ကျွန်တော်သည် ကွန်ပြူတာကို စတင်ထိတွေ့ခွင့်ရတာ
ရုံးမှာဖြစ်သည်။ ကွန်ပြူတာနှင့်ထိတွေ့ဖို့ ကျွန်တော်လို့
သာမန်လူအဖို့ အတော်အလှမ်းဝေးလှသည်။
ကံကောင်းစွာဖြင့် ရုံးမှာရှိသော ကွန်ပြူတာကို
ထိတွေ့မှုရရှိ၍ ကွန်ပြူတာဆိုတာ ဒီလိုပါလားဟု
သိခဲ့ရသည်။ ရုံးမှ ကွန်ပြူတာရိုက်သူများက ကွန်ပြူတာ
သင်တန်းများသို့ တက်ရောက်ပြီးသင်ကြားကြသည်။
ကျွန်တော်က ထိုကွန်ပြူတာသင်တန်းများသို့
တက်ရောက်ခြင်းမရှိပါပဲ ကွန်ပြူတာ ရိုက်နှိပ်တတ်
ခဲ့သည်။
ဟ သင်တန်းမတက်ပဲ ဘယ်လိုများတောင် ကွန်ပြူတာ
ရိုက်တတ်တာလဲဟု မေးကြပေမည်။ ဒီလိုဗျာ
ကျွန်တော်က ကွန်ပြူတာအခန်းထဲမှာ ကွန်ပြူတာ
ရိုက်သူရဲ့ ဘေးအနားက သူရိုက်မည့် စာများကို
အော်ပေးသည်။ နေ့စဉ်အော်ပေးရသဖြင့် ကွန်ပြူတာ
အဖွင့်အပိတ်ကို သိလာသည်။ ကွန်ပြူတာရိုက်မည့်သူ
မရှိသည့်အချိန်များမှာ လက်ကွက်ဂိမ်းကို ဆော့ကစား
သည်။ ကွန်ပြူတာ လက်ကွက်ကို ကျွမ်းကျင်စွာ
နှိပ်တတ်ပါက ကွန်ပြူတာနှိပ်တတ်ဖို့ မခက်ခဲတော့ပေ။
ဒီလိုနဲ့ ကျွန်တော်က သင်တန်းမတက်ရပဲ ကွန်ပြူတာ
ကို နှိပ်တတ်ခဲ့သည်။

ကွန်ပြူတာနှိပ်တတ်တော့ ဟိုကလိ ဒီကလိနှင့်ပေါ့။
ရုံးမှာ အင်တာနက်ဆိုသည့်အရာကို လာရောက်
ချိတ်ပေးသည့်အခါမှာတော့ ကျွန်တော်သည်။
အင်တာနက်ကို ကလိပါလေတော့သည်။ ဟိုကလိ
ဒီကလိဖြင့် Cryptocurrency လောကထဲ့သို့
ယောင်လည်လည်ရောက်ခဲ့ရပါလေသည်။
ပထမဦးစွာ Crypto ဆရာကြီး Bitcoin နှင့်
ထိတွေ့သည်။ စတိုရှီများ ဖရီးရသည့်နေရာပေါင်းစုံမှ
စုခဲ့သည်။ မှတ်မှတ်ရရ Bitcoin များရောင်းချ၍
ငွေသုံးသောင်းကျပ်ရရှိခဲ့သည်။ ထိုအချိန်ရောင်းခဲ့
သော Bitcoin များသည် ယခုအချိန်ဆိုပါမူ
မည်မျှရမည်မသိပေ။ ထားပါတော့ နေပါစေတော့
ပြန်လွမ်းနေလို့လည်း လွမ်းနေရယုံပေါ့။
ကွန်ပြူတာနှင့်ပတ်သက်၍ မှတ်မှတ်ရရ
NLD အစိုးရလက်ထက်မှာ လက်ကွက်ပြဿနာ
တက်ခဲ့သည်။ ကျွန်တော်တို့က ဇော်ဂျီဖောင့်လက်ကွက်
ကို အသုံးပြုသားကျနေသည်။ အစိုးရက
မြန်မာယူနီကုတ်ဖောင့် ပြောင်းသုံးရမည်ဟု
ညွှန်ကြားလာသည်။ အဲ့မှာ နည်းနည်းစိတ်ခုမိတာပေါ့
အစိုးရကို။ လူဆိုသည်က အလွယ်လမ်းကြိုက်ကြသူက
အများသား။ နဂို မူလ လက်ကွက်ဖြင့် အလွယ်ရိုက်
