ကျွန်တော့်အကို တာယာပွကြီးက ယမကာထွေလာပါ
လျှင် ရစ်တတ်သူဖြစ်သည်။ ထိုကြောင့် ယခင်ပိုစ့်
တခုမှာ သောက်ရစ်ကြီးဟု အမည်ပေးထားပါသည်။
သောက်လာသည့်အခါ လူတိုင်းကို ရစ်တတ်သဖြင့်
သောက်ရစ်ဟု ခေါ်ရပေသည်။ အရက်မသောက်သည့်
အခါမှာမူ သဘောကောင်းသူကြီးအဖြစ် ပြောစမှတ်ပြုကြသည်။
မှန်ပါသည် တာယာပွကြီးက ယမကာ
မမှီဝဲသည့်အခါမှာ သူရှိသည်ဟုပင် မထင်ရအောင်
တိတ်ဆိတ်စွာ နေလေသည်။
သူက စာဖတ်သူတဦးဖြစ်သည်။ ဖတ်ထားသော
စာများကိုလည်း ပြန်လည်မှတ်သားကာ ပြောဆိုတတ်သည်။
တဖန် ယခုအခါ အစ္စရေး၊ အီရန်နှင့်
အမေရိကန်တို့၏ စစ်ရေးအခြေအနေများကိုလည်း
သတင်းများနားထောင်ကာ ပြန်လည် သုံးသပ်
ပြောဆိုတတ်သည်။ ကျွန်တော်က သတင်းများ၊
စာများဖတ်ပြီး ဖတ်စဉ်ခဏမှာသာ သတိရသည်။
သူလို အခါအားလျှော်စွာ ပြန်ပြီး မပြောတတ်ပါချေ။

တနေ့က ကျွန်တော်သည် သူ့ကို အမေရိကန်နဲ့
အီရန်က ကွယ်ရာမှာ ပေါင်းပြီး လုပ်စားနေကြသလား
မသိဘူးဟု ပြောမိသည်။ ထိုနိုင်ငံ နှစ်ခု၏ စစ်ရေး
သတင်းများအရ ရေနံဈေးများက ခု တက်လိုက်၊
ကျလိုက်။ ဟော့ နောင်သတင်းတခုတက်လာပါလျှင်
ရေနံဈေး ခုတမျိုး၊ တော်ကြာတမျိုး အမျိုးမျိုး
တက်လိုက် ကျလိုက်ဖြစ်နေသည်။ ထိုနိုင်ငံများ၏
စစ်ရေးအခြေအနေကြောင့် ကျွန်တော်တို့၏
Cryptocurrency လောကကြီးလည်း နီရမလို၊
စိမ်းရမလို၊ ရီရမလို၊ ငိုရမလိုဖြစ်ကြသူတွေအများသား။
ထိုသို့ အဆိုပါနိုင်ငံများ စစ်ရေးအခြေအနေကြောင့်
စီးပွားရေးခက်ခဲကြရာတွင် ကမ္ဘာ့နိုင်ငံများအားလုံး
ခက်ခဲကြရသည်။ စစ်ဖြစ်သူများလည်း စီးပွားရေး
ခက်ခဲကြရပေသည်။ အမေရိကန်သည်လည်း
သူဌေးနိုင်ငံဆိုပါသော်လည်း ခက်ခဲသမှုဖြစ်သည်။
အီရန်၏ စီးပွားရေးအခြေအနေကတော့ ပြောစရာ
မလိုပေ။ စစ်ကြောင့် ထိုနိုင်ငံတို့၏ စီးပွားရေးအခြေအနေများကို
သိသာသလိုတမျိုး မသိမသာ
တမျိုး ခက်ခဲကြောင်းကြားသိရသည်။
ထိုသို့သော အခြေအနေမှာ စီးပွားရေးခက်ခဲမှု၊
နိုင်ငံ၏ အခြေအနေကို မသိရသော အစ္စရေး
အကြောင်းကို တာယာပွကြီးက ပြောလာသည်။
အီရန်နဲ့ အမေရိကန်တောင် စစ်ဖြစ်လို့ ငွေကုန်တယ်
ဘာညာပြောနေကြတာ။ အဲ့အကောင်က ဒီလောက်
စစ်ဖြစ်နေတာကို ဘာသံမှ မကြားရဘူးဟုပြောလာသည်။
မှန်ပေသည် သူပြောမှ အစ္စရေးသည်
ဒီလောက်စစ်ဖြစ်နေသည့်ကြားက မနေ့က သတင်း
မှာ တိုက်လေယာဉ်များကိုပင် ထက်မံဝယ်ယူမည်ဟု
ကြားသိရသည်။ ဒီတော့ မိတ်ဆွေတို့ရော အစ္စရေး၏
စီးပွားရေးအခြေအနေကို ကြားမိပါသေလား။
ကျွန်တော် အေအိုင်ကို သွားမေးကြည့်အုံးမယ်။
ချက်ဂျီပီတီက ဒီလိုပြန်ဖြေထားပါတယ်။
စစ်ဖြစ်နေခြင်းကြောင့် အချိန်တိုအတွင်း Israel စီးပွားရေးမှာ
ကျဆင်းမှု
မတည်ငြိမ်မှု
တွေ ကြုံတွေ့ရပါတယ်။
ဒါပေမယ့် နည်းပညာအခြေပြုစီးပွားရေးနဲ့
အပြည်ပြည်ဆိုင်ရာထောက်ခံမှုကြောင့် ရေရှည်မှာ
ပြန်လည်ထူထောင်နိုင်ခြေ ရှိနေပါတယ် တဲ့။
အော် သူရို့နိုင်ငံများက နည်းပညာမြင့်မားကြတာကိုး။