McDonald က ဝင်ငွေနိမ့်သူများ အဆင်ပြေစေရန် ၅ ဒေါ်လာတန် အနပ်စာကို မိတ်ဆက်မည်ဟု ကြေညာတယ်
ထို ၅ ဒေါ်လာတန် အနပ်စာတွင် McChicken တစ်ခု McDouble တစ်ခု အာလူးချောင်းကြော်တစ်ပွဲနှင့် အချိုရည် ပါမည်ဟုဆိုလာသည်
စာရေးသူကတော့ တစ်ခါမှ မစားဖူးပေ နိုင်ငံရပ်ခြားမှ မရောက်ဖူးပေသကိုး
Google တွင် ရိုက်ရှာကြည်ရာမှာတော့ McChicken နှင့် McDouble ဆိုသည်မှာ ဟမ်ဘာဂါဟုပင် ထင်မိသည်
ပြောရမယ်ဆိုရင်တော့ အသားညှပ် ဟမ်ဘာဂါ နှစ်ခု အာလူးချောင်းကြော်တစ်ပွဲနှင့် အချိုရည်ကို ၅ ဒေါ်လာ ကျသင့်ပုံရသည်
၅ ဒေါ်လာဆိုတော့ မြန်မာငွေဖြင့်တွက်ကြည့်ရင် ၂၀,၀၀၀ ကျပ် လျော့လျော့ ရှိပေမည်
မြန်မာနိုင်ငံမှာ FoodPanda ဖြင့် ဆိုင်ကောင်းကောင်းက မှာစားပါကလည်း အသားညှပ် ဟမ်ဘာဂါ ၂ခု အာလူးချောင်းကြော် အချိုရည်ဆို ဒီလောက်ပင် ကျသင့်နိုင်ပါသည်
ဝမ်းနည်းစရာက မြန်မာနိုင်ငံက သာမန်လူတန်းစားများ၏ ဝင်ငွေက ထိုနိုင်ငံသားများ၏ ဝင်ငွေထက် ဆယ်ဆလောက် လျော့နည်းနေခြင်း ဖြစ်သည်
ဝင်ငွေကျ တန်းတူမရဘဲ အစားအစာကျ တန်းတူစျေးပေးကာ ဝယ်စားနေရခြင်းမှာ ဝမ်းနည်းစရာပင်
သို့ဖြစ်ပါ၍ စာရေးသူကတော့ ဒီနေ့ ကန်ဇွန်းရွက်ကြော်နှင့် ကြက်ဥပြုတ်သာ စားလိုက်ရပါတော့ကြောင်း တင်ပြအပ်ပါသည်
ဒီဆောင်းပါးလေးကို အောက်ကလင့်တွင် ဖတ်ရှုနိုင်ပါသည်
https://www.cnbc.com/2024/05/10/mcdonalds-working-on-5-value-meal.html