တတ်နေတော့ အသစ်ကို မတက်ချင်တော့ပေ။
ဒီတော့ ထိုသို့ ပြုပြင်ပြောင်းလဲရေးကာလမှာ
ကွန်ပြူတာလက်ကွက်နှင့် ပတ်သက်၍ အမျိုးမျိုးသော
ဝေဖန်မှုများပေါ်ပေါက်ခဲ့သည်။ သို့ပေသိ ထိုသို့သော
အစိုးရ၏ ပြုပြင်မှုကြောင့် ယနေ့မှာ မြန်မာစာဖြင့်
အေအိုင်နည်းပညာကို အလွယ်တကူဖတ်ရှုလေ့လာနိုင်သလို
အခြားသော ဘာသာစကားများကိုလည်း လေ့လာခွင့်ရခဲ့ကြပေသည်။

မြန်မာယူနီကုတ်နှင့် ဇော်ဂျီဖောင့်အကြောင်းကို
အေအိုင်မှာ မေးကြည့်ရာ အောက်ပါအတိုင်း
တွေ့ရသည်။
ယနေ့ ကျွန်တော်တို့ အင်တာနက်မှာ အသုံးပြုနေသော
စာလုံးဖောင့် မြန်မာယူနီကုတ်ကို အသုံးမပြုခင်က
ဇော်ဂျီဖောင့်ကို အသုံးပြုခဲ့ကြသည်။
မြန်မာယူနီကုတ် (Myanmar Unicode) ဆိုတာက မြန်မာစာလုံးတွေကို ကွန်ပျူတာ၊ ဖုန်း၊ အင်တာနက် စနစ်တွေမှာ တူညီစွာ ဖော်ပြနိုင်အောင် သတ်မှတ်ထားတဲ့ စံနစ်တစ်ခု ဖြစ်ပါတယ်။
အတိုချုပ်ပြောရရင်—
🌐 Unicode က ကမ္ဘာပေါ်ရှိ ဘာသာစကား စာလုံးအားလုံးကို တစ်စုတစ်စည်းတည်း သတ်မှတ်ထားတဲ့
စနစ်
🇲🇲 Myanmar Unicode ကတော့ မြန်မာစာအတွက် သီးသန့် သတ်မှတ်ထားတဲ့ code စနစ်
📱 ဖုန်း၊ ကွန်ပျူတာ၊ website တွေမှာ မြန်မာစာ မပျက်မကွက် ပြနိုင်အောင် ကူညီပေးတယ်။
🔁 အရင်က သုံးခဲ့တဲ့ Zawgyi လို စံနစ်မကျတဲ့ font တွေထက် ပိုပြီး စနစ်တကျ၊ အပြန်အလှန် ကိုက်ညီမှုရှိတယ်။
👉 ထို့ကြောင့် ယနေ့ခေတ်မှာ အစိုးရနဲ့ နည်းပညာပိုင်းဆိုင်ရာအဖွဲ့အစည်းတွေက Unicode ကိုသာ အဓိကအသုံးပြုရန်
အကြံပြုထားပါတယ်။
ပညာရှိများရဲ့ ညွှန်ကြားပြသမှုကို သဘောပေါက်ခဲ့
ကြရသည်။ နောက်တခုရှိသေးသဗျ။ ကွန်ပြူတာနည်းပညာနဲ့
ပတ်သက်လို့ ရုံးလုပ်ငန်းဆိုင်ရာနည်းပညာ
သင်တန်းကိုလည်း အစိုးရကဖွင့်လှစ်ပေးခဲ့ပါသေးတယ်။
ထိုသင်တန်းကို 77လမ်းနှင့် 78လမ်းကြားရှိ
ရွှေဖြူပလာဇာ အပေါ်ထပ်မှာ သင်တန်းပို့ချခဲ့သည်။
ထိုသင်တန်းတက်ရောက်သူများ၏ ပြောကြားချက်
အရ အခမဲ့သင်တန်းပေသည့်အပြင် လက်ဖက်ရည်၊ ကော်ဖီနှင့်
မုန့်များကိုပါ ဖရီးကျွေးမွေးပြုစုပေးပါသေးသည်ဟု
ကြားသိရသည်။ ယခု ခေတ်ဆိုးကြီးမှာ
ဘာရယ်ဟုတ်ပါဘူး။ ဟိုယခင် အချိန်များကို
ပြန်လည်တမ်းတ ရေးမိတာပါလေ။