.2 ကပင်
တအိအိနှင့် ပိုစ့်တင်လာခဲ့သည်။
Steemit $10 ကျော်စဉ်ကလည်း
စာရေး ပိုစ့်တင်ခဲ့သည်။ ယခု hive
ဈေး $10 ရောက်မည့်အချိန်သို့လည်း
တအိအိ နှင့် စာရေးနေပါအုံးမည်။
အချိန်အခါ ကောင်းသည်နေ့မှာတော့
မျက်စိခွဲစိတ်ရပေအုံးမည်။
ယခုတော့ မြန်မာဆေးလေးစားရင်း၊
မျက်စိကိုချွေတာရင်း၊ hive မှာ
စာတွေရေးရင်းပေါ့။