မင်္ဂလာပါ။ ဤယနေ့ကာ ကျွနုပ်အနေဖြင့် Hive Myanmar ကျေးရွာသို့ အလည်သွားသော နေ့ဖြစ်၏။ Hive Myanmar ကျေးရွာ ကာ တည်းဆောက်ထားသည် မှာ မကြာသေးရကာ လူဦရေ အများကြီးတော့ မရှိသေးပါ။ သို့သော်လည် Hive Myanmar ကျေးရွာ၏ ထူးခြား ချက်မှာ ရွာသူ ရွာသားတိုင်းတွင် သူ့ဂုဏ်ပုဒ် နှင့်သူ ရှိနေခြင်း ဖြစ်၏။
ရွာအတွင်း သို့ဝင်လိုက်သည်နှင့် ကြီးမားသော အိမ်ကြီးတဆောင်အား တွေ့ရ၏။ ရွာလူကြီး ကိုရွှေဘို ခေါ် ၏ အိမ်ဖြစ်၏။ သို့သော် ကိုရွှေဘိုအားတော့ မတွေ့ရပါ။ ကိုရွှေဘို အနေဖြင့် ရပ်ရွာကိစ္စများအား သားဖြစ်သူ
ဖြင့်လွဲထားကာ သူကတော့ တောထဲသို့သွားကာ သိုင်းလေ့ကျင့်နေခြင်း ဖြစ်၏။
အမှန်တော့ ကိုရွှေဘိုမှာ တခေတ်တခါ က အလွန်ကျော်ကြားသော ဂွေးမြင်ကုန်း ကျေးရွာမှ သိုင်းဆရာ အား တိတ်သခိုး အားကျနေသူ ဖြစ်၏။
မှာ Splinterland ရေခဲတောင် ကြာပွင့်စား ကာ သိုင်းလောက၏ ထိပ်သီး တယောက် ဖြစ်လာခြင်း ဖြစ်၏။
ယခုတော့ ကာ ဂွေးမြင်ကုန်းရွာတွင် ခမ်းနားသော နန်းတော် တဆောင် ဆောက်လုပ်နေထိုင်ရင်း သူ၏ သိုင်းပညာများ ပို့ချပေးနေပြီ ဖြစ်ပါသည်။
နည်းသူ Splinterland ရေခဲတောင်ကြာပွင့် စားထားသူ နောက်တယောက်ရှိသေ၏။
ဖြစ်ပါသည်။
သူကတော့ သိုင်းဆရာ မဟုတ်သော်လည်း Splinterland ကြောင့် အတွင်းအား အလွန် ကောင်းလာသဖြင့် ဓာတ်ဆရာ လုပ်နေသူဖြစ်၏။ ဓာတ်ဆရာ ဆိုသည့် အတိုင်း ဆေးလာကုသူများအား ဓာတ်လိုက်စေသော နည်းဖြင့် ကုသပေးနေသူဖြစ်၏။
ဓာတ်လိုက်ကုသခြင်းကြောင့် ရောဂါ ပျောက်သွားသူများလည်း ရှိ၏။ အချို့ကြတော့လည်း ရောဂါ အပျောက်လွန်ကာ အသက်ပါ ပျောက်သွားကြ၏။ ဤသို့ဖြင့် အိမ်မှ လွန်သော် လမ်းဘေးတွင် မုန့်ရောင်း နေသော
အား တွေ့ရ၏။
ကာ သာမန် မုန့်သည်မဟုတ်ပါ။ ထူးဆန်းသော မုန့်များ ပြုလုပ်ခြင်း ဖြင့် နာမည် ကြီးနေသူဖြစ်၏။ ဥပမာ ပြရလျင် ပေါင်မုန့် ငပိရည်ဆမ်း / ဒိန်ချဉ်ကြက်သား ဆန်ပြုတ် / ရှမ်းခေါက်ဆွဲကြွပ်ကြွပ်ကြော် စသည်တို့မှာ သူ၏ နာမည် ကြီးသော မီနူးများ ဖြစ်၏။
ကာ ခွေးကလေးများအား အလွန်ချစ်တတ်သူလည်း ဖြစ်၏။ သူအသစ်ထွင်ထားသော မုန့်များအား မည်သူမျှ ဝယ်မစားလျင် ခွေးကလေးများအား ချကျွေးလိုက်သည်သာ ဖြစ်၏။ မုန့်အသစ်တမျိုးလုပ်လိုက် ခွေးကလေးများအား ချကျွေးလိုက်ဖြင့် အဆင်ပြေနေသူဖြစ်၏။
သို့သော် ၏ မုန့်များအတွက် အတွက်ပူစရာတော့မရှိပါ။ သူ့ သူငယ်ချင်း ဖြစ်သူ သီလရှင် လူထွက်
က ဈေးလာရောင်းကူသော ကြောင့် ဖြစ်၏။
ကာ နာမည် ကြီး နိုင်ငံတကာ သီလရှင် ကျောင်းမှ Covid 19 ကြောင့် လူဝတ်လည်း လာသူဖြစ်၏။
နိုင်ငံခြား ဘာသာစကား အတော်များများ ပြောတ်သည့် အပြင် သိမ်မွေ့သော အမူအရာဖြင့် ပြောဆိုဆက်ဆံ တတ်သောကြောင့် သူဈေးရောင်းလျင် အကုန် ဝယ်စားသွားရသည်သာဖြစ်၏။
ဈေးရောင်းနည်းကာ... နိုင်ငံခြားသားများတွေ့လျင် ပေါင်မုန့် ငပိရည် ဆမ်းအား ပေါင်မုန့်အား အနည်းငယ် ငံသော မြန်မာ mayonnaise ဆမ်းပေးထားသည် ဟုပြောရောင်း၏။ အထူးအဆန်း စားချင်သူတို့က ဝယ်စားကြ၏။
ဝိတ်ချနေသူများ အတွက် အတော့ ဒိန်ချဉ်ကြက်သားဆန်ပြုတ် ရောင်းပေး၏။ ဤ ဆန်ပြုတ်စားပြီးလျင် အနည်းဆုံး ၃ ရက်ခန့် ဆက်တိုက် ဝမ်းသွားသောကြောင့် အနည်းဆုံး ၅ ပေါင် ခန့် ဝိတ်ကျသွားမည်မှာ အသေအချာဖြစ်၏။ ဤသို့ ညာဏ်ကြီးသော ဖြစ်၏။
သီလရှင် လူထွက်သွားသည့်တိုင် သူ့အကောင့် နာမည်အား ( အရှင် ) ဟု ကဗျာဆန်ဆန် ပေးထား၏။ အရှင် ဆန္ဒိမာလာ လော သို့မဟုတ် အရှင် ခေမာသီရိလော တခုခု ဖြစ်ပါလိမ့်မည်။
တို့ မုန့်ဆိုင်မှ လွန်သော် ရွာခံလူမိုက်
တို့ အိမ်အား တွေ့ရ၏။ သို့သော် ရွာခံ လူမိုက် @ htwegyi အားတော့ မတွေ့ရပါ။ ရွာမြောက်ပိုင်းမှ အရက်ပုန်းချက်သူ ကို
ဆိုင်သို့ ရောက်နေခြင်း ဖြစ်တန်ရာ။
အား တရွာလုံး ခလေး အစ ခွေးအဆုံး အလွန်ကြောက်ကြ၏။ တအီအီ ငိုနေသော ခလေးအား မအေဖြစ်သူက " နင်အဲဒီမှာ ငိုနေ.. ဟိုမှာ နင့်ပထွေး
လာပြီဟု " ခြောက်လိုက်လျင် ငိုနေသော ခလေးမှာ ဟုတ်ခနဲ့ အငိုတိတ်ကာ တံခါးချောင် သို့ပြေးကပ်၏။ ဤ မျှ မိုက်ဂုဏ်ကြီး သော
ဖြစ်၏။
မကြောက်၍ ကလည်း မဖြစ် ကာ သူမနိုင်ဘူးဟု ထင်လျင် သူ့အစ်ကို စနေသားအား ခေါ်လာတတ်သောကြောင့် ဖြစ်၏။ တရွာလုံးတွင်
အား မကြောက်သူဟူ၍ Hive Myanmar ကျေးရွာ၏ ကျေးရတတ်
တယောက်သာရှိ၏။
ကာ တဖက်ကလည်း Wave money အေးဂျင့်လုပ်ရင်း တဖက်ကလည်း ငွေတိုးချေးနေသူဖြစ်၏။
ကာ ငွေတိုးပေးနေသော်လည်း အလွန်ရက်ရောသူ ဖြစ်၏။ အခြားသူငှာများ ခေတ်မကောင်းသောကြောင့် ၁၀၀ လျင် တဆယ်တိုး ပေးနေချိန်တွင်
ကာ တဆယ်လျင် ၁၀၀ တိုးဖြင့် ငွေတိုးချေးပေး၏။ဤမျှ ရက်ရော သော
ဖြစ်၏။
ရက်ရောသလောက် စိတ်ကြီးသော ဖြစ်၏။ အခါတပါး၌ ရွာခံလူမိုက်
ကာ
ထံမှ နေ့ပြန်တိုး ပြန်မဆပ်နိုင်သောကြောင့် HP 300 အား
ထံတွင် အပေါင်ထားလိုက်ရ၏။
ဤသည်ကို ကလည်း အရက်ဖိုးမရှိသဖြင့်
မသိအောင် တိတ်တခိုး Undelegate လုပ်လိုက်၏။ ဤကဲ့သို့ Undelegate လုပ်လိုက်ကြောင်း
သိသွားသော အခါ ထဘီ စွန်တောင်စွဲ၍ မြန်မာ့မီးရထားမှ မီးရထား တစီးအား ကိုယ်တိုင် တက်မောင်းကာ
အား လိုက်တိုက်၏။
အပြေးသန်၍သာ တော်သေး၏။ ဤမျှ စိတ်ကြီးသော
ဖြစ်၏။
၏ အိမ်မှ တပြခန့် သွားလိုက်သောအခါ တိုင်းရင်းဆေးဆရာ
တို့အိမ်ရောက်၏။ တိုင်းရင်းဆေးဆရာကြီး
ကာယခုတလော မသေဆေး တွေ့ထားသည်ဟု နာမည် ကြီးနေသူဖြစ်၏။
Hive Myanmar တွင် သူတင်ထားသော Post များ ဖတ်ကြည့်လျင် " ကျွနုပ်ယနေ့ မသေသေးပါ / ကျွနုပ် မနက်ဖြန်လည်း မသေးပါ / ကျွနုပ် တဘက်ခါလည်း မသေနိုင် / ကျွနုပ် ဘယ်တောမှ သေတော့မည်မဟုတ် " အစရှိသော Post များ ဖတ်ရခြင်း အားဖြင့် သိရှိနိုင်၏။ မသေဆေး လိုချင်သူတို့ ထံသို့ ဆက်သွယ်ကြပါကုန်။
ယနေ့တော့ ဤမျှသာ ခရီးရောက်လိုက်၏။ နှောင် အလျဉ်သင့်လျင် ဆရာမစောနန်းဝေ၏ တပည့် နှင့် စက္ကူမှော် အောင်သူ
ခေါ် ယွန်းသီရိတို့ မှော်စွမ်းအား ပြိုင်ကြသည့် အကြောင်း /
မှ
၏ ဟော်နန်းမှ မှော်ဓါးကြီးအား စွန့်စွန့်စားစား ခိုးယူသည့် အကြောင်း / ဤသို့ ခိုးယူနိုင်ရန်လည်း အခါပေးဆရာကြီး
က အခါပေးသည့် အကြောင်း များ အကျယ်တဝင့် ရေးသားတင်ပြပေးပါမည်။
PS. မိတ်ဆွေတို့ အားလုံး ပြုံးနိုင်ရန် အလို့ငှာ မိမိတို့ အကောင့်အမည်များအား အသုံးပြု၍ အပျော်သဘောဖြင့် သရော်စာ ရေးသားထားခြင်းသာ ဖြစ်ပါသည်။ အကယ်၍ တစုံတယောက်မှ မိမိအကောင့်အား ဤသို့ သရော်စာ ရေးသာသည်ကို သဘောမကျပါ ဟု ဆိုလာလျင် ဤ Post အား ပြန်ဖျက်ပေးပါမည်။
Henry Aung ( Kachin )
17/12/2021 - Friday - 18;55 Pm