မနေ့က ငဗစ်အကြောင်းလေးကိုမျှဝေပေးခဲ့ပါတယ်။ ဒီနေ့ အတက်သာ ရှိသော ဈေးနှုန်းများအကြောင်းကို မျှဝေပေးပါ့မယ်။ ကျွန်တော်တို့ နိုင်ငံ၏ ငွေကြေးဖောင်းပွနှုန်းသည် အတော်လေး မြင့်မားလျှက် ရှိနေပါတယ်။
မိသားစု အများစုသည် လုပ်ငန်းများ ရပ်ဆိုင်းထားရခြင်း နှင့် ဝင်ငွေမကောင်းခြင်း စသည်တို့ကို ရင်ဆိုင်နေရပါသည်။ အများစုသည် စုဆောင်းငွေများ ထုတ်၍အသုံးပြုနေကြရပြီး ယခုချိန်တွင် ထုတ်ယူသုံးစွဲစရာမရှိ၍ ပိုင်ဆိုင်သမျှကို ရောင်းချကာ အသုံးပြုနေရလျှက်ရှိပါသည်။
နိုင်ငံရေးမတည်ငြိမ်မှု နှင့် ကိုဗစ်ရောဂါ အခြေအနေကြောင့် ကျွန်တော်တို့သည် တစ်ခြားနိုင်ငံများထက် အဆင်မပြေမှု နှစ်ဆ မှ ငါးဆ အထိအခြေအနေဆိုးဝါးလှပါသည်။
နိုင်ငံတကာမှ ပိတ်ဆို့မှု နှင့် ပြည်တွင်းတွင်ဖြစ်ပွားလျှက်ရှိသော အကျပ်အတည်းများကြောင့် မြန်မာငွေကြေးမှာ တန်ဖိုးကျဆင်းလျှက် ရှိနေပါတယ်။
ဒီတစ်ခါတော့ ဈေးနှုန်းများတက်သွားကြသော မုန့်များစွာ ထဲမှ စားသုံးသူများသည့် မုန့် ခြောက်မျိုးအကြောင်း ရေးသားပေးပါ့မည်။
( ၁ ) Fresko ဝေဖာ
Fresko ဝေဖာကို Good Morning မှ ထုပ်ပြီး ဈေးကွတ်အတွင်း ဝယ်ယူစားသုံးများပြားသည့် မုန့်တစ်မျိုးဖြစ်ပါတယ်။ Fresko ကို ယခင်က လက်လီဈေး ၉၅၀ ကျပ် / ထုပ် ရောင်းချခဲ့ရာမှ ခုရက်ပိုင်းအတွင် ၁၀၀၀ ကျပ် / ထုပ် ဖြစ် ရောင်းချနေရပါတယ်။ ယခင်ထက် ၅၀ ကျပ် ခန့် ဈေးတက်ခဲ့ပါတယ်။
( ၂ ) Master Potato
Master Potato ကို မလေးရှားနိုင်ငံက မှာယူတင်သွင်းပြီး ကလေးလူကြီး သဘောကျသည့် သရေစာ တစ်ခုပါ။ ယခင်က လက်လီး တစ်ဘူးကို ၁၅၀၀ ကျပ် ရောင်းချခဲ့ကြသော်လည်း ယခုအခါတွင် တစ်ဘူးကို ၁၆၀၀ ကျ ရောင်းချလျှက်ရှိနေပါသည်။
( ၃ ) Julie's / Shoon Fatt
လူကြီးမိဘများ ကန်တော့ရန်နှင့် လက်ဆောင်ပေးရာတွင် မပါမဖြစ် မုန့်တစ်မျိုးဖြစ်ပါတယ်။ ရောင်းချသူများအတွက် ရောင်းကောင်းသည့် မုန့်တစ်မျိုးဖြစ်ပါတယ်။ ယခင်က ၅၈၀၀ ကျပ် ရောင်းချခဲ့သော်လည်း ယခုအခါတွင် ၆၀၀၀ ကျပ်ဖြစ်သွားခဲ့ပါပြီ။ ( မိသားစု မုန့်မှာ ယခုထက်ဈေးပို၍ မြင့်ပါသည် )
( ၄ ) ထိုင်းတီး / ထိုင်းကော်ဖီ
ယခုကော်ဖီ နှင့် တီး မှာ Best Coffee ၏ ထုတ်ကုန်တစ်ခုဖြစ်ပါသည်။ ဈေးကွက်အတွင်း စတင်ထိုးဖောက်ချိန်တွင် တစ်ထုပ်(ပါကင်)လျှင် ၂၈၀၀ ကျပ် ရှိခဲ့ရာမှ ယခုအခါတွင် တစ်ထုပ်(ပါကင်)လျှင် ၃၃၀၀ ကျပ် အထိ ဈေးနှုန်းရောက်ရှိနေပြီ ဖြစ်ပါတယ်။ ( ထိုင်းတီးနှင့် ကော်ဖီဆိုလျှင် ဖန်ခွက် လက်ဆောင်ရသောကြောင့် လက်ဆောင်တောင်းဖို့ မမေ့ပါနဲ့နော် )
( ၅ ) Gery Crunch Roll
ကလေးများ အကြိုက်ဝေဖာမုန့် အမျိုးအစားဖြစ်ပါတယ်။ အရသာ မျိုးစုံဖြင့် ထွက်ရှိသော်လည်း အများစုမှာ Chocolate အရသာကို ကြိုက်နှစ်သက်ကြပါတယ်။ ယွယွလေးမို့ စားလို့အလွန်ကောင်းပါတယ်။ ယခင်က ၂၄၅၀ ကျပ်သာ ရှိသော်လည်း ယခုအခါဈေးကွက် လက်လီဈေးမှာ ၂၆၀၀ ကျပ်သို့ ရောက်ရှိနေပါတယ်။
( ၆ ) Nabati ဝေဖာ ( ၂ ထပ်ဝေဖာ )
ဈေးကွက်အတွင်း ဝေဖာများစွာရှိသည့် အထဲမှာမှ Nabiti သည် ဈေးကွက်ဝေစုတစ်ခုရယူထားနိုင်သော မုန့်ဖြစ်ပါတယ်။ ကလေးရော လူကြီးပါကြိုက်နှစ်သက်ပြီး သာမာန်ဆိုင်များဆိုလျှင် တစ်ရက်လျှင် တစ်ဖာနှုန်းခန့် ရောင်းချနိုင်ပါတယ်။ ဈေးနှုန်းကတော့ ယခုအခါတွင် တစ်ထုပ်လျှင် ၂၅၀ ကျပ် ကျသင့်နေပါတယ်။
ယခုဖော်ပြပေးခဲ့သည်မှာ ဈေးကွတ်အတွင်း ကလေးများ အများစုကြိုက်ကြသည့် မုန့်များဖြစ်ပါတယ်။ ဈေးဝယ်ကို ကလေးများခေါ်လာခဲ့လျှင် ဒီထဲက တစ်ခုခုတော့ ဝယ်ပေးရမှာ သေချာပါတယ်။
မှတ်ချက်- ဈေးနှုန်းများသည် လက်လီ/ လက်ကား နှင့် ဈေးဆိုင်ပေါ်မူတည်၍ ကွာခြားနိုင်ပါသည်။
©all photo are taken by myself 11.2.2022