မင်္ဂလာပါ။ ယနေ့တော့ Hive Myanmar အဖွဲ့သားများ တောင်းဆိုမှုကြောင်း လည်းကောင်း ကလည်း သူ၏ Trade Mark ဖြစ်သော မုန့်စီမ်းပေါင်း ရေညှိအစာသွပ် မုန့် အား
မှ Promotion လုပ်သည့်ပွဲ တက်ရောက်ပေးပါရန် ဖတ်ကြားသည့် အတွက်ကြောင့် လည်းကောင်း Hive Myanmar ကျေးရွာသို့ ရောက်ရန် အကြောင်းဖန်လာပြန်၏။
က ကျွန်တော်လာလျင် တောင်ကြီးလက်သုပ် ဖြင့် ဧည့်ခံမည် ဟုလည်းပြောထား၏။ ယခင်ကတော့
၏ အိမ် အထိရောက်ပြီး ဖြစ်ရာ ယခုတကြိမ်တော့ ရွာမြောက်ပိုင်းမှ ပတ်ဝင်ခဲ့၏။ အခြားကြောင့် မဟုတ်ပါ။ အရက်ပုန်းချက်သူ ကို
၏ အရက်ပုန်းဆိုင်အား လေ့လာလိုသော ကြောင့် ဖြစ်၏။
ရောက်ပါလေပြီ အရက်ပုန်းဆိုင်။ အမှန်တော့ ကာ ချက်အရက် တမျိုးတည်းသာ ချက်၏။ သို့သော် သူ့ဆိုင်တွင် နိုင်ငံခြား အရက်မျိုးစုံရသည်ဟု ရေးထား၏။ ကျွနုပ်လည်း စိတ်ဝင်စားသောကြောင့် ဝီစကီ နှစ်ပက်မှာသောက်၏။
ကလည်း ချက်အရက် ၂ ပက်လာချပေး၏။
ကျွန်တော်လည်း အံ့ဩသွားရကာ အား " ဝီစကီ ကလည်း ရေအတိုင်းပဲကော " ဟုစောဒက တက်မိ၏။ ကို
ကာ " ကိုဟင် ဝီစကီ ကဘာအရောင်လဲ ? " ဟုပြန်မေး၏။ ကျွန်တော်ကလည်းဝီစကီ ဆိုသည်မှာ အဝါရောင်လဲ့လဲ့ ဖြစ်၍ ပယင်းရောင်ဟု ဆိုလျင်လည်း ရကြောင်း ပြန်ရှင်းပြ၏။
ကလည်း ထလာက ကျွန်တော့ ချက်အရက် ဖန်ခွက်ထဲသို့ နနွင်းမှုန့် အနည်းငယ်ဖြူးပေး၏။ ထို့နောက် ချက်အရက်ခွက်အား လက်ညှိုးဖြင့်မွှေကာ " ရပြီ ကိုဟင်သောက်ချင်တဲ့ ဝီစကီ " ဟူလို။ တော်ပါသေး၏။ ဘီယာမှာမသောက် မိလို့။ ဘီယာဆိုတာ အမြုပ်လေးနဲ့မှ ဆိုလိုက်လျင်ဖြင့် ချက်အရက်ခွက်ထဲ ဆပ်ပြာမှုန့်ထည့်ကာမွှေပေးလိုက်လျင် ဒုက္ခ။
၏ အရက်ပုန်းဆိုင်ကာ ဤသို့သော ဆိုင်ဖြစ်၏။
ကျွနုပ်လည်း ၏ နနွင်းဝီစကီသောက်ကာ ရွာအတွင်းသို့ ဝင်လာခဲ့၏။ ရွာလယ် လမ်းမကြီးသို့ရောက်သောအခါ ရန်ပွဲတပွဲတွေ့ရ၏။ အဘယ်သို့သော ရန်ပွဲနည်း။ ရှု့လော မိတ်ဆွေ Hive Myanmar ၏ ကျေးရတတ်
ကာ ရွာလူကြီး ( အုပ်ကြီး )
ခေါ်ကိုရွှေဘိုအား ရန်တွေ့နေခြင်း ဖြစ်၏။
ကာမည်မျှ ဒေါသဖြစ်နေသည်မသိ ဘယ်ဘက် လက်ဖဝါးအား ညာဘက် လက်ဖမိုးဖြင့် တဖြန်းဖြန်းရိုက်ကာ ရန်တွေ့နေ၏။
ကာ အုပ်ကြီးများအား နာနတ်သီးကျွေးနေချိန် ဖြစ်သောကြောင့် တောတောင်ထဲ သွားပုန်းနေရချိန် မိန်းမအား သတိရသောကြောင့် ရွာသို့ ခိုးပြန်လာချိန်
နှင့် ပက်ပင်းတိုးကာ ရန်တွေ့ခံနေရခြင်း ဖြစ်၏။
အကြောင်းအရင်းအား စုံစမ်းသော် အိမ်မှ နဖာကလော် တချောင်း ပျောက်သွား၍ ဖြစ်၏။ အုပ်ချုပ်ရေးမှုး ဖြစ်သူ
အနေဖြင့် ရွာတွင် သူခိုးရှိသည်အား မသိရကောင်းသလော ဟူ၍ ရန်တွေ့နေခြင်း ဖြစ်၏။
ကလည်း နဖာကလော် အသစ်တချောင်း ပြန်ဝယ်ပေးမည်ဟု လေပြေထိုး၏။ ဤသို့ လေပြေထိုးကာမှ
ကာ ပိုဒေါသထွက်လာ၏။
ကာ သူ့နဖာကလော်အား အင်္ဂလန် ဘုရင်မ အဲလီဇဘက်၏ စိန်ဆံထိုး နှင့်ပင် မလဲနိုင်ကြောင်း မိမိ နဖာကလော် အဟောင်းအားသာ ပြန်လိုချင်ကြောင်း ထဘီအား လက်နှစ်ဖက်ဖြင့် ဒူးဆစ်ခန့် အထိမတင်ကာ နှုတ်ခမ်းတလန် ပန်းတလန် နှင့် ပြန်ရန်တွေ့၏။
( ရေးသာရေးရ၏ ။ နှုတ်ခမ်းတလန်အား နားလည်သော်လည်း ပန်းတလန်ကာ ဘာမှန်းမသိ။ နားလည်သူတို့ ရှင်းပြကြပါကုန်)
ကလည်း ပျောက်သွားသော နဖာကလော်အား ရအောင်ရှာပေးပါမည်ဟု မျက်နှာငယ်လေးဖြင့် ကတိပေးမှ ကိစ္စပြီးရတော့၏။ ထိုအခါမှ
ကလည်း ကျွန်တော့အားပြောသလို ညည်းသလိုဖြင့် " ဒီလိုပဲကိုဟင်ရေ.... တရက်တရက် ရပ်ရွာကိစ္စဖြေရှင်းနေရတာနဲ့ Hive Platform မှာ စာရေးဖို့တောင် အချိန်မရဘူး" ဟူ၍ သူအပျင်းကြီးကာ စာမရေးနိုင်သည်အား ရောင်တော်ပြန်နှင့် ရောလွှတ်လေတော့၏။
တကယ်တော့ ကာ စည်းစနစ်ကြီးသူဖြစ်၏။ သူ၏ ပျောက်သွားသော နဖာကလော်မှာ သူ့မီးဖိုချောင် မှ မရှိမဖြစ် ပစ္စည်း ဖြစ်၏။
မှာ စည်းစနစ်ကြီးသော ကြောင့် ဟင်းတခါချက် လျင် ဆီအား နဖာကလော် ၃ ဇွန်းသာ ထည့်ချက်သူဖြစ်၏။
တခါသား ၏ တူမလေးများက လက်ဖက်သုပ် စားရာတွင် လက်ဖက်သုပ်ထဲသို့ ဆီ နဖာကလော် ၅ ဇွန်း ထည့်လိုက်ကြောင်း
သိသွားသောအခါ ချက်ချင်း သွေးတက်ပြီး အိပ်ရာထဲ လဲလေတော့၏။
တူမလေးများက ဆုံဆီ ၅ ပိသာ ပြန်ဝယ်ပေးတော့မှ အနေဖြင့် ထူထူထောင်ထောင် ပြန်ဖြစ်လာ၏။ ဤမျှ စည်းစနစ်ကြီးသော ကြောင့်လည်း ရွာ၏ ကျေးရတတ် ဖြစ်လာခြင်း ဖြစ်တန်ရာ။ Hive Myanmar အဖွဲ့သားတို့ အတုယူကြပါကုန်။
ဤသို့ဖြင့် ရွာလယ် လမ်းမကြီး အတိုင်း တောင်ဘက်သို့ ဆင်းလာသော် ဆေးမှော် အောင်ထားသူ ၏ အိမ်သို့ ရောက်လေတော့၏။
ကာ နယ်နယ်ရရ ပညာရှင်မဟုတ်ပါ။ တခေတ်တခါက အလွန်နာမည်ကြီးသော ထဘီခြုံလိုက်လျင် လဒ ဖြစ်သည်ဟူသော မှော်ဆရာမ စောနန်းဝေ၏ တပည့်ဖြစ်၏။
ဆရာမ စောနန်းဝေထံမှ မှော်ပညာ နှင့်အတူ တမာရွက်ပြုတ်နံ့ သင်းနေသော ထဘီ တထည် အမွေ ဆက်ခံရလိုက်၏။ သို့သော်လည်း နှစ်ကြာညောင်း လာသောအခါ မှော် အစွမ်းလည်း လျော့သွား၍ထင်။ အဆိုပါ ထဘီခြုံလိုက်လျင် လဒ ဖြစ်မသွားပဲ စာကလေး သာ ဖြစ်သွားသော ကြောင့် ဖြစ်၏။
ဤမျှလောက်သော မှော်အစွမ်းဖြင့် စက္ကူမှော်အောင်သူ ယွန်းသီရိအား မနိုင် မှန်း
သိ၏။ ထို့ကြောင့် အခါပေးဆရာ ကြီး
ထံသို့သွားကာ အကြံ အညဏ်တောင်း၏။
ကာ ဂြိုလ်သွားဂြိုလ်လာ နက္ခတာရာ များအား ကြည့်လိုက်သော အခါ ယခုအချိန်သည် ပလူတိုဂြိုလ် / စေတန် ဂြိုလ် / နပ်ပကျွန်း ဂြိုလ် အစရှိသော ဂြိုလ် ကြီးကိုးလုံးကာ တတန်း တည်း ဖြစ်နေသော အချိန်အခါ ဖြစ်ကြောင်း ။ ဤသို့ ဂြိုလ် ကိုးလုံး တန်းသည်နှင့် အလင်းတန်း တခုထွက်လာကြောင်း ။
ထို အလင်းတန်းကြီးသည် တိုက်ဆိုင်စွာ မြန်မာပြည် တောင်ကြီး မြို့ပေါ်သို့ တည့်မှတ်စွာ ကျရောက်နေကြောင်း။ ထိုထက်ပို၍ တိုက်ဆိုင်နေသည်မှာ ထိုအလင်းတန်းကြီးသည် တောင်ကြီးမြို့ပေါ်ရှိ ၏ နေအိမ်တည့်တည့်ပေါ် သို့ကျရောက်လျက်ရှိကြောင်း သိရ၏။
အနေဖြင့် အဘယ့်ကြောင့် ဤရွေ့ဤမျှ တိတိကျကျ သိနေရသနည်းဆိုသော် ဂြိုလ်သွား ဂြိုလ်လာ များ အလင်းတန်းများအား သူ၏ Special Formula ဖြစ်သော Golden Ratio ဖြင့် တွက်ချက်လိုက်သော ကြောင့် ဖြစ်၏။ ဤကဲ့သို့ ဂြိုလ်များ တတန်းတည်း ဖြစ်ပြီး အလင်းတန်းထွက်ရန်မှာ နှစ် တသိန်းလျင် တကြိမ် မဖြစ်နိုင်ဟုလည်း ဆို၏ ။
ဤ ကဲ့သို့ အလင်းတန်းကျသော နေရာ တွင် ကြယ် / လ နက္ခတ် စုံချိန် ၌ မှော်ဆေးထိုးလျင် လုံးဝ ပြိုင်စံရှား ဆေးမှော် အောင်သည် ဟုလည်း အား အခါပေးလိုက်၏။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် ပင်လျင် ဤကဲ့သို့သော အခွင့်အရေး မရနိုင်ဟူ၍ လည်း သတိပေးလိုက်၏။
ကလည်း
အား ညဏ်ပူဇော်ခ Hive 500 ပေးကာ အိမ်သို့ ပြန်ပြေးလေ၏။ အလင်းတန်း မပျောက်ခင် မှော်ဆေး ထိုးရအုံးမည် မဟုတ်လော။ ဤ သို့ အိမ်အပြေးပြန်လာပြီးနောက်
အနေဖြင့် မိမိ၏ ရင်ဘတ်တွင် " ဆေးပြင်းသည် " ဟူသော မှော်စာတန်းအား စုတ်ထိုးရန် ပြင်ဆင်၏။
ထို့နောက် စုတ်စထိုးပါလေပြီ။ ကာ ဆေးမှော်စွမ်အား သာလိုချင် သော်လည်း အသား အနာခံနိုင်သူမဟုတ်။ " ဆေး " ဟူသော စာလုံး တလုံး ထိုးပြီးချိန်တွင်ပင် အတော်လေး နာနေပြီ ဖြစ်၏။ အနာသက်သာ စေရန် တက်ကီလာ တခွက် ကစ်လိုက်သေး၏။
ထို့နောက် ပြင်း ဟူသော စာလုံးအား စုတ်ထိုးရာတွင် ပစောက် ရရစ်ဖြင့် ပြင်းလျင် တဝိုက်ကြီး ထိုးရမည် ဖြစ်သည့် အပြင် အသားလည်း ပိုနာမည် ဖြစ်သောကြောင့် "အသံတူရင်ကိစ္စမရှိပါဘူးကွာ" ဟု မိမိကိုယ်ကို မလိမ့်တပတ်လုပ်ကာ ပစောက် ယပင့်ဖြင့် ပျင်းလိုက်လေတော့၏။
ဤ သို့ဖြင့် အလင်းတန်း ပျောက်သွားသော် ၏ ရင်ဘတ်တွင် " ဆေးပြင်းသှ် " ဟူသော စာတန်းအစား " ဆေးပျင်းသှ် " ဟူသော စာတန်းထွက်ပေါ်လာ၏။ "သှ် " မှာ "သည်" ဟူသော စာလုံး၏ အတိုကောက်ဖြစ်၏။
အလင်းတန်း တန်ခိုးကြောင့် ဆေးမှော်တော့ အောင်ပါ၏။ တခုသာ အပြစ်ပြောစရာရှိ၏။ ဆေးမှော် အောင်ပြီးနောက် ယခင်ကထက် ပို အပျင်းထူလာခြင်း ဖြစ်၏။ ထို့ကြောင့် ယခုတလော တင်သော Post များတွင် " ကျွန်တော်ပျင်းနေသည် / ကျွန်တော် ပျင်းပြန်ပြီ " ဟူသော အပျင်းထူသည့် post များ ခပ်စိပ်စိပ် တွေ့လာရခြင်း ဖြစ်၏။
ကျွန်တော်လည်း ၏ အိမ်မှ ထွက်လာသော အခါ
ဖိတ်ထားသော သူ၏ Trade Mark မုန့်စိမ်းပေါင်း ရေညှိအစာသွတ် မုန့် Promotion ပွဲကို သတိရလိုက်သောကြောင့် ရွာလယ်ရှိ
၏ မုန့်ဆိုင်သို့ မြန်းရလေတော့၏။
ကျွန်တော်ရောက်ချိန်တွင် ဧည့်သည် အတော်များများ ရောက်နေပြီ ဖြစ်၏။ ကာ ရောက်လာသမျှ ဧည့်ပရိတ်သတ်အား တောင်ကြီး လက်သုပ်ဖြင့် ကိုယ်တိုင်သုပ်ကျွေးကာ ဧည့်ခံ၏။ လက်သုပ်ဟု ခေါ်သော်လည် ခေါက်ဆွဲ ကြာဇံ အာလူး ဂေါ်ဖီ ပဲပြားကြော် စသည်စသည် အစုံပလုံအား လက်သုပ် သုပ်ကျွေးခြင်း ဖြစ်၏။
တခုသာ ပြောစရာရှိ၏။ အသုပ်တပွဲ သုပ်ပြီးတိုင်း လက်မဆေးပဲ သူ၏ လက်အား သူဝတ်ထားသော အင်္ကျီဘေးတွင် မသိမသာ သုတ်လိုက်၏။ ဆောင်းရာသီ ဖြစ်သောကြောင့် အလွန်အေးရကာ အသုပ်သုပ်ရင်း ထွက်လာသော နှာရည်များအားလည်း အသုပ်သုပ် နေသည့် လက်ဖမိုးဖြင့်သာ ကောက်သုတ်လိုက်၏။
ကျွန်တော့ အားလည်း အသုပ်တပွဲ ပြင်ပေး၏။ ကျွန်တော်လည်း လျှာရှည်ကာ "သမီး အသုပ်သုပ်ပြီးရင် ဘာလို့ လက်မဆေးတာလဲ " မေးမိ၏။
၏ အဖြေကာ " ဟာ ဆရာဟင်ကလည်း ဆောင်းရာသီ ဒီလောက်အေးတာ သမီးကဖြင့် လက်ဆေးတာမပြောနဲ့ ရေမချိုးတာတောင် ၂ လရှိပြီ " ဟူလို။
၏ လက်သုပ်ကာ အတော်စားကောင်း၏။ စားနေရင်းလည်း "တောင်ကြီးလက်သုပ် ဆိုတာ ဒါကိုး " ဟူ၍လည်း သဘောပေါက်လိုက်မိ၏။
ကာ Promotion ဖြင့် အလုပ်ရှုပ်နေ၏။ ဈေးဝယ်သူများအား သိမ်မွေ့သော အမူအယာ ချိုသာသော စကားများဖြင့် ရှင်းပြနေ၏။
တကယ်တော့ သီလရှင် လူထွက်လာခြင်းမှာ ဖေ့ဘုတ် တွင် " စမီးခရုလား စမီးတီကောင်လား " ဟူသော Post တင်ရင်း ဖေ့ဘုတ် ဆယ်လီ ဖြစ်ချင်သောကြောင့် လူထွက်လာခြင်း ဖြစ်၏။ သို့သော် ဖေ့ဘုတ် ဆယ်လီဟူသည်မှာ
တို့ကဲ့သို့ သိမ်မွေ့သော သူများအတွက် ဆယ်လီ ဖြစ်ရန် အလွန်ခက်၏။
ဖေ့ဘုတ် ဆယ်လီဆိုသူများမှာ အဆဲသန်သူများ / မိမိ အထုပ်အထည်များအား ဖွင့်ပြနိုင်သူများ / မမဆောင်း ကဲ့သို့ မြန်မာစကားအား မြန်မာလူမျိုးတို့ နားမလည်အောင် ပြောတတ်သူများသာ ဆယ်လီ ဖြစ်ကြခြင်း ဖြစ်၏။
အနေဖြင့် သီလရှင် လူထွက် ဖြစ်သော ကြောင့် မဆဲတတ်။
၏ ဘဝတွင် ရှားရှားပါးပါး တကြိမ်သာ ဆဲဘူး၏။ သီလရှင် လူထွက်လာကစတွင် ကောင်လေးများက ကတုံးမ ကတုံးမ ဖြင့် စနောက်ကြ၏။
ကလည်း ဒေါသဖြစ်လာက အော်ဆဲ လိုက်မိ၏။ စိတ်ထဲကတော့ ဆဲလိုက်သည်သာ ဖြစ်၏ ။ သို့သော် ပါးစပ်က ထွက်သွားသည်က " ဒါန ရှင်များရှင့် " ဟူလို။ ဤသို့ သိမ်မွေ့သော
ဖြစ်၏။
သီလရှင် လူထွက်ဆိုတော့ အထုတ်အထည် ဖွင့်ပြရန်လည်း စိတ်မဝင်စား မြန်မာစကားအားလည်း မမဆောင်းလို မပြောတတ်တော့ သူ့ခမျာ ဆယ်လီ မဖြစ်ရရှာပဲ ၏ မုန့်ဆိုင်တွင် Promotor လာလုပ်နေရခြင်း ဖြစ်၏။
၏ Trade Mark ဖြစ်သာ " မုန့်စိမ်းပေါင်း ရေညှိအစာသွတ်မုန့်" မှာ အလွန်အောင်မြင်၏။ ဤ မုန့်မှာ ဝိတ်ချနေသူများ စားချင်တာ စားပြီး ဝိတ်တက်လာမည်ကို ကြောက်နေသူများအတွက် အထူး ပြုလုပ်ထားသော မုန့်ဖြစ်၏။
အဘယ့်ကြောင့် ဤမျှ ကောင်းနေရသနည်း ဆိုသော် ဤ မုန့်စိမ်းပေါင်း ရေညှိ အစာသွတ် မုန့် တလုံး စားပြီးလျင် တလလောက် ခံတွင်းပျက်သွားကာ အစားအသောက်ဟူ၍ ဘာမျှ မစားချင် ဖြစ်သွားသောကြောင့် ဖြစ်၏။ ဤမျှလောက် ကောင်းမွန်သော ဝိတ်ချ အစားအစာ ဖြစ်၏။
အမှန်တော့ ဤမုန့်၏ လျို့ဝှက်ချက်မှာ ရေညှိ ဖြစ်၏။ မြန်မာ့ ရေညှိ အစစ်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။ အဘယ်မျှလောက် ရေညှိစစ်သနည်း ဆိုသော် ရေချိုးခန်း အိမ်သာ နံရံများ နှင့် ရေကန် အုတ်ဘောင်များမှ ရေညှိများအား စိတ်ရှည်လက်ရှည် ခွာယူထား သော ရေညှိများဖြစ်၏။ သူ့ထက် ရေညှိစစ်တာတောင် သူ့လောက် ရေညှိမစစ်ဘူ ဟူသော အတန်းစားဖြစ်၏။
ဟုတ်ကဲ့ ။ Hive Myanmar မှ ဝိတ်ချ ချင်နေသော ကိုကိုမမများ ဤမုန့်အား အော်ဒါမှာလိုလျင် ထံသို့ အော်ဒါပေးပို့နိုင်ပြီ ဖြစ်ကြောင်းလည်း သိရ၏။ Free Delivery စနစ်ဖြစ်၏။
PS..ကျွန်တော့အနေဖြင့် မိတ်ဆွေတို့၏ အကောင့်များအား ပျော်စရာအနေဖြင့် သရော်စာ ရေးသားရာတွင် အ ဂါရဝ ဖြစ်စေသော အရေးအသားများ ပါသွားလျင် အနူးအညွတ်တောင်းပန်ပါသည်။ မိတ်ဆွေတို့ သဘောမကျသော စာသားများအား ပြန်ဖြုတ်ပေးပါမည်။
Henry Aung ( Kachin )
19/12/2021 - Sunday - 18;43 Pm