မင်္ဂလာပါ။ BTC ကတော့ သူ့ပုံစံအတိုင်း တအိအိ အတက်ပြကာ အကျတွင်တော့ ခုန်ဆင်း ပြနေပါတော့သည်။ တက်လိုက် ကျလိုက်ဖြင့် ဈေးခေါ်နေပါတော့သည်။ ကျွန်တော့ အတွက်တော့ ငြေးကြည့်နေရုံသာ တတ်နိုင်ပါသည်။ အဘယ့် ကြောင့် ဆိုသော် ကျွန်တော် BTC အားသိသော အချိန်တွင် BTC ဈေးမှာ USD $ 3000 အထက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပါသည်။
ကျွန်တော့ အနေဖြင့်လည်း BTC ဝယ်စုထား ဈေးတက်လာလျင် ရောင်းစား ဟူသော တသီးစား အား သဘောမကျ၍ BTC စုထားခဲ့ခြင်း မရှိပါ။ Coin / token ဖြစ်သော Cryptocurrency လည်း စုရင်း တဖြည်း ဖြည်း ပွားများလာသော တနည်းအားဖြင့် အစွယ်အပွားများအား ခူးစားရသော နှစ်သီးစား စနစ်အားပို၍ သဘောကျသော ကြောင့် Hive ကဲ့သို့သော Token များအား ကြိုးစားစုနေရခြင်း ဖြစ်ပါသည်။
BTC ဈေးကျခြင်း နှင့် အတူ Hive / Leo အစရှိသော token များလည်း လိုက်ပါကျဆင်းသွားခဲ့ပြီ ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်မှ အစပြုခဲ့သော Cryptocurrency လမ်းကြောင်းသည် ကျွန်တော့ အား တနည်းမဟုတ် တနည်းဖြင့် အကျိုးပြုခဲ့သည်သာ ဖြစ်ပါသည်။ ၂၀၁၇ -၂၀၁၈ တွင် Steem က SBD ဖြင့် အကျိုးပြုခဲ့သလို ၂၀၁၈-၂၀၁၉ တွင် Hunt token က အတာ်လေး အကျိူးကျေးဇူးများခဲ့ပါသည်။
၂၀၁၉-၂၀၂၀ တွင် Hive သို့ အကူး Steem အား ထုတ်စားခွင့် ရခဲ့သလို အနည်းငယ်မျှ သော Blurt သည်လည်း Leo token စုနိုင်ရန် အခွင့်အရေး ပေးခဲ့ပါသည်။ ၂၀၂၀ ကတော့ မကြာမှီ ကုန်ဆုံးသွားတော့မည် ဖြစ်ပါသည်။ ထို့အတူ သက်တမ်းနု သေးသော Hive platform သည်လည်း ၂၀၂၁ တွင် ၁ နှစ်သား ပြည့်တော့မည် ဖြစ်ပါသည်။ ၂၀၂၁ အတွက် မည်သို့သော အခွင့်အရေးများ ရှိသေးသည်ကို တော့ မသိသေးပါ။
သို့သော် Leofinance က အတော်လေး ရေပန်းစားနေသောကြောင့် Leo ဖြင့် အခြေအနေကောင်းနိုင်မည်ဟု မျှော်လင့်မိပါသည်။ ကျွန်တော့ အနေဖြင့် Cryptocurrency များစွာ ပိုင်ဆိုင်ထားခြင်း မရှိသောကြောင့် Cryptocurrency ဖြင့် ချမ်းသာရန်မှာ ထီပေါက်ရန် အိမ်မက်မက်နေသကဲ့သို့သာ ဖြစ်ပါသည်။
သို့သော် Cryptocurrency ဖြင့် မချမ်းသာ သော်လည်း ကျွန်တော်လိုအပ်နေသော အချိန်တွင် Cryptocurrency ကများစွားအကျိုးပြုခဲ့ပါသည်။ နည်းသည်နှင့်များသည်သာ ကွာပါသည်။ ကျွန်တော့ စာစုပေါင်းများစွာတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်သည့် အတိုင်း ယခင်ကကျွန်တော့ အနေဖြင့် on line ငွေရှာ ခြင်းအား အယုံအကြည် မရှိခဲ့ပါ။
သို့သော် Blockchain ပေါ်သို့ ရောက်ရှိခဲ့ပြီးနောက် on line မှ ကျွန်တော်ထုတ်ယူခဲ့သော အကျိုးအမြတ်များအား တွက်ကြည့် သောအခါ အံ့ဩ စရာပင်ကောင်းနေပါတော့သည်။ ထိတွေ့ကိုင်တွယ်၍ မရ ၊ တကယ်မရှိသော ၊ ကွန်ပြူတာ ၊ စမတ်ဖုန်းများ တွင်သာ မြင်တွေ့နိုင်သော ကိန်းဂဏန်းများအား ငွေကြေးအဖြစ် ထုတ်ယူသုံးစွဲ သည်ဟု ဆိုလျင် အခြားသူများအတွက်တော့ ရူးနေသည်ဟုသာ ဆိုကြမည် ဖြစ်ပါသည်။
ရူးသည်ပဲ ဆိုဆို နှမ်းသည်ပဲဆိုဆို ကျွန်တော် အပါအဝင် မိတ်ဆွေတို့ လက်တွေ့ ကြုံနေကြရသည် ၊ ထိုငွေကြေးအား ကိုင်တွယ်သုံးစွဲခဲ့ဘူးကြပြီ ဖြစ်ပါသည်။ တကယ်လည်း အကျိုးရှိ တန်ဖိုးရှိနေသော ကြောင့် အသာငမ်းငမ်း ရှာဖွေနေကြရပြီ ဖြစ်ပါသည်။ သိသူတို့သိကြသလို မသိသူများကလည်း ကျော်သွားနေကြပါသည်။
တခါတရံ စိတ်ကူးထဲတွင် ငါ BTC ဘယ်လောက်ပိုင်လျင် ကောင်းလေစွ ဟူသည်ထက် ငါ့တွင်ရှိသော Hive token များ ဘယ်ဈေးဖြစ်လာလျင် ဘာလုပ်မည် ဟု စိတ်ကူးဖြင့် လေထဲ တိုက်ဆောက်နေရသည်က ပျော်စရာ တမျိုးဟု ထင်ပါသည်။ ထီထိုးသည်က တလမှ တကြိမ် မျှော်လင့်နိုင်ပါသည်။ Cryptocurrency ပိုင်ဆိုင်ထားသည်က တနေ့တခြား တိုးပွားလာနေသော အခြေအနေအားကြည့်ကာ တမျိုး ပျော်ရွှင်ရသလို စိတ်ကူးယျဉ်၍ လည်း ကောင်းပါသည်။
ထို့ကြောင့် စိတ်ကူးဖြင့် ရူးသည်ပဲဆိုဆို ၊ အရည်မရ အဖတ်မရ လုပ်နေသည်ပဲ ဆိုဆို ကျွန်တော့ အနေနှင့်တော့ Cryptocurrency Wallet အား တနေ့မကြည့်ရမနေနိုင်အောင် ဖြစ်နေရပြီ ဖြစ်ပါသည်။ Cryptocurrency သည် ကျွန်တော့ အတွက် ယခင်က ရွှေဥ တနေ့တလုံး ဥ ပေးခဲ့ပါသည်။
အခြေအနေအမျိုးမျိုးကြောင့် ရွှေဥ မှ ငွေ ဥ ဥသော ဘဝသို့ ပြာင်းသွားခဲ့သလို ယခု အချိန်တွင်တော့ ရိုးရိုး ဥသာ ဥပေးနိုင်ပါတော့သည်။ ကျွန်တော့ အတွက်တော့ ဘာဥ ပင် ဥဥ အကျိုးမယုတ်သည်သာ ဖြစ်၍ ရသမျှသော ဥ များအား စုဆောင်းနေပါတော့သည်။
အမှန်ဆိုရလျင် ၂၀၁၆ မှ ရူးခဲ့သော Cryptocurrency အရူးရောဂါသည် ၂၀၂၀ နှစ်ကုန်သည့်တိုင် မပျောက်သွားသေးပါ။ နေမြင့်လေ အရူးရင့်လေ ဆိုသကဲ့သို့ ကျွန်တော်သည်လည် Cryptocurrency နှင့်ပတ်သက်၍ ကြာလေရူးလေသာ ဖြစ်နေပါတော့သည်။ သို့သော် စိတ်ပျက်သွားခြင်းတော့မရှိပါ။ ဤကဲ့သို့သော ရူးခြင်း မျိုးအား လိုလိုလားလား နှစ်နှစ်ခြိုက်ခြိုက်ပင် ရူးနေအုံးမည် ဖြစ်ပါသည်။
Henry Aung ( Kachin )
28/11/2020- Saturday - 10:25 hrs