ယနေ့ ပင်စင်သွားထုတ်သည်။ ထုံးစံအတိုင်း
မြို့ထဲသွားရသည်။ မြို့ထဲသွားသည့်အခါ
အိုးဝေငှားသွားသည်။ အိုးဝေငှားသည့်အခါ
သက်သာရန် သုံးဦးပေါင်းစီးသည်။ သို့မှ
အိုးဝေခ သက်သာမည်။ သုံးဦးအနက်
ကျန်နှစ်ဦးက အစိုးရဘဏ်၌ ပင်စင်ထုတ်
ရသည်။
မြို့ထဲ ရောက်သည့်အခါ ကျွန်တော်က ဘူတာကြီး
နှင့် နီးသည့်နေရာ၌ ဆင်းနေရစ်သည်။
ဘဏ်သွားထုတ်သူ နှစ်ဦးက ဆက်လက်
စီးသွားကြသည်။ ကျွန်တော်က ပင်စင်ထုတ်ပြီး
မိတ်ဆွေအိမ်သို့ အလည်သွားနေစဉ် ဖုန်းဝင်လာသည်။
ဘဏ်ထုတ်သူများက သူရို့ပြန်လာ
နေသည်ဟု ဖုန်းဆက်သည်။
ထိုအခါ မိတ်ဆွေအိမ်သို့သွားနေသည့်
လမ်းတဝက်မှ ပြန်လှည့်လာရသည်။
ဘဏ်ထုတ်သူများက ဒီတခါ မြန်လှသည်ဟု
အောင်းမေ့မိသည်။ ယခင်လများက သူတို့ကို
နာရီဝက်ခန့်တော့ စောင့်နေရတတ်သည်။
ယခုတော့ ကိုယ်တွေ ပင်စင်ထုတ်ပြီးလို့
မကြာသေး ဖုန်းဆက်လာသည်။ ထို့ကြောင့်
မိတ်ဆွေအိမ်သို့ သွားနေရာမှ ဆုံးရန် ချိန်းထား
သည့်နေရာသို့ ပြန်လာခဲ့ရသည်။
သူတို့ရောက်လာသည့်အခါ ပင်စင် မထုတ်
ခဲ့ရကြောင်း ကားရပ်ရပ်ခြင်း ပြောကြသည်။
ဘဏ်၌ လူအရမ်းများကြောင်း၊ စောင့်ပြီး
ပင်စင်ထုတ်ပါက ညနေသုံးနာရီအချိန်
ခန့်မှသာ ရမည့်အကြောင်းများ ပြောပြကြသည်။
မနက်ဖန်မှ တခါသွားရောက်ထုတ်ရအုံးမည်
ဟု ပြောကြသည်။
ယခုလ လူများရသည်မှာ တနင်္လာနေ့ပင်စင်
ထုတ်ရက်ကို ဒေပါဝလီနေ့ပိတ်ရက်ဖြစ်သွားသည်။
ထို့ကြောင့် လူများသွားခြင်းဖြစ် ပေမည်။
မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်ထုတ်သူ
သက်ကြီးရွယ်အိုများစွာ စီးတန်းထုတ်ယူ
နေကြသည်။ ကျန်းမာရေးမကောင်းသူများ
လည်း တုတ်ကောက်များ လက်ကိုင်ဒေါက်
များဖြင့် တန်စီးစောင့်နေကြသည်။ ထိုသူတို့ကို
တွေ့ရ မြင်ရသည်မှာ စိတ်မချမ်းသာစွာ ဖြစ်ခဲ့
ရကြောင်းများ ပြောရင်းအိမ်ပြန်ခဲ့ကြသည်။