မင်္ဂလာပါ။ ယနေ့ Cryptocurrency ကတော့ တအိအိဖြင့် ပြန်လည် တက်လာသည်မှာ BTC ဈေး $34550 ဝန်းကျင်သို့ ရောက်နေခဲ့ပြီဖြစ်ပါသည်။ BTC / ETH / BNB ဈေးများအား ကြည့်ရသည်မှာ Cryptocurrency လောကတွင် ကျင်လည်နေကြသူများ အဖို့ ခွန်အား တခွက် သို့မဟုတ် စိတ်ပျက် ဆေး တခွက် ဖြစ်လို့နေလာပါတော့သည်။
အဘယ့်ကြောင့် ဆိုသော် Cryptocurrency အား အဓိက ကစားကြသူတို့မှာ ဝယ်စု သို့ မဟုတ် ဝယ်ရောင်း ပြုလုပ်ကြသူများပါသည်။ ကျွန်တော်တို့ ကဲ့သို့သော သူများကတော့ အခြားတလိုင်းဟု ဆိုရမည်သာ။ အဘယ်ကြောင့် ဆိုသော် ဝယ်လည်း မစုနိုင် ၊ ဝယ်ရောင်းလည်း မလုပ်နိုင် ၊ Free ကြောများသာ လိုက်ရှာ၍ စုနေသောကြောင့် ဖြစ်ပါသည်။
အခြားတနည်းဖြင့် ပြောရလျင် Cryptocurrency ငတ်ကြီးကျသူများ ဟူ၍လည်း ယူဆ၍ ရနိုင်ပါသည်။ မိမိ အိတ်ထဲမှ တပြားမှ စိုက်ထုတ်စရာ မလိုပဲ မည်သည့်နေရာမှ Cryptocurrency များ အလကားရနိုင်မည် ကိုသာ တစိုက်မတ်မတ် ကြိုးစားလုပ်ဆောင် နေသူများ ဖြစ်သောကြောင့် Free Cryptocurrency ချစ်သူများဟူ၍ လည်း ခေါ်ဆိုလိုက ခေါ်နိုင်ကြပါသည်။
Cryptocurrency လောကတွင် Cryptocurrency အများအပြား ပိုင်ဆိုင်ထားသူများအား ဝေလငါး ဖြင့် နှိုင်းယျဉ်ကြသလို အတန့်အတင့် ပိုင်ဆိုင်ထားသူများက ငါးကြီး ၊ ငါးလတ် ၊ ငါးသေး ၊ ငါးဖျင်းသလက် ၊ ငါးမှုန်မွှား စသည်ဖြင့် ခေါ်ဝေါ်ကြပါသည်။
ကျွန်တော်တ်ု့ကဲ့သို့သော ဟိုမရောက်ဒီမရောက်များကတော့ ငါးသားပေါက် မဖြစ်တောင် ငါးသလဲထိုး လောက်တော့ ရှိမည်ဟုထင်ပါသည်။ ရှိစေတော့ Cryptocurrency အားဆေး အကြောင်း ဆက်ကြပါအုံးစို့။
ဆိုခဲ့ပြီး ဖြစ်သည့် အတိုင်း Cryptocurrency အများအပြားပိုင်ဆိုင်ထားသူတို့သည် ထို Cryptocurrency များ ဈေးတက်လာသည့် အလျောက် သူဌေးသူကြွယ်များ အဖြစ် လူမသိသူမသိ ဖြစ်သွားကြပါသည်။
ထို Cryptocurrency ဈေးတက်လာသည့် အလျောက် မိမိ ပိုင်ဆိုင်ထားသော Cryptocurrency များအား ချရောင်းရန် မလိုပဲ De-Fi များအတွင်းသို့ ဝင်ရောက်ရင်းနှီးလိုက်ကြခြင်းဖြင့် ငါးကြင်းဆီဖြင့် ငါးကြင်ကြော်ကြပါလေတော့သည်။ ဤသည်က Cryptocurrency ကိုင်ထားသူများ၏ အားဆေးဖြစ်ပါသည်။
အချို့သူများက ထိုသို့မဟုတ် BTC / ETH များ ဝယ်စုထားသည် ။ မိမိ အမြတ်ရလာသည်နှင့် ထုတ်ရောင်းလိုက်သည်။ ထို့နောက် အမြတ်ငွေကိုင်ကာ ဟို Token ဝယ်စုရနိုးနိုး ၊ ဒီ Coin ဝယ်ထားလျင် မှားမည်လား စသည်ဖြင့် တကြောင့်ကြကြ နေကြရသူများ အတွက်တော့ Cryptocurrency သည် စိတ်ပျက်အားလျော့ဖွယ်ရာသာဖြစ်ပါသည်။
မိမိရောင်းထုတ်လိုက်သည့် Token ကတအိအိတက်သွား ၊ ထပ်ဝယ်ရမည်ကလည်း ဈေးကြီးမိမှာကြောက် ။ အများအား ဖြင့် DOGE ကဲ့သို့ ပိုက်ဘောမိမှာကလည်း ကြောက်ရသေးသည်။ ထိုသူများအတွက်ကတော့ Cryptocurrency ဈေးတက်လေ / ဈေးကျလေ မိမိရောဂါကြီးလေ သာ ဖြစ်မည် ဖြစ်ပါသည်။
ကျွန်တော်တို့ကဲ့သို့သော Free Cryptocurrency ချစ်သူများကတော့ ကိစ္စမရှိပါ။ ETH အား $4 တွင် သိခဲ့ရသလို BNB အားလည်း အစပိုင်း တွင် မှီခဲ့ပါသည်။ Bitfinix တွင် ဈေးကွက်ဖွင့်သော EOS ( Ethereum Killer ) အားလည်း သိမှီခဲ့သလို ထို Coin / token များ၏ အစောပိုင်းကာလ ချိုမြိန်ဖွယ်ကောင်းသော ကာလများအား လည်း ဖြတ်သန်းခဲ့ဘူးပါသည်။
ကျွန်တော်သိခဲ့သော သူများတွင် EOS ကို အရူးအမူး စုခဲ့သူများ ရှိခဲ့သလို Kucoin အား လစဉ် SGD 1000 $ ဖိုးဝယ်စု သော အမျိုးသမီးအားလည်း တွေ့ဘူးပါသည်။ BTC ကတော့ ထည့်မပြောတော့ပါ။ ကျွန်တော်တို့ Steemit တွင် ခေတ်ကောင်းနေစဉ်အခါက မလေးရှားမှ မိတ်ဆွေတဦးက THORChain ( RUNE) အား ဝယ်စုရန် ကျွန်တော့အား တိုက်တွန်းခဲ့ပါသည်။
ထိုအချိန်က THOR မှာ ဈေးကွက်တွင်ပင် မရောက်သေး ICO ဈေး 0.05 $ ခန့်သာရှိနေသေးသော အချိန် ဖြစ်ပါသည်။ မလေးရှားမှ ထိုမိတ်ဆွေကတော့ ယခုအချိန်တွင် ဒူးနန့်နေလောက်ပြီ ဖြစ်ပါသည်။ ရှိစေတော့ ကျွန်တော့အနေဖြင့် အခြားသူငှာများလို Coin / Token တခုအား အသေအလဲ စုခဲ့လျင် ယခုအချိန်တွင် ဘဝတစစ်ချိုး ပြောင်းလည်းကောင်း ပြောင်းလည်းနေမည် ဖြစ်ပါသည်။
သို့သော်လည်း ကျွန်တော့တွင် Steemit တွင် လည်းကောင်း Hive တွင် လည်းကောင်း မိတ်ဆွေတို့နှင့် ကြုံဆုံတွေ့ရ၍ မိတ်ဆွေဖွဲ့ခွင့်ရရန် အကြောင်းတိုက်ဆိုင် လာသောကြောင့် ယခုကဲ့သို့ Hive Platform တွင် စာမရေးရ မနေနိုင် ဖြစ်နေခြင်း ဖြစ်ဟန်တူပါသည်။
မည်သို့ပင် ဆိုစေ Hive အနေဖြင့် USD 1000$ ဖြစ်သွားလျင်လည်း မိတ်ဆွေတို့နှင့် အတူ ရှိနေမည် ဖြစ်သလို့ ယနေ့ ပေါက်ဈေး Hive 0.30$ တွင်လည်း မိတ်ဆွေများ နှင့်ကျေကျေနပ်နပ်ကြီး အတူတူရှိနေပါသေးသည်။
Hive သည် ပြောင်းလည်းသွားမည်လာ မပြောင်းလည်းပဲ ရှိနေမည်လား ကျွန်တော်မသိနိုင်ပါ။ သို့သော် ကျွန်တော်ကတော့ မိတ်ဆွေတို့နှင့် အတူ ရှိနေပါလိမ့်မည်။ Cryptocurrency Free ရနိုင်သရွေ့တော့ Blockchain ပေါ်တွင် Henry Aung အားတွေ့နိုင်ပါလိမ့်မည်။
Henry Aung ( Kachin )
25/07/2021 - Sunday - 16;06 Pm