ပိုစ့်ခေါင်းစဉ်ကတော့ ရုပ်ရှင်အမည်လား၊ သီချင်းအမည်လား
မမှတ်မိပေ။ အဲ့သဟာကို ကူးချတာ။ ကျုပ်လည်း ယခုပိုစ့်ကို
ကော်ပီတော်တော်များ ကူးချတာကလား။ မတတ်နိုင်ပေဘူး
ဒါတောင် တရက်ခြား ပို့စ်တင်တာ။ အခြားသူတွေလို နေ့စဉ်
ပိုစ့်တင်ပါရင် ခက်ရချည်ရဲ့။ ဂလိုဗျာ ပိုစ့်ရဲ့အစကိုက။
2018 ခုနှစ် ထရမ့် သမ္မတပထမသက်တမ်းတုန်းက အီတလီကို
ချစ်ကြည်ရေးခရီးသွားရင်း ရှင်၊ လူ၊ ဗိုလ်ပုံအလယ်မှာ ရှေးခေတ်
ရောမအင်ပါယာကြီး လက်ထက်ကတည်းက အမေရိကန်နဲ့
အီတလီဟာ မဟာမိတ်တွေဖြစ်ခဲ့ကြတာပါလို့ ပြောချလိုက်တယ်။
ဘေးက ဘာသာပြန် အမကြီးမျက်နှာ ဘယ်လိုဖြစ်သွားသလဲကြည့်။
Credit Image.
အဲ့သလို စာသားနဲ့ ဖော်ပြပါပုံကို Facebook
စာမျက်နှာမှာ တွေ့လို့ သဘောကျပြီ ကူးချလာတာ။
မနေ့က အဲ့သဟာ ဖတ်တုန်းက သဘောကျပြီး
ပြုံးမိ၍ ငါလည်း ဒီဟာလေးကူးပြီး Hive မှာ
ပိုစ့်တင်အုန်းမှ ဆိုပြီး ကော်ပီကူး မ ချလာသည်။
ဟော့ ယနေ့ ပိုစ့်တင်မည်ဆိုတော့ ဘာကို ဘယ်လို
အစပြုရေးရမှန်းမသိပေ။
နောက်တခု သူက ရေးသားထားသေးသည်။
အခုလဲ နော်ဝေးအစိုးရဆီ စာပို့တယ်၊ နိုဗယ်ဆုသူ့ကို
မပေးလို့ နော်ဝေးအစိုးရကို ပြစ်တင်ကြိမ်းမောင်းထားတယ်။
နီုဗယ်ဆု ချီးမြှင့်ရေးကော်မတီက နော်ဝေးအစိုးရနဲ့ ဘာမှ
မဆိုင်ဘူးဆိုတာ ကလေးကအစသိနေတဲ့ဟာ။
ဟုတ်ပေ့ဗျို့ ဒီလူ ထရမ့်ဆိုတဲ့ ပုဂ္ဂိုလ် ဘယ်လိုတွေများတောင်
စိတ်ကူးလေသလဲမသိပေ။ အဲ့ သူရေးထားတဲ့
စာအတိုင်း လိုက်ပြီး ရေးရပါမူ။ ကိုယ်တွေက သူရဲ့ ဉာဏ်ရည်ကို
မလိုက်နိုင်တာလာလေ။ ငွေကြေးချမ်းသာ
ပြီ လိုချင်တာရနေသူတွေအဖို့ တခါတရံ ပေါက်ကရ
တွေ တွေးမိတတ်တာ၊ လွတ်သွားတာတွေက အဆန်းတော့
မဟုတ်ပေ။ သို့ပေသိ သူလိုကမ္ဘာ့အင်အားကြီး
နိုင်ငံက သမ္မတတဦး၏ ပေါက်ကရပြုမူချက်က
လူများစွာ၏ အသက်အိုးအိမ်များကို ထိခိုက်ပါမူ
သတိပေးကြရပေမည်။
အင်း ရေးလိုသာရေး၊ ပြောလို့သာ ပြောရပါ့။
ကိုယ်တွေနိုင်ငံသည်ပင် ပေါက်ကရဖြစ်နေမင့်ဟာ။
ဘယ်သူ့ကို ဘယ်လို အပြစ်တင်၊ အပြစ်ပြောရမည်
မသိပေ။ ဒီတော့ ရှေးယခင် ဇာတ်မင်းသားကြီး၏
ပြောဆိုမှုအတိုင်း။ မင်းတို့ကိုလည်း အပြစ်မတင်
ကိုယ့်ကိုကိုယ်သာ သနားလှချည်ရဲ့။ လူတိုင်းနီးပါး
အရေးကြုံလာပါမူ များသောအားဖြင့် ကိုယ့်ကိုကိုယ်သာ
ချစ်ကြပေသည်။ ကိုယ့်ကိုကိုယ်သာ အားကိုးရာ။
အတ္တဟိ အတ္တနော နာထော မိမိကိုယ်သာ ကိုးကွယ်
ကြရပေမည် မဟုတ်လားလေ။