မန္တလေးမြို့ မြေကွက်များသက်တမ်းတိုးသည်နှင့်ပတ်သက်၍မြေကွက်ရောင်းထားသူ၊ မြေကွက်ဝယ်ယူထားသူတို့၏ အဖြစ်အပျက်များကို မြင်တွေ့ရသည်။
ကိုယ့်အနီးပတ်ဝန်းကျင်မှာ ဖြစ်ပျက်သွားသည့်
မြေကွက်ရောင်းချသွားသူအကြောင်း
ပြီးခဲ့သည့် ပိုစ့်မှာ ရေးသားခဲ့ပြီဖြစ်သည်။
ယခုအခါ မြေကွက်ဝယ်ယူထားသူတစ်ဦးအကြောင်း
ရေးသားပြပါမည်။ သူမသည်ကျွန်တော်တို့လို
ဝန်ထမ်းတဦးဖြစ်သည်။ သူမ အဖေရရှိခဲ့သည့်
မြေကွက်ကိုရောင်းချပြီး မောင်နှမခြောက်ယောက်
ခွဲဝေယူကြသည်။ သူမနှင့် မောင်အငယ်နှစ်ဦးက
အမွေရသည့်ငွေအနက်မှ သိန်း200တန်
မြေကွက်ကို တစ်ကွက်ပြန်ဝယ်ယူလိုက်သည်။
ထိုမြေကွက်တွင်အိမ်ဆောက်၍ အိမ်ငှားထားကြသည်။ ယခုအခါ မြေကွက်မှာ နှစ်(30)သက်တမ်း
ပြည့်၍ မြေဂရန် သက်တမ်းတိုးရတော့မည်
ဖြစ်သည်။ ထိုအခါ မြေကွက်မူလပိုင်ရှင်ကို
လိုက်ရှာရသည်။ ကျွန်တော်ပထမပိုစ့်တွင်
ရေးခဲ့သည့်အတိုင်း ဂရန်သက်သမ်းတိုးသည့်အခါ
မူလပိုင်ရှင်၏ GP ကိုရယူရပါမည်။
သို့မှသာ မြေဂရန်သက်တမ်းတိုးခြင်းလုပ်ငန်း
ဆောင်ရွက်၍ရပါမည်။ သူမတို့သည် မူလပိုင်ရှင်ကိုရှာတွေ့သည့်အခါ GP လွှဲပေးမည် အဆင်ပြေ
ရစေပါမည်ဟု ပြောသည်။ အမှန်တကယ်
တေ့တေ့ဆိုင်ဆိုင်ပြောကြသည့်အခါမှာတော့
GP လွှဲခ သိန်း 50 ပေးရမည်ဟုပြောသည်။
သိန်း200တန် မြေကွက်ဝယ်ထားပြီးမှ
သိန်း50ပေးနိုင်မှာပါ ဟုပြောသည်။
မြေကွက်က ပေ60 ပေ40အကျယ်မဟုတ်ပါ
ပေ30ပေ20အကျယ်သာဖြစ်သည်။
ပေ60 ပေ40အကျယ်မူလပိုင်ရှင်များသည်ပင်
GP လွှဲခ 15သိန်းသာပေးရသည်။ ယခု
အဆိုပါမြေကွက်၏ တစ်ဝက်သာရှိသည့်
မူလပိုင်ရှင်က သိန်း 50 တောင်းသည်
ဆိုတော့ကာ။ အော် လောဘ လောဘ
အတောမသတ်နိုင်တော့ ပရိတ်သတ်ကြီးရေ
ကိုင်တုတ်သာ အော်ဆဲချင်မိတော့တာပဲဟု။