Power Up မလုပ်သည်မှာ အတော်ကြာပေသည်။
ယနေ့တော့ March 1 ရက်နေ့ဆိုတော့ ပါဝါအပ်
လိုက်ပါသည်။ March 1, 2026 အမှတ်တရ 185 Hive
Power Up ခြင်းပြုလုပ်သည်။ ပါဝါအပ်သဖြင့်
Hive Power သည်လည်း 4000 ပြည့်သွားပေသည်။
အတော်ကြာပါပြီး Power Up ခြင်းမလုပ်ခဲ့တာ။
မှတ်တောင် မမှတ်မိတော့ပေ။ ပါဝါအပ်ဖို့မေ့ကာ
ရရှိသော Hive များကိုပင် ရောင်းစားဖို့ ချောင်
နေခဲ့သည်။ အင်း ကိုယ်ရောင်းမယ်ဆိုမှ
ပြားနှစ်ဆယ်မှသည် ဆယ်ပြားအောက်သို့
ရောက်ရှိခဲ့သည်။ Hive ဈေးသည်က ရောင်းချဖို့
မပြုလုပ်နိုင်အောင် ရက်စက်စွာ ကျပေသည်။
ယခုထိပင် ဆယ့်ပြားသို့ မရောက်နိုင်သော
ဟိုက်ကို စိတ်ဆိုးမိသဖြင့် Power Up မိသည်။
ရောင်းပါမယ်ဆိုမှ ကျလိုက်သည့်ဈေးနှယ်
အတော်စိတ်ဆိုးစရာပင်။ ရှေ့လျှောက်လည်း
ဈေးတက်ဖို့က အကြောင်းမမြင်နိုင်သေးပေ။
အမေရိကန်ပွကြီးနဲ့ အဖွဲ့နှင့် တဇောက်ကန်း
ထင်ရာစိုင်းတို့ ပစ်ကြ ခတ်ကြသဖြင့် ဘာတွေ
ဆက်ဖြစ်လာအုံးမည်မသိ။
ကြားက မြေစာပင် ပြည်သူများ ဒုက္ခများရှာကြပေသည်။
ကမ္ဘာကြီးက လှုပ်လိ လှုပ်လှည့်၊
ကိုယ်တွေရဲ့ Cryptocurrency တွေလည်း ယဲ့ယဲ့
ဆိုသလို။ ကမ္ဘာကြီးက စစ်ရိပ် စစ်ငွေ့တွေကြောင့်
နီနီ၊ ကီုယ်တွေရဲ့ Cryptocurrency ဈေးကွက်ကြီး
ကလည်း နီနီ၊ လက်ပံပွင့်တွေကလည်း နီနီ။
ဟမယ်မင်း ဆိုင်ဆိုင် မဆိုင်ဆိုင် လက်ပံပင် ဓားနဲ့
ချိုင်ဆိုသလိုပါလေ။
တပေါင်းလရာသီ နွေရာသီရောက်ပြီးမို့
ရူးလို့ရသဗျို့။ လေညင်းလေအဝှေ့ ရွက်ဝါနဲ့အတူ
တဖြုတ်ဖြုတ်ကြွေကျနေသော စိတ်ဓာတ်ပါလေ။
နွေပြီး မိုးရောက်လာပါရင် ကျသောစိတ်ဓာတ်တို့
စိမ်းလန်းကောင်းပါရဲ့။ ယခုတော့ နွေမှာ ပုရစ်ဖူးနဲ့
အတူ စိတ်ကူးလေးများလည်း ပြူးတစ်ပြူးတစ်
ထွက်ခွင့် ရှိပါသေးရဲ့လား။