ဒီတစ်ခေါက် ကျွန်တော်ပြောပြပေးမည့် Serie လေးကတော့ Netflix က မကြာသေးခင်မှ ပြသနေသော The Silence Sea ဆိုသည့် Korea Drama Series လေးဖြစ်ပါသည်။ ဒီကလေးကို အများစုက "Squid Game" ထက် သာမည်ဟု ပြောဆိုနေကြပါသည်။ အများစုပြောနေသလို ဇာတ်လမ်းလးက အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဝါရင့် သရုပ်ဆောင်များဖြစ်ကြသည့် Gong Yoo, Bae Doona, Lee Joon,Kim Sun-young , Lee Moo-Saeng တို့ပါဝင် သရုပ်ဆောင်ထားပြီး လက်ရှိအချိန်မှာ IMDB Rating 7.2/10 ရရှိထားပါတယ်။ ဒီဇာတ်လမ်းတွဲမှာ အပိုင်း (၈) ပိုင်းပါဝင်ပြီး ဇာတ်လမ်းအမျိုးအစားကတော့ Mystery, Science fiction, Thriller အမျိုးအစားဖြစ်ပြီးရင်ခုန်စိတ်လှုပ်ရှားစရာကောင်းလှပါတယ်။ ဒီတော့ ဇာတ်လမ်းအကျဥ်းလေးသွားကြရအောင်ပါ။ Post လေးမဆက်ခင် ကျွန်တော်ရဲ့ မိတ်ဆက် post လေးကို Support လုပ်ပေးစေချင်ပါတယ် ။ Support Me -> @johndieo/who-am-i-where-am
Photo credit - Netflix.com
ဇာတ်လမ်းအကျဥ်း- ကျွန်တော်တို့ ကမ္ဘာကြီးသည် သဘာဝအရင်းအမြစ်တွေ ကုန်ခမ်းလာခဲ့ပါသည်။ ထင်သာမြင်သာအနေဖြင့် ရေအရင်းအမြစ်တွေ ကုန်ခမ်းလာခဲ့ပါတယ်။ ကျွန်တော်တို့တွေဟာ သောက်ရေအတွက် ရေသန့်စက်တွေမှာ တန်းစီစောင့်ဆိုင်းရပြီး Member ကဒ်တွေလည်း အမျိုးမျိုးခွဲခြားထားပါတယ်။ သဘာဝအင်အားစုများမျှဝေရာတွင် မညီမျှမှုတွေကြောင့် ဆန္ဒပြမှုတွေကိုပါ ရင်ဆိုင်နေကြရပါတယ်။ ကမ္ဘာကြီးသည်လည်း သဘာဝ အရင်းအမြစ်ကုန်ခမ်းမှုကြောင့် ပျက်စီးလုနီးပါဖြစ်နေပါတော့တယ်။
ဒီအချိန်မှာ လကမ္ဘာမှာရှိသည့် ဓာတ်ခွဲခန်းအဟောင်းတစ်ခုဆီမှ ဇီဝပစ္စည်းတစ်ခုကို သွားရောက်ယူဆောင်ဖို့အတွက် Gong Yoo တို့ အဖွဲ့သည်တာဝန်ပေးခံရပါတော့တယ်။ သူတို့၏ အဓိကတာဝန်မှာ ၄င်းဓာတ်ခွဲခန်းအတွင်းရှိ ဇီဝပစ္စည်းတစ်ခုကိုယူပြီး ၂၄ နာရီအတွင်း ပြန်လာဖို့ဖြစ်ပါသည်။
သို့သော်လည်း ဓာတ်ခွဲခန်းသို့ရောက်ရှိသောအခါ ကြောက်စရာကောင်းလှသည့် လျှို့ဝှက်ဆန်းကြယ်မှု နှင့် လန့်စရာကောင်းလွန်းလှသော ကိစ္စများကို တွေ့ဆုံကြပါတယ်။ အစိုးရ၏ ထုတ်ပြန်ချက်မှာ ၄င်းဓာတ်ခွဲခန်းအတွင်းရှိသူများသည် X-ray (ဓာတ်ရောင်ခြည်)ကြောင့် ဖော်ပြခဲ့သော်လည်း တကယ့်တော့ မဟုတ်ပြန်ပါဘူး။ ဒါဆိုနောက်ကွယ်မှာ ဘယ်သူတွေရှိနေမလဲ။ ဘယ်သူတွေက ဘာတွေကို ဖုံးကွယ်ထားကြသလဲ။ သူတို့ရှာနေသည့် ဇီဝပစ္စည်းသည် ရှိမနေတော့ဘဲ အားလုံးအလွတ်တွေဖြစ်နေပြန်တော့ ဒါတွေကိုဘယ်သူယူဆောင်သွားကြသလဲ။ သူတို့အဖွဲ့သားတစ်ယောက်သည် ရုတ်တရက် အသက်ရှူကြပ်လာပြီး ပါးစပ်အတွင်းမှ ရေအများအပြား အမ်ထွက်လာပြီး သွေးကြောက သွေးထွက်ရမည့်အစား ရေတွေထွက်လာပြီး သေဆုံးသွားသည်မှာ ဘာကြောင့်ပါလဲ။ အရင်သေဆုံးသူများ၏ နမူနာများတွင်လည်း ရေနစ်၍ သေဆုံးကြသည့်ဟု အဖြေထွက်လာတာရော ဘာကြောင့်ပါလဲ။ ဒီလို လကမ္ဘာပေါ်မှာ ရေနစ်ပြီးသေစရာအကြောင်းမှ မရှိတာ။
Captain ကရော ဇီဝနမူနာကို ရှာတွေနိုင်မလား။ အန္တာရယ် ကြားထဲကျရောက်နေသော သူအဖွဲ့သားတွေကိုရော ကယ်တင်နိုင်မလား။ Mission ကရော အောင်မြင်နိုင်ပါ့မလား။ အရမ်းစိတ်ဝင်စားဖို့ကောင်းသည့် #kr drama လေးကို ကြည့်ဖို့အကြံပြုခြင်ပါသည်။
အင်္ဂလိပ်စာ Grammar လေးတွေသင်ပေးမည့် သင်တန်းအကြောင်းသိရှိရန် -> @johndieo/basic-grammar-for-everyone-interdiction
#hive-myanmar #myanmar #leo #life #ecency #satire #proofofbrain #oct
John Dieo
25.12.2021