မင်္ဂလာပါ။ ကျွန်တော့အနေဖြင့် Hive platform ပေါ်တွင် မြန်မာစာ ဖြင့်ရေးသားနေသော community တခုအဖြစ်တည်တည်တံ့တံ့ ရပ်တည်နိုင်စေရန် စဉ်းစား၍ Hive-Myanmar Community page ကို ဖွင့်ခဲ့ခြင်း ဖြစ်ပါသည်။ ဤ တွင် ကျွန်တော့ အနေဖြင့် အနည်းငယ် ရှင်းပြရန် လိုလာပါသည်။
ကျွန်တော်တို့ Myanmar community တွင် @hive-Myanmar ဟူသော ကိုယ်ပိုင် blog တခု ရှိပြီးသား ဖြစ်ပါသည်။ ယခင် Steem-Myanmar အကောင့် မှ Hive power များ transfer လုပ်၍ မပြီးသေးသောကြောင့်အသက်မဝင်သေးခြင်း ဖြစ်ပါသည်။
Steem-Myanmar အကောင့်မှ SP နှင့် HP အားလုံး ရောက်ရှိသွားလျင် ယခင်ကဲ့သို့ နေ့စဉ် မိမိ post link ချခြင်း ဖြင့် @hive-Myanmar အကောင့်ထံမှ upvote ရယူကြမည် ဖြစ်ပါသည်။ ယခု ကျွန်တော်ထပ်မံဖွင့်လိုက်သော HIVE-MYANMAR community ဟူသည်မှာ community page သာ ဖြစ်၍ မိမိတို့ post များအား ထို community page မှ တင်ခြင်းဖြင့် မြန်မာစာ ရေးသားထားသော post များအားလုံးအား တနေရာတည်းစုစည်းမြင်စေမည် ဖြစ်ပါသည်။. created/hive-122133 @hive-Myanmar blog သည် အပြာနုရောင် logo နှင့် ဖြစ်၍ Hive -Myanmar community သည် အစိမ်းရောင် logo နှင့် ဖြစ်ပါသည်။
ဤ တွင်အနည်းငယ်ရှင်းပြလိုသည်မှာ မိမိအနေဖြင့် Community page မှ ဆောင်းပါးရေးတင်သော်လည်း ရရှိလာသော reward မှာ မိမိ wallet အတွင်းသို့သာ ရောက်ရှိလာမည် ဖြစ်ပါသည်။ community page အနေဖြင့် post များ တနေရာတည်း စုစည်းနေစေခြင်းသာ ဖြစ်ပါသည်။
ကျွန်တော့ အနေဖြင့် တခုပန်ကြားလိုသည်မှာ Hive-Myanmar community page အား Subscribe လုပ်လိုက လုပ်ထားနိုင်ပါသည်။ သို့သော် Hive Platform ပေါ်သို့ မြန်မာစာဖြင့်ရေးသား၍ post တင်နေသူတို့အားသာ members အဖြစ်လက်ခံလိုပါသည်။ဆိုလိုသည်မှာ အဖွဲ့ဝင် ၁၀၀ ရှိသော်လည်း နေ့စဉ် post တခုမျှ မတက်လျင် အဓိပ္ပါယ်မရှိသလို အဖွဲ့ဝင် ၅ ယောက်ဖြင့် နေ့စဉ် post ၅ ခု တက်နေခြင်းက community အတွက် ပို၍ ထိရောက်သည်ဟုထင်ပါသည်။
ယခု အချိန်ကဲ့သို့ အားလပ်ချိန်ရသော အခါတွင် ပို၍ ထိရောက်လိမ့်မည်ဟုထင်ပါသည်။ ကျွန်တော့ အနေဖြင့် တခုဝန်ခံလိုသည်မှာ Hive-Myanmar community page အား မဖြစ်မနေ subscribe လုပ်ရမည်ဟု ဆိုလိုခြင်း မရှိပါ။ သို့သော် Hive-Myanmar community page မှ post တင်လိုလျင် သတ်မှတ်ထားသော စည်းကမ်း များအား လိုက်နာရန်သာ အထူးတိုက်တွန်းလိုပါသည်။
Henry Aung ( Kachin )