မင်္ဂလာပါ။ ယခုတလောကတော့ မြန်မာကိုကို ၏ ကြေညာမှု ကောင်းသောကြောင့် Post တိုင်းတွင် Pizza များ မစားရဝခမန်း ရောက်လို့ နေပါတော့သည်။ ကိုယ်တိုင်မစားရသော်လည်း pizza token ရနေသည် ဆိုတော့ Pizza ပို့နေရသည်ကလည်း တမျိုးတော့ ပျော်စရာကောင်းနေပါသည်။
မည်သို့ပင်ဆိုစေ မိမိတို့ အနေဖြင့် 1 pizza စုမိလျင် မြန်မာငွေ ၂၀၀ ကျပ်ခန့်စုမိနေသသည်ကိုတော့ သတိပြုစေချင်ပါသည်။ Facebook တွင် like လုပ်မည်လား ..? hive တွင် Pizza လိုက်ပို့မည်လား ရွေးချယ်စရာဖြစ်လို့လာနေပါပြီ။
တခု ဝမ်းနည်း စရာ ကောင်းသည်မှာ မြန်မာပြည်တွင် Cryptocurrency ရေပန်းစားသည်မှာ BTC/ ETH နှင့် အခြား သော Cryptocurrency အမြှင့် coin / token များသာ ဖြစ်ပါလိမ့်မည်။ ထို့ကြောင့်သာ ကြေညာကောင်းသော / Referral လွယ်သော Airdrop token များသို့သာ လူအများ လိုက်ကြသည်မှာ ဝမ်းနည်းစရာတော့ မရှိပါ။
အမှန်ဆိုရလျင် Steemit သည် လည်းကောင်း Hive သည် လည်းကောင်း မိမိ၏ ကြိုးစားအားထုတ်မှု တစုံတရာ အပေါ် မှုတည်၍ Rewards ရသည်ဖြစ်ရာ Cryptocurrency လောကတွင် Hive platform မှ ရသော Coin / token သည် သမာအာဇီဝကျသည်ဟု ဆိုချင်ပါသည်။
စာရေး၍ ပိုက်ဆံရှာသော ဤ Cryptocurrency လောကတွင် ကျွန်တော့ အနေဖြင့် Steemit တခုတည်း ဖြင့် လုံလောက် သော အတွေ့အကြုံကိုရခဲ့ပြီး ဖြစ်ပါသည်။ Cryptocurrency သည် မြန်မာပြည်အတွက် အမျိုးအစား ၂ ခုရှိပါသည်။ Cryptocurrency ကို လုံးဝလေ့လာ၍ မိမိ ဘဝအတွက် စီမံကိန်း ဆွဲသူနှင့် ရေလိုက်ငါးလိုက် ... Cryptocurrency ရှာဖွေနေသူတို့အား တွေ့နိုင်ပါသည်။
မြန်မာပြည်တွင် Cryptocurrency နှင့် ပတ်သက်၍ ဂျင်းထည့်ရန် ကြိုးစားခဲ့ သူတို့ နှင့် Hive platform တွင် ရှင်သန်နေကြသော မိတ်ဆွေတို့၏ အခြေအနေအား သိရှိစေချင်ပါသည်။Steemit အား သိမှီလိုက်သူတို့သည် နားလည် ပါလိမ့်မည်။
လက်ရှိ အချိန်တွင် Hive platform သည်လည်း ယခင် Steemit platform အတိုင်းသာ ဖြစ်ပါသည်။ Cryptocurrency သည် လှည့်စား တတ်သည့် သဘောတရား ဖြစ်ပါသည်။ Hive မည်သည့် အချိန် အောင်မြင်လာမည်ကို ကျွန်တော်မသိပါ။ သို့သော် Hive သည် လည်း အခြား Cryptocurrency များ အောင်မြင်လာသည်နှင့် နည်းတူ အောင်မြင်လာမည်ဟု မျှော်လင့်ရပါသည်။
ကျွန်တော့ အနေဖြင့် ပြောရလျင် Cryptocurrency သည် ပျောက်ကွယ်သွားဖွယ်ရာ မရှိတော့ပါ။ မိမိနှင့် သင့်လျော်သော Cryptocurrency အား ရှာဖွေစုဆောင်းရခြင်းသာလျင် မိမိ တို့ အတွက် ရည်မှန်းချက် သဖွယ် ဖြစ်ပါလိမ့်မည်။
မြန်မာပြည်တွင် Cryptocurrency စုသူတို့ များစွာရှိပါလိမ့်မည်။ သို့သော် Hive platform တွင်ကာ ရယ်စရာကောင်းနေပါလိမ့်မည်။ မြန်မာပြည်၏ ရှေ့ရေး မည်သို့ ရှိသည်မသိသေးပါ။ ယခု အချိန်တွင် BTC မစုနိုင်လျင်တောင် Pizza ကော်မန့် လိုက်ပိုခြင်းက Cryptocurrency အတွက် ပို၍သေချာနေပါသည်ဟု အကြံပြုလိုပါသည်။ မိတ်ဆွေတို့ အားလုံး၍ Cryptocurrency ဖြင့် အဆင်ပြေပါမည့် အကြောင်း ဆု တောင်းလိုက်ရပါသည်။
Henry Aung ( Kachin )
14/08/2021 - Saturday - 19;45 Pm