တစ်ခါတစ်လေ ကျွန်တော်တို့သည် ကျွန်တော်တို့ လက်မလွှတ်ချင်သည့် အရာများကို အတင်း ဆွဲထားတက်ပါတယ်။ ဥပမာ - ချစ်သူက လမ်းခွဲချင်သည့် အခြေအနေမျိုးတွင် ကျွန်တော်တို့က အတင်းကပ်ပြီး နေတက်ခြင်း ( သို့မဟုတ် ) စီးပွားရေး မပြေလည် သော်လည်း တစ်နည်းအားဖြင့် အတိုးပေါင်း များစွာသော အကြွေးများ ပတ်လည် ဝိုင်းနေသော်လည်း ကျွန်တော်တို့ ပိုင်ဆိုင်သည့် တစ်စုံ တစ်ရာကို ထုခွဲ ရောင်းချဖို့ နောက်နေတက် ကြပြန်တယ်။
ဒီလို အဆင်မပြေသည့် အခြေအနေမှာ ကျွန်တော်တို့သည် အတင်းဆွဲယူ ထားလျှင် အားလုံး ဒုက္ခများလာ နိုင်ပါတယ်။ လမ်းခွဲချင်သည့် ချစ်သူဆိုလျှင် နောက်ဆုံး လမ်းခွဲပေးလိုက် တာက ပိုပြီး အဆင်ပြေပါတယ်။ ( တစ်ခါတစ်လေ ကျွန်တော်တို့သည် ကျွန်တော်တို့၏ ချစ်ခြင်းကြောင့် တစ်ခြားသူ စိတ်အနှောက်အယှတ် ဖြစ်နေမှာကို မတွေး မိကြပါဘူး )
သူမှ မချစ်နိုင်သော အခါ လမ်းခွဲလိုက်တာက ကျွန်တော်တို့အတွက် အကောင်းဆုံး အဖြေဖြစ်လာမှာပါ။ ချစ်သူတွေ မဖြစ်နိုင်ခဲ့လျှင် သူငယ်ချင်းတွေရော မဖြစ်နိုင်ဘူးလား။ ဆိုးတိုင်ပင် ကောင်းတိုင်ပင်သည့် သူငယ်ချင်းတွေ ဆိုလျှင် ပိုမကောင်း ဘူးလား။
တစ်ချို့ အရာတွေက လက်လွှတ်လိုက်တာ ပိုကောင်းပါတယ်။ တင်းလွန်းစွာ ဆွဲထားလျှင် နှစ်ဦး နှစ်ဖက် ဒါဏ်ရာအနာများ ရလာနိုင်ပါတယ်။ လွှတ်သင့်သည့် ကိစ္စများကို လက်လွှတ်ပေးလိုက်ပါ။
ဟုတ်ပါတယ် ကျွန်တော်တို့သည့် ကိုယ်အပေါ် ကောင်းမလာနိုင်သည့် ကိစ္စများကို လွှတ်ချလိုက်ဖို့ မမေ့စေချင်ပါဘူး။ အားလုံး ဝန်ထုပ်ဝန်ပိုးများ လွှချနိုင်ပြီး ဘဝကို ကောင်းမွန်စွာ ကျော်လွှားနိုင်ကြပါစေ။