မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက
သစ္စာလေးပါးကို ပိုင်းခြားသိမြင်တော်မူသည်။
သစ္စာလေးပါးအနက် သမုဒယသစ္စာ ဟူသည်ကို
လေ့လာမိရာ။ သမုဒယသစ္စာဟူသည်ကား
ဒုက္ခကိုဖြစ်စေတဲ့ အစစ်အမှန်အကြောင်းတရားကို
ဆိုလိုသည်။ ထိုအကြောင်းအရင်းကတော့ တခြားမဟုတ်ပါဘူး
မိမိတို့ရဲ့စိတ်ထဲမှာရှိနေတဲ့ တဏှာဆိုတဲ့
စွဲလန်းတပ်မှတ်မှုပဲ ဖြစ်ပါတယ်။
မိမိတို့ရဲ့ စိတ်ထဲမှာရှိသော စွဲလန်းတပ်မက်မှုတဲ့။
ထိုစွဲလန်းတပ်မက်မှုက တဏှာ ဆိုပါမူ များပြား
လှသည့် တဏှာတွေနဲ့ ကျွန်တော်တို့က ပျော်မွေ့စွာ
အတူရှိနေကြသည်။ တဏှာစေရာ မနေသာ
ဖွေရှာ ဆက်ရသည်တဲ့။ မှန်ပါပေသည်။
ယခုလို ပူသည့်ရာသီမှာ အေးမြသော ဖျော်ရည်လေး
သောက်ချင်သည်။ ဒါလည်း တဏှာပင်မဟုတ်ပါလား။
ထိုအရာကို တဏှာသေးဟု အမည်တပ်မိသည်။
ချစ်သူ သမီးရည်စား၊ အိမ်ထောင်သည်များ၏
ချစ်မေတ္တာကိုလည်း တဏှာဟုခေါ်ဆိုပြန်သည်။
ထိုတဏှာကိုမူ တဏှာကြီးဟု ကိုယ့်ဖာသာ အမည်
တပ်ပေးမိသည်။
တဏှာကြီးကြီး၊ သေးသေး တဏှာဆိုသည်ကတော့
တဏှာပါပဲလေ။ ကြီးရင် ကြီးသလို၊ ငယ်ရင် ငယ်သလို
သူ့အထွာ၊ သူ့အတိုင်းအတာကိုလိုက်ပြီး ခံစားကြရတာ
ပါပဲ။ သမုဒယ နှင့် သစ္စာ အဲ့သလို ခွဲခြားသည့်အခါ
လှပသော အမည်လေးများဖြစ်သည်ကို တွေ့ရသည်။
သို့ပေသိ ထိုအမည်များ၏ နောက်ကွယ်မှာ
မပြီးဆုံးနိုင်သော အရာများရှိပေသည်။ သံသရာကြီး
မှာ ထိုအရာ တဏှာ ဆိုသည်က ဦးဆောင်နေသည်က
များပေသည်။
တနေ့က တူမသူငယ်ချင်း၏ သားလေးတစ်ဦး
လုပ်ငန်းခွင်မှ ခွင့်ဟု ပြောဆိုကာ ပျောက်သွားသည်။
မနက်ပိုင်းမှာ အလုပ်ဆင်းပြီး နေ့ခင်းမှာ ပျောက်သွား
သည်။ မိခင်၊ ဖခင်တို့က ဖုန်းဆက်ပါသော်လည်း
ဖုန်းက ဆက်သွယ်၍ မရ။ တနေ့ခင်းလုံး သူငယ်ချင်း၊
မိတ်ဆွေများကို ဖုန်းဆက်အကြောင်းကြားသော်လည်း
ဘာမှ မသိရပေ။
အသက်က နှစ်ဆယ့်နှစ်နှစ်ဆိုတော့ စိတ်ပူကြရသည်။
မိခင်ဖြစ်သူမှာ သတိမေ့ကာ ဆေးခန်းပို့ရသည့်အထိ
ဖြစ်သည်။ အမိအဖများက စိုးရိမ်ပူပန်းကြီးကြ
ပေသည်။ ကျွန်တော့်စိတ်ကတော့ ထိုသူငယ်
အလုပ်ပြန်လာချိန်ထိ စောင့် စေချင်သေးသည်။
လူငယ်ဘာဝ သမီးရည်စားချိန်တွေ့ချင်လည်း
တွေ့မည်။ သူငယ်ချင်းများနဲ့ အလည် အပတ်
သွားချင်လည်း သွားပေမည်။ ထိုသူငယ် ပြန်လာချိန်
တန်လို့မှ ပြန်မလာပါမှ ရှာဖွေခြင်းပြုလုပ်သင့်ပေ
သည်။
ယခုတော့ နေ့လယ်ခင်းအချိန်မှာ အဆက်အသွယ်
ပျက်သွားသည်နှင့် ထိုသူငယ် အမိအဖများက
စိုးရိမ်လွန်သွားကြသည်။ ညနေ အလုပ်ဆင်းချိန်မှာ
ထိုသူငယ်က အိမ်ပြန်လာသည်။ အမေ၊ အဖေ
လုပ်သူများက သူ့ရို့သားကို ဆူပူကျိန်မောင်း ပြောဆို
ကြသည်။ သားဖြစ်သူက ပြန်ပြောသည်မှာ
ယခုအလုပ်မှာ မလုပ်ချင်၍ အလုပ်သစ်ကို
သွားရှာဖွေခြင်းဖြစ်ကြောင်း ပြောဆိုသည်။
တခါတလေတော့လည်း စိုးရိမ်လွန်အားကြီးသည်က
မကောင်းတတ်ပြန်ပါလေ။