ဈေးသည်များ၏ ဘဝများကို ပြောပြမည်ဆိုလျှင် စာတွေအများကြီးရေးဖို့ လိုအပ်မည်ထင်ပါတယ်။ ဒါတောင် သူတို့၏ ဘဝအစိတ်အပိုင်း တစ်ချို့ကိုသာ ထင်ဟပ်စေမှာဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ဈေးအတွင်း၌ ငါးသည်၊ ကြက်သည်၊ ဝက်သည်၊ အမဲသားသည်၊ ဆိတ်သားသည်၊ င်းသီးဟင်းရွတ်အစုံရောင်းသည့် ဈေးသည်၊ ပန်းသည် နှင့် အသည်ပေါင်းများစွာ စုပေါင်းပြီးမှ ဈေးတစ်ခုဖြစ်လာရသောကြောင့်ဖြစ်ပါတယ်။
ဈေးသို့လာကြသည့် ဈေးဝယ်သူများမှာလည်း လူတန်းစား အမျိုးမျိုး နှင့် ပုံစံအမျိုးမျိုးရှိနေကြပြန်တယ်။ တစ်ချို့ဈေးဝယ်သူများက ချမ်းသာစွာ၊ တစ်ချို့ဈေးဝယ်သူများက ဆင်းရဲစွာ၊ တစ်ချို့ဈေးဝယ်သူများက မောက်မာစွာ၊ တစ်ချို့က ကြင်နာတက်စွာ စသည့် လူမျိုးစုံတို့သည် ဈေးအတွင်းတွင် နေ့တိုင်း သွားလာလှုပ်ရှားကြပါသည်။
ဒီနေ့တော့ လမ်းဘေးတွင် ဈေးရောင်းချကြရသည့် ဈေးသည်ပေါင်း များစွာရှိသည့်အထဲမှာမှ ကြက်သားရောင်းသည့် ကြက်သားသည်အကြောင်းကို မျှဝေပေးချင်ပါတယ်။ ကြက်သားသည်ကတော့ ရွှေရည် (နာမည်လွဲ) ဖြစ်ပါသည်။
ရွှေရည်( အမည်လွဲ) သည် အသားတိုးကြက် နှင့် ဗမာကြက် ( အမှန်က ကြက်ထီးပေါက်များသာဖြစ်ပြီး အသားတိုးကြက်ကဲ့သို့ မွေမြူကြပါသည် ) ကို ရောင်းချပါတယ်။ ယခင်က ကြက်နီမ ကိုပါရောင်းချရာတွင် အသားတိုးကြက်နှင့် ဗမာကြက်များသာ ရောင်းချပါသည်။
ရွှေရည် (အမည်လွဲ) တို့ ကြက်သားရောင်းပုံက ဆန်းသည်။ ဆန်းဆို ကြက်ကို ကိုယ်တိုင်သတ်ပြီး ရောင်းတာမဟုတ်သောကြောင့်ပါ ( ကျွန်တော် ခုရက်ပိုင်းရေးသားချက်များမှာ ဗုဒ္ဓဘာသာအရ အကုသိုလ် ကိစ္စများပါနေသောကြောင့် အဆင်မပြေဖြစ်ခဲ့လျှင် တောင်းပန်အပ်ပါတယ်)။ ကြက်ဒိုင်က ရွှေရည်ဆိုင်သို့ အမွှေးနှုတ်ပြီးကြက်များကို မနက်တစ်ကြိမ်နှင့် နေ့လည်တစ်ကြိမ် လာပို့ပါတယ်။
ညနေနှင့် မနက်ပို့ထားသော ကြက်များကို မနက်ဆယ်နာရီအချိန်ခန့်တွင် ကြက်ဒိုင်မှ ငွေလာသိမ်းပါတယ်။ ရွှေရည် (အမည်လွဲ) ကတော့ မနက်ခြောက်နာရီလောက်မှ ဈေးသို့ရောက်လာတက်ပြီး ယောကျ်ားဖြစ်သူ ပြင်ဆင်ထားသော ကြက်များကို အဆင်သင့်ရောင်းတက်ပါသည်။
အကုသိုလ်အလုပ်ဆိုပင်မဲ့ ကိုယ်တိုင်သတ်တာလောက်တော့ အကုသိုလ်မများတော့ဘူးပေါ့။ သူလည်း တစ်နေ့ကို အမြတ်ငွေ ငါးသောင်းကျပ်ခန့်ကျန်ပါတယ်။ ကြက်သားရောင်းစားလာသည်မှာ ကြာပြီးမို့ ဖောက်သည်များလည်း အတော်လေး များနေခဲ့ပါပြီး။
ယခုဆိုလျှင် ရွှေရည် (အမည်လွဲ) တို့ မိသားစုသည် ကိုယ်ပိုင်အိမ်ကလေး တစ်လုံးဝယ်ထားနိုင်ပါပြီး။ ရွှေတွဲလည်း ငွေလွဲလည်းဖြင့် အဆင်ပြေနေပါတယ်။
လင်မယား နှစ်ယောက် အတူကြိုးစားသောကြောင့် ခုလိုအဆင်ပြေတယ်လို့ထင်ပါတယ်။ ကျွန်တော်ကတော့ ရွှေရည်( အမည်လွဲ ) တို့ မိသားစု ပိုမိုအဆင်ပြေပါစေလို့ ဆုတောင်းရင်း...