"ဟမလေး"
ဟဲ့ပလုတ်တုတ်"
"အမလေးတော့"
စသော စသော အသံပေါင်းစုံဖြင့် အိမ်တွေပေါ်၊
အိမ်တွေထဲမှ ထွက်ပေါ်လာသည်။ မနေ့က
ည 7နာရီကျော်ခန့်မှာ ဂျိမ်း ဒလိန်းဆိုသည့်
အသံကြီးမြည့်းကာ အိမ်က သိမ့်ကနဲ့လှုပ်ခါသွားသည်။
တူမနှင့် အမတို့၏ အသံများ ပိုဆူညံသွားသည်။
အနောက်ဖက် တရုတ်အိမ်မှ တရုတ်မကလေးများ၏
နှုတ်မှလည်း အသံပေါင်းစုံထွက်ပေါ်ကာ သူရို့
တိုက်ပေါ်မှ ပြေးဆင်းလာကြသည်။
မနက်ဖန်ဆိုပါမူ စစ်ကိုင်းငလျင်ကြီး လှုပ်သည်မှာ
တနှစ်တိတိရှိပေသည်။ တနှစ်ပြည့်ဖို့ နှစ်ရက်အလို
မှာ ကိုရွှေငလျင်က သတိလာပေးသလား အောင်းမေ့
ရသည်။ ငလျင်များက မေ့မည်ကြံကာရှိသေး
သူ့ကို သတိရအောင် တဖန်ပြုလုပ်သည်။
ကိုယ်တွေအိမ်က တဲအိမ်ပေမို့ ငလျင်ကို ပြဿနာ
မရှိလှပေ။ နွေရာသီမှာ မီးအန္တရာယ်ကိုသာ သတိထား
ရသည်။
တနေ့ကလည်း နေပြည်တော်မှာ ငလျင်လှုပ်သွား
သေးသည်။ မနေ့က ငလျင်သည် အမရပူရကို
ဗဟိုပြုသည်။ 4.2 အင်အားရှိသည်ဟု သိရသည်။
လူတွေက ငလျင်ချက်မိနေသလို ငလျင်လှုပ်သည်နှင့်
သွေးပျက်နေကြသည်။ ရာသီဥတုက ပူပူ၊
တိုင်းရေးပြည်ရာ၊ ကမ္ဘာ့အရေးကလည်း မသေချာ
ဆိုသလို။ လူတွေက သွေးပျက်ကာ လန့်နေကြသူက
အများသား။
ဟာ သွေးပျက်လန့်သူ မရှိပါဘူးဗျာ။ လူမှုကွန်ရက်
တခွင် ပြဲပြဲစင်မှာ ဇာတ်မင်းသားတွေနဲ့ စည်ကား
နေလိုက်သမှ။ အလှူပွဲတွေက ပေါလိုက်ပါဘိ။
ဆင်တွေ မြင်းတွေနဲ့ အလှူလှည့်နေလိုက်ကြတာ
ဆင်တွေပေါ်ကတောင် လိမ့်ကျသေး။ အင်း အဲ
အဲ့သလိုဟာလည်းရှိသေးသပ။ လူ့ဘဝကြီးက
အဲ့သလိုကြီးပဲဟာ ငိုသူငို၊ ရီသူရီနဲ့ သူ့ဟာနဲ့ သူတော့
ဟုတ်နေတာပါပဲလေ